This is default featured post 1 title

Go to Blogger edit html and find these sentences.

This is default featured post 2 title

Go to Blogger edit html and find these sentences.

This is default featured post 3 title

Go to Blogger edit html and find these sentences.

This is default featured post 4 title

Go to Blogger edit html and find these sentences.

This is default featured post 5 title

Go to Blogger edit html and find these sentences.

Saturday 21 January 2012

G-mail တစ်ခုမက ဖွင့်ထားရအောင်

ကျနော်တို့ G-mail account တွေကို တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးဖို့

လိုအပ်လာတဲ့အခါ Browser တစ်ခုချင်းစီမှာ လိုက်ဖွင့်ခဲ့ကြရပါတယ်။

ဥပမာ- Mozilla မှာ တစ်ခု၊ IE မှာတစ်ခု၊ Chrome မှာတစ်ခု .....အဲဒီလို။


အခုတော့ ...ကျနော်တို့တွေ Browser တစ်ခုတည်းမှာပဲ G-mail Account တွေကို

တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးလို့ရပါပြီ ။ ကျနော်တို့ G-mail Inbox setting

လေးကို နည်းနည်းပြင်လိုက်ရုံသာ..။

(၁) ပထမဆုံး ...ကျနော်တို့ရဲ့ ပုံမှန်သုံးနေကျ G-mail account ကို ဖွင့်ထားလိုက်ပါ။

     G-mail Inbox ထဲကို ရောက်ပါပြီ။

(၂)Inbox ရဲ့ညာဖက်အပေါ်ထောင့်က setting ကိုနှိပ်ပါ။



(၃)ပွင့်ကျလာတဲ့အထဲက Accounts and Import ကိုနှိပ်။

     ပြီးရင် Google account  setting ကိုနှိပ်။


(၄)ထပ်ပြီးပေါ်လာတဲ့အထဲက Personal setting ခေါင်းစဉ်အောက်မှာရှိတဲ့

      Multiple sign in ဆိုတဲ့နေရာက Edit ကိုနှိပ်ပါ။

(၅)ပွင့်ကျလာတဲ့အထဲက on use ဆိုတဲ့ radio button အ၀ိုင်းလေးကို နှိပ်ပါ။

    လေးထောင့်ကွက်များအားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင် save ကိုနှိပ်ပါ။

အဲဒီအဆင့်တွေပြီးသွားရင် ကျနော်တို့ရဲ့ သုံးနေကျ (မူလကဖွင့်ထားတဲ့မေးလ်) ကို retry

ပြန်နှိပ်ကြည့်လိုက်ပါ။(သို့) ကီးဘုတ်ပေါ်က F5 ကီးကိုနှိပ်ပေးပါ။ Loading

ပြီးအောင်စောင့်ကြည့်လိုက်တဲ့အခါမှာ မိမိရဲ့ G-mail Address ရဲ့ ဘေးမှာ

Down Arrow လေးတစ်ခုပါနေတာကိုတွေ့ရပါမယ်။

 အဲဒီနေရာလေးကိုနှိပ်ပြီး ဖွင့်ချလိုက်ရင် အောက်ကပုံမှာပြထားသလိုလေး

ပွင့်ကျလာပါလိမ့်မယ်။

ဒီတော့မှ အပေါ်ကပုံမှာ အ၀ါရောင်မြားနဲ့ပြထားတဲ့နေရာက sign in to another

account
ဆိုတာလေးကိုနှိပ်ပြီး နောက်ထပ် Account တွေကို လိုသလောက် Sign in

ဝင်ပြီးဖွင့်ထားလို့ရပါပြီ။

ကဲ ...အခု ကျနော်တို့တွေ Browser တစ်ခုတည်းမှာ Account

တွေကို တစ်ခုမက အပြိုင်ဖွင့်ထားလို့ရပါပြီ ။

ဘာရယ်တော့မဟုတ်ဘူးပေါ့ဗျာ ....သိထားတာလေးမျှဝေတဲ့သဘောပါပဲ။

အားလုံးအဆင်ပြေကြပါစေ

Saturday 14 January 2012

စိတ္တဇဆေးရုံ

နေရာ ---- စိတ္တဇဆေးရုံ


ဆေးရုံအုပ် .... "မနက်ြဖန်က အရေးကြီးတဲ့နေ့တစ်နေ့နော်။ ဘာလို့လဲ သိလား၊ နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား .... လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

နောက်တစ်နေ့ .....
နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက် ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်း ဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။

Sunday 8 January 2012

ကုန်ကျမှုအနည်းဆုံး မျက်နှာအသားအရေ ထိန်းနည်း

အသက် ၂၅ နှစ်နောက်ပိုင်းမှာ အရေပြားထိန်းသိမ်းမှုကို စတင်သင့်ပါပြီ။

မဟုတ်ရင်အရေးကြောင်းကို ပျောက် အောင်ပြုလုပ်ဖို့ ခက်ခဲတတ်ပါတယ်။

အခုဆိုရင်မျက်နှာအသားအရေအတွက် အပေါ်ယံအလှအပတင်မဟုတ်ဘဲ အရေပြားထိန်းသိမ်းမှု

(Skin Care) ကို လူတွေပိုမိုစိတ်ဝင်စားလာကြပါပြီ။

ဓာတု ပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့ SkinCare ပစ္စည်းတွေကို လူတွေလက်ခံမှု နည်းပါး ကြပါတယ်။

သဘာဝသစ်သီးတွေကို အခြေခံထုတ်လုပ်တဲ့ Skin Care ပစ္စည်းတွေ ပိုမိုအရောင်း သွက်လာပါတယ်။

သဘာဝသစ်သီးတွေနဲ့ သင့်အိမ်မှာပဲ အလွယ် တကူပြုလုပ်နိုင်ပြီး ကုန်ကျမှုအနည်း ဆုံးဖြစ်တဲ့

မျက်နှာအသားအရေ ထိန်းသိမ်းနည်းတစ်မျိုးကိုဖော်ပြပေးပါမယ်။

အိပ်ရာဝင်ခါနီးအချိန်ဟာအသင့်တော်ဆုံးပါ။

အလယ်အလတ်စားအရွယ် စတော်ဘယ်ရီသီးသုံးလုံးကို ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ခွက်တစ်ခု ထဲမှာရောချေပြီး ကြေသွားတဲ့အဖတ် တွေကိုမျက်နှာပေါ်မှာသုံးမိနစ်လောက်တင်ထားကာ ရေဆေးချလိုက်ပါ။

သခွားသီးနဲ့စတော်ဘယ်ရီသီး(မည်သည့်ဘယ်ရီသီးမဆို) တွေကိုပါးပါးလေးလှီးပြီးမျက်နှာပြင်အနှံ့ကပ်ထားပါ။

နှစ်မိနစ် လောက်ကပ်ထားပြီး မျက်နှာအနှံ့ကိုအသီးတွေနဲ့ နှိပ်နယ်ပေးပြီးရေဆေးချပါ။

တစ်ပတ်ကိုတစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ ကြည်လင်ပြီးအရေးကြောင်းကင်းစင်တဲ့မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

သွားပိုးစားခြင်းရောဂါအကြောင်းသိကောင်းစရာ

သွားပိုးစားခြင်းရောဂါကို လူတိုင်းခံစားဖူးကြမည်ထင်ပါသည်။သွားပိုးစားရန်အတွက် အကြောင်းအရာ (၄) ရပ်လိုအပ်ပါတယ်။

အဲဒါတွေကတော့ ပါးစပ်ထဲတွင်

(၁)သွားရှိရမည်။

(၂)စားကြွင်းစားကျန် ရှိရမည်။

(၃)ဘက်တီးရီးယားပိုး ရှိရမည်။


(၄)အချိန် တခု လိုအပ်ပါသည်။

အထက်ပါအကြောင်းရာ (၄)ရပ်ပေါင်းမှသာ သွားပိုးစားခြင်းဖြစ်သည်။ အဲဒီ အကြောင်းအရာ (၄)ရပ်ထဲမှ တစ်ခု မရှိလျှင် သွားပိုးစားခြင်းရောဂါ ဖြစ်ပွားမည် မဟုတ်ပါ။ သွားပိုးစားခြင်းသည် ချက်ချင်းဖြစ်ပွားသည့် ရောဂါမဟုတ်ပါ။

ပါစပ်ထဲမှာရှိတဲ့ သွားမှာကပ်နေတဲ့ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးယားပိုးတွေ ပေါင်းပြီး အက်စစ် တစ်မျိုး(latic acid) ထုတ်ပါတယ်။ အဲဒီအတွက် အချိန် မိနစ် ၉၀ ခန့် လိုအပ် ပါတယ်။ အဲဒီ အက်စစ်က သွားရဲ့ သစ်ရှူးတွေကို ပျက်စီးစေပြီး သွားပိုးစားစေတာဖြစ်ပါတယ်။

သွားမှာ ကြွေသွားလွှာ၊ ဆင်စွယ်နှစ်လွှာ၊ မွသွားလွှာဆိုပြီး အလွှာ(၃)လွှာရှိပါတယ်။ သွားရဲ့ ကြွေသွားလွှာကို ပိုးစားနေချိန်တွင် လူတွေက သိပ်ပြီးသတိ မထားမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာတာ ကျင်တာ ဘာမှမရှိလို့ပါ။ ဒါပေမယ့်

သွားရဲ့မျက်နှာပြင်မှာ အပေါက်ကလေးဖြစ်နေတတ်ပါတယ်။အစာခဏခဏ ညှပ်နေတတ်ပါတယ်။သွားရဲ့ ဆင်စွယ်နှစ်လွှာကို ပိုးစားမှသာ လူတွေသတိထားမိလာပါတယ်။ အဲဒီအချိန်မှာ ရေပူရေအေးသောက်လျှင် နာတာ၊ကျင်တာတွေဖြစ်လာလို့ပါ။

အဲဒီအချိန်မှာ သွားဆရာဝန်ဆီသွားပြပြီးလိုအပ်တဲ့ ကုသမှုခံယူမယ်ဆိုရင်တော့ သွားတချောင်းလုံးဆုံးရှုံးတာကို ကာကွယ်နိုင်တဲ့အပြင် နာတာကျင်တာတွေလဲ ပျောက်ကင်းသွားနိုင်ပါတယ်။အဲဒီလိုမဟုတ်ပဲ ဆင်စွယ်နှစ်လွှာကနေတဆင့် မွှသွားလွှာကို ရောက်ရှိသွားပြီဆိုလျှင်တော့ သွားကိုက်တာဟာ မခံမရပ် နိုင် အောင်နာလာမယ်။ အစာဝင်လျှင်မခံရပ်နိုင်အောင်နာနေမယ်။တချို့ဆိုလျှင် အမြစ်ထိပ်မှာ ပြည်တည်နာဖြစ်မယ်။မျက်နှာတခြမ်းယောင်လာမယ်။အဲဒီအချိန်မှ သွားဆရာဝန်

ဆီ သွားပြမယ်ဆိုလျှင် သွားအကြောထုတ်ကုသတာနဲ့ သွားနှုတ်တာ တစ်ခုခုပဲ လုပ်လို့ရတော့မယ်။မိမိရဲ့သွားဆုံးရှုံးဖို့ တော်တော်လေး များသွား ပြီ ဖြစ်ပါတယ်။

သွားပိုးစားရောဂါကိုမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား ၊ ကာကွယ်ဖို့ ကာကွယ်ဆေးရှိလား၊ ဘယ်လိုကာကွယ်ရမလဲလို့ တချို့က မေးကြပါတယ်။ သွားပိုးစားရောဂါကို ကြိုတင်ပြီးကာကွယ်လို့ရပါတယ်။ကာကွယ်ဆေးကတော့ အခုချိန်

ထိတော့ မရှိသေးပါဘူး။ဘယ်လိုကာကွယ်ရမလဲဆိုရင်တော့ ကျွန်တော် အထက်ကပြောခဲ့တဲ့ သွားပိုးစားခြင်းဖြစ်ရန်အကြောင်း(၄)ရပ်ထဲက တစ်ခုခုမရှိရင် သွားပိုးမစားဘူးဆိုတာပါပဲ။အဲဒီ(၄)ခုလုံးတွဲမနေအောင် ကာကွယ်ရပါမယ်။ အရိုးရှင်းဆုံးနည်း

ကတော့ ခံတွင်းကို သန့်ရှင်အောင်ထားရပါမယ်။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေသွားမှာကပ်မနေအောင် သွားတိုက်ရပါမယ်။

သွားတိုက်လျှင် လိုက်နာရမယ့် စည်းကမ်း တွေ ရှိပါတယ်။အဲဒါတွေကတော့

(၁) နူးညံ့တဲ့အမျှင်တွေပါတဲ့သွားတိုက်တံနှင့် ဖလိုရိုက်(ဖ်) ပါသောသွားတိုက်ဆေးကိုသုံးပြီး လျှာအပါအ၀င် သွားရဲ့မျက်နှာပြင်အားလုံးကို တိုက်ရပါမယ်။

(၂) သွားဖုံးကနေ ၄၅ဒီဂရီ စောင်းပြီး သွားရဲ့အမြစ်ဘက်ကနေ ကြိတ်ဝါးတဲ့ဘက် ကိုဦးတည်ပြီး အထက်အောက်ဆွဲချရပါမယ်။

(၃)မနက်စာစားပြီးချိန်နနဲ့ ညအိပ်ယာမ၀င်ခင် အနည်းဆုံး တနေ့နှစ်ကြိမ် သွားတိုက်ရပါမယ်။(ဖြစ်နိုင်ရင် နေ့လည်စာစားပြီးချိန်တွင်လည်း သွားတိုက်သင့်ပါတယ်)


(၄) သွားတိုက်ချိန်အနည်းဆုံး ၂မိနစ်ခန့် အချိန်ယူပြီးတိုက်ရပါမယ်။

(၅)သွားတစ်ချောင်နှင့်တစ်ချောင်းကြားသန့်ရှင်းရေးအတွက် Dental floss (သို့)

သွားကြားထိုးတံ အသုံးပြုပြီးသန့်ရှင်းရပါမယ်။

အဲဒါတွေကတော့ စနစ်မှန် သွားသန့်ရှင်းရေး လုပ်နည်းတွေဖြစ်ပါသည်။

အဲဒါတွေအပြင် ခံတွင်းသန့်ရှင်းရေးအတွက် အာလုတ်ကျင်းဆေးရည်တွေကို လဲအသုံးပြုနိုင်ပါတယ်။ ဥမမာ။ ။ Listerine mouthwash, Chlorhexidine mouthwash, Betadine mouthwash.

ချိုပြီးစီးကပ်တဲ့ အစားအစာတွေကိုရှောင်သင့်ပါတယ်။အရည်ရွှမ်းတဲ့အသီအနှံ၊အ မျှင်ဓာတ်ပါတဲ့ အစားအစာတွေကိုစားသုံးသင့်ပါတယ်။

အစားအစာစားပြီးတိုင်း အာလုတ်ကျင်းရပါမည်။အဲဒါတွေကို လိုက်နာမယ်ဆိုရင် သွားပိုးစားခြင်းရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။



` အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ ’
Moe Watan

အသက်ရှည်ရှည်နေရအောင်



အသက် ၁၀၀ကျော် မနေချင်ကြသော်လည်း စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့  လိုရင်းတိုရှင်းအချက်လေးများ
(၁) စောစောအိပ်ရာထပါ။
(၂) အလွန်အကျူး မစားပါနှင့်။ ခန္ဓာကိုယ်ကို ၀န်ပိစေပါတယ်။
(၃) စိတ်မရွှင်မပျ ဖြစ်ရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ဖြစ်ဖြစ်သွားကြည့်လိုက်ပါ။
(၄) အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။
(၅) မိမိပတ်ဝန်းကျင်မှာ ပြောင်းလဲနေတာကို လက်ခံပါ။ လိုက်လျောစွာ နေတတ်ပါ။
(၆) ပင်စင်ယူတော့မယ်ဆိုရင် မိမိဝါသနာပါ ထက်သန်တဲ့ အလုပ်တစ်ခုရှိပါစေ။
(၇) မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊ ပိုပြီးကျန်းမာလေပါ။
(၈) ဆေးဝါးကို နည်းနိုင်သမျှ နည်းနည်းသာ မှီဝဲပါ။
(၉) နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောက ဖြစ်မနေပါနဲ့။
(၁၀) အစားအသောက်ကို တိုးစားလိုက်၊ လျော့စားလိုက် မလုပ်ပါနဲ့။
(၁၁) ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။
(၁၂) နှစ်သက် သဘောကျတဲ့ ၀ါသနာတစ်ခု ရှိနေရင် စိတ်တက်ကြွ ရှင်သန်နေပါမယ်။
(၁၃) သကြား၊ အချိုများတဲ့ အစားအသောက် ရှောင်ပါ။
(၁၄) အဆီအဆိမ့်များတဲ့ အစားအသောက် ရှောင်ပါ။
(၁၅) ထုတ်ပိုးပြုပြင်ထားသောအစားများ ရှောင်ပါ။
(၁၆) သစ်သီး၊ ဟင်းသီးဟင်းရွက် အစိမ်းများများ စားပါ။
(၁၇) ရေတွေ၊ အရည်တွေ များများသောက်ပါ။
(၁၈) တစ်နေ့ ငှက်ပျောသီးတစ်လုံး စားဖြစ်အောင်စားပါ။ (ငှက်ပျောသီးက ပန်းသီးထက်
ခန္ဓာကိုယ်အတွက် ပိုကောင်းပါတယ်)
(၁၉) တတ်နိုင်သမျှ အသားစားတာ လျော့ပါ။
(၂၀) မိမိရင်ထဲခံစားရတဲ့ ဝေဒနာတွေကို အရင်းနှီးဆုံး လူတွေထံ ရင်ဖွင့်ပါ။
(၂၁) မိမိအချစ်ဆုံးသူကို အနည်းဆုံး တစ်နေ့တစ်ခါ “ချစ်တယ်” လို့ ဖွင့်ပြောပါ။
(အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ဆင်ခြင်ကင်းမဲ့သော ကမ္ဘာကြီးတွင် ချစ်မေတ္တာထားခြင်းသည်
စိတ်ဖိစီးမှုကို သက်သာစေပါတယ်)
(၂၂) တစ်ပတ် အနည်းဆုံး (၃)ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း
(လမ်းလျှောက်၊ ရေကူး) လုပ်ပေးပါ။
(၂၃) တစ်ပတ်မှာ နေ့တစ်ဝက်လောက် မိမိစိတ်ချမ်းသာတာကို လုပ်လိုက်ပါ။
(၂၄) ဘ၀ကို ပျော်ရွှင်စရာ စွန့်စားခန်းတစ်ခုလို သဘောထား ခံစားပါ။
(၂၅) အဆိုးဆုံးကို ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ (အဆိုးဆုံးကို သိရှိလက်ခံလိုက်တာနဲ့
ကြောက်ရွံ့တုန်လှုပ်စိတ်တွေအတော်များများပျောက်ကွယ်သွားတာ အံ့သြဖွယ် တွေ့ရမှာပါ)
(၂၆) ဘ၀ကို အလဟသ မဖြုန်းတီးပဲ မိမိ လုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
(၂၇) တယ်လီဖုန်းတွေက မိမိတို့ဘ၀ကို လွှမ်းမိုးခြယ်လှယ်နေတာ ခွင့်မပြုပါနဲ့။
(၂၈) မိမိစိတ်ကြိုက် ရေးချင်ရာရေးနိုင်ဖို့ နေ့စဉ်မှတ်တမ်းစာအုပ်ထားပါ။
(၂၉) စိတ်ထိခိုက်ဝမ်းနည်း ဒေါသဖြစ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု
တစ်ခုခု ပြုလုပ်ခြင်းဖြင့် စိတ်ဖြေဖျောက်ပါ။
(၃၀) ကြိုက်တဲ့ ရုပ်ရှင်ကြည့်နေလို့၊ ချစ်သူ၊ မိတ်ဆွေတွေနဲ့ ညစာထွက်စားနေလို့
တစ်ခါတစ်ရံ အိပ်ရာဝင်နောက်ကျတာ ကျပါစေ။
(၃၁) နေအိမ်မှာ အလင်းရောင် အားကောင်းတဲ့ မီးလုံးမီးချောင်း ရှိပါစေ။
(၃၂) ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းလျော့သောက်ပါ။
(၃၃) မိမိကိုယ်ကို မိမိနှစ်သက်သလို ၀တ်စားဆင်ယင်ပါ။
(၃၄) ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပ်ပေးပါ။
(၃၅) ငြီးငွေ့မှု ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
(၃၆) T.V အစီအစဉ်ကို ရွေးကြည့်ပါ။ အကြာကြီး မကြည့်ပါနဲ့။
(၃၇) မိမိရဲ့စွမ်းအားကို လျော့မတွက်ပါနဲ့။
(၃၈) အများသုံး ရေချိုးခန်း၊ အိမ်သာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
(၃၉) မိမိခန္ဓာကိုယ်က အချက်ပေးတာ နားထောင်လိုက်နာပါ။ (ဆရာဝန်ကိုသာ
အားကိုးပုံအပ်ခြင်း မပြုပါနဲ့)
(၄၀) လေကောင်းလေသန့် များများရှူပေးပါ။


*** ပျော်ရွှင်ရေးအတွက်…
(၁) လက်ရှိ အချိန်ကာလကို ခံစားနေထိုင်တတ်ပါ။
(၂) လှိုက်လှိုက်လှဲလှဲ ရယ်မောပါ။
(၃) မအိပ်ခင် စာကောင်းကောင်းလေးတွေ ဖတ်ပြီး အိပ်ရာဝင်ပါ။
(၄) ဂီတ နားဆင်ပါ။
(၅) စိတ်ရော ကိုယ်ပါ ကစဥ့်ကလျား မဖြစ်ပါစေနဲ့။
(၆) မလိုတာတွေ မလုပ်၊ မပြော၊ လက်မခံပဲ ငြင်းတတ်ပါစေ။
(၇) စိတ်ညစ်စရာ ပြဿနာတွေကို ဖြေရှင်းဖို့ စာရင်းလုပ်လိုက်ပါ။
(၈) တစ်ချိန်မှာ တစ်မျိုးပဲ အာရုံစိုက်ပါ။
(၉) လေကောင်းလေသန့်ရှူပါ။ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပါ။
(၁၀) မိမိချစ်သော ခွေးကလေးနှင့် လမ်းလျှောက်ထွက်ပါ။ (တိရိစ္ဆာန်လေးများကို
ကြင်နာတတ်ပါစေ)
(၁၁) ဘာသတင်းကိုမှ နားမစွင့်တဲ့နေ့ ရှိပါစေ။
(၁၂) လင်းလင်းရှင်းရှင်း၊သန့်သန့်ေ မွှးမွှေး နေတတ်ပါ။
(၁၃) လုပ်ငန်းခွင်ကို ခေတ္တမေ့ထားတဲ့အခါ ရှိပါစေ။
(၁၄) တိတ်ဆိတ် အေးငြိမ်းသော နေရာများသို့ သွားလည်ပါ။
(၁၅) လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပါ။ လုပ်အားပေးပါ။
(၁၆) တစ်ယောက်တည်း နေတတ်ပါစေ။
(၁၇) စိတ်ပါ လက်ပါ လမ်းလျှောက် လှုပ်ရှားမှုပြုပါ။
(၁၈) ရင်းနှီးချစ်ခင်သော ဆက်ဆံရေးသည် ရောင်ပြန်ဟပ်တတ်တာ နားလည်ပါ။
(၁၉) ဘာသာတရား ကိုင်းရှိုင်းပါ။
(၂၀) အကောင်းမြင် မေတ္တာထားတတ်ပါစေ။

FW mail ကရတာပါရှင်

ခြင်ဆေးခွေနှင့် ကျန်းမာရေးအန္တရာယ်




ခြင်ဆေး ခွေသည် အိမ်တိုင်း လိုလို တွင် သုံး ကြသော မရှိ မဖြစ် ပစ္စည်း တစ် ခု ဖြစ် နေ သည်။ ညနေ စောင်း လာ သည်နှင့် အမျှ ကို ရွှေခြင် တို့သည် သောင်းကျန်းကြ ရာ ရောဂါပိုးများ သယ်လာနိုင်သော ခြင် များအား နှိမ်နှင်းရန် ခြင်ဆေးခွေကို ဆောင်ထားကြရသည်။

ခြင်ဆေးခွေကိုတော့ အားလုံးသိကြ ပြီးဖြစ်သည်။

ခြင်ပြေးစေရန် အနံ့ကောင်း ကောင်းထွက်အောင် ပြုလုပ်ထားသော အရစ်ခွေသဏ္ဍာန် Pyrethrum ပါဝင် သော အခွေလေးများဖြစ်သည်။

ခြင်ဆေး ခွေထွန်းလျှင် အရစ်ခွေ၏ အပြင်ဘက် စွန်းမှ မီးညှိပြီးအလယ်မှ ဒေါက်တိုင်လေး ဖြင့် ထောင်ထားရသည်။

ခြင်ဆေးခွေမှ ခြင် ပြေး စေသော မီးခိုးများထွက်စေသည်။ ပုံမှန်ခြင်ဆေးခွေအဝိုင်းအဝန်းသည် အချင်း အားဖြင့် ၁၅ စင်တီမီတာမျှရှိပြီး၊ ရှစ်နာရီခန့်ကြာအောင် အသုံးပြုနိုင်သည်။

ခြင်ဆေးခွေကို အာရှ၊ အာဖရိကနှင့် တောင်အမေရိကတိုက်တို့တွင် ကျယ်ပြန့် စွာ အသုံးပြုကြသည်။

ခြင်ဆေးခွေ၏သမိုင်း

ခြင်ဆေးခွေတွင် ပါဝင်သော Pyrethrum ကို ပါရှန်းပြည်နှင့် ဥရောပတိုက်တို့ တွင် ရှေးရာစုနှစ်များစွာကတည်းက ပိုး မွှား သတ်ဆေးအဖြစ် အသုံးပြုခဲ့ကြပြီး၊ ခြင်ဆေးခွေကိုမူ ၁၈၉၀ နှစ်များအတွင်း က ဂျပန်စီးပွားရေးသမား အီချီယိုယူရီရှီး မားက တီထွင်ခဲ့သည်။

ထိုအချိန်က ဂျပန် လူမျိုးတို့သည် ခြင်ပြေးစေရန် အတွက် ခွက်တစ်ခွက်ထဲတွင် လွှစာမှုန့် များနှင့် Pyrethrum ကို ရောထည့်ပြီး မီးရှို့ကာ အသုံးပြုခဲ့ကြသည်။

ယူရီရှီးမား က ဆန်မှုန့်၊ လိမ္မော်ခွံခြောက်မှုန့်နှင့် Pyrethrum အမှုန့်တို့ကို ရောမွှေပြုလုပ်၍ ခြင်ဆေးတိုင်ကို ပြုလုပ်ခဲ့သည်။

၎င်းခြင် ဆေးတိုင်မှာ မိနစ် ၄၀ ခန့်မျှသာ အထွန်း ခံသည်။ ခြင်ပြေးစေရန်အတွက် တို တောင်းလွန်းသည်ဟုဆိုရမည်။

၁၈၉၅ တွင် သူ၏ဇနီးသည် ယူကီက ခြင်ဆေး တိုင်များအား ပိုထူ၊ ပိုရှည်အောင်ပြုလုပ် ပြီး၊ အရစ်ခွေသဏ္ဍာန်ခွေကြည့်ရန် အကြံ ပေးခဲ့သည်။ အမျိုးမျိုးစမ်းသပ်လုပ်ဆောင် ကြည့်ပြီး ၁၉၀၂ ခုနှစ်ရောက်မှ အရစ်ခွေ သဏ္ဍာန်ခြင်ဆေးခွေမှ လိုအပ်သောကာလ အတိုင်းအတာထိ မီးမငြိမ်းဘဲ စွမ်းဆောင် နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

၎င်း နည်းလမ်းတွင် ခြင်ဆေးများအား အရှည် ကြီးပြုလုပ်ပြီး လိုချင်သလောက် ဖြတ် ကာ ရစ်ခွေခြင်းပါဝင်သည်။ ထိုကာလတွင် တော့ လက်ဖြင့် လုပ်ဆောင်ရခြင်းဖြစ်ပြီး ၁၉၅၇ ထိ ဤနည်းကိုသာ သုံးခဲ့ကြ သည်။ ထို့နောက်ပိုင်းတွင် စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးလာပြီး ပမာဏအများကြီးကို စက်ဖြင့်ထုတ်လုပ်နိုင်ခဲ့ကြသည်။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးသည့်အချိန်တွင် ၄င်း၏ ကုမ္ပဏီဖြစ်သော Dainihon Jochugiku Co.Ltd တရုတ်နှင့် ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံအတော်များများတွင် ဖက်စပ် လုပ်ငန်းများတည်ထောင်ပြီး ခြင်ဆေးခွေ များ ထုတ်လုပ်ခဲ့ရာမှ ယနေ့ခြင်ဆေးခွေ စက်ရုံများ အစပျိုးခဲ့ခြင်းဖြစ်သည်။

ခြင်ဆေးခွေတွင် ပါဝင်သောပစ္စည်း များ

ခြင်ဆေးခွေတွင် အောက်ပါတို့ အနက်မှ အချို့ပါဝင်ကြသည်။
- Pyxethrum (သဘာဝအပင်မှရ သော အမှုန့်)
- Pyrethrins (Pyrethrum ထဲမှ အင်းဆက်ပိုးမွှားများအား သေစေသော ဓာတုပစ္စည်း)
- Allethrin (d-trans-alletrin ဟု လည်း ခေါ်ကြသည်)
- Esbiothrion (Allethrin တစ်မျိုး)
- Dibutyl hydroxyl toluene (BHT) (Pyrethroid များလောင်ကျွမ်းရာ တွင် ဓာတ်တိုးခြင်းမှကာကွယ်ရန် သုံး သောပစ္စည်း)
- Piperonyl butoxide (PBO) (Pyrethroid များ၏ အာနိသင်ပိုထက် စေရန် သုံးသောအကူပစ္စည်း)

ခြင်ဆေးခွေ၏ ကောင်းကျိုးများ

ယနေ့သုံးစွဲနေကြသော ခြင်ဆေးခွေ များသည် မီးမငြိမ်းဘဲ ရှစ်နာရီခန့်ကြာ သည်ထိ ခြင်ပြေးစေနိုင်သော သတ္တိရှိသည်။ စမ်းသပ်မှုများအရ ခြင်ကိုက်ခြင်းကို ၈၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သည်။

ခြင် ဆေးခွေများသည် ဈေးချိုပြီး မီးညှိရုံမှအပ ထူးထူးထွေထွေလုပ်ရန်မလိုသောပစ္စည်းများ ဖြစ်သည်။

သယ်ဆောင်ရလွယ်ကူပြီး ဖယောင်းတိုင်များ၊ အမွှေးတိုင်များအဖြစ် လည်း ထည့်သွင်းရောင်းချကြသည်များရှိ သည်။

ခြင်ဆေးခွေ၏ ဆိုးကျိုးများ

ခြင်ဆေးခွေသုံးခြင်းဖြင့် ဆိုးကျိုးများ လည်းရှိသည်။ ၁၉၉၉ ခုနှစ်အတွင်းက တောင်ကိုရီးယားနိုင်ငံတွင် ခြင်ဆေးခွေ မီးမှ စတင်၍ သုံးထပ်အဆောက်အဦတစ် ခု မီးလောင်ပြီး ကလေးများအပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ရသည်။

မြန်မာနိုင်ငံ တွင်လည်း ခြင်ဆေးခွေမီးမှ စတင်သော မီးလောင်မှုများ မကြာခဏဖြစ်ပွားခဲ့ ကြောင်း တွေ့ကြရသည်။

ထို့ပြင် ခြင်ဆေးခွေမီးခိုးများမှ ထွက်လာသော မီးခိုးများနှင့် ဓာတုပစ္စည်းများကလည်းကျန်းမာရေးကို ထိခိုက်စေ နိုင်သည်။

ခြင်ဆေးခွေအသုံးပြုသူများအနေ ဖြင့် အောက်ပါအချက်များကို သိထားသင့် သည်။


- ခြင်ဆေးခွေကို ရှစ်နာရီထိ အထွန်းခံအောင် အုန်းဆံဖတ်များ၊ လွှစာ မှုန့်များ၊ ဆိုးဆေးများဖြင့် ပြုလုပ်ထားလေ့ ရှိသည်။
- ခြင်ဆေးခွေမှ ထွက်သော ဓာတု ပစ္စည်းများသည် လေထုထဲတွင် ရှိသင့် သည့်ပမာဏထက်များပြားသည်။


- ခြင်ဆေးခွေတစ်ခွေမှ ထွက်လာ သော မီးခိုးပမာဏသည် စီးကရက် ၇၅ လိပ်မှ ၁၃၇ လိပ်ထိ သောက်သုံးရာမှ ထွက်လာသော မီးခိုးပမာဏနှင့် တူညီ သည်။


- ခြင်ဆေးခွေမှ ထွက်သော မီးခိုး များနှင့် ထိတွေ့ခြင်းဖြင့် ကျန်းမာရး ပြဿနာများဖြစ်နိုင်သည်။


- မီးခိုးများစွာ ရှူရှိုက်မိခြင်းဖြင့် ရင်ကြပ်ခြင်း၊ အဆုတ်ရောဂါဖြစ်ခြင်းများ ပိုဆိုးနိုင်သည်။


- ခြင်ဆေးခွေ မီးလောင်ကျွမ်းရာမှ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်သော formaldehyde, octachlorodipropyl ether နှင့် bischloromethyl ether တို့ ထွက်လာသည်။


- ခြင်ဆေးခွေ၏ အဓိကဓာတုပစ္စည်း ဖြစ်သော Pyrethroid အင်းဆက်သတ် ဆေးသည် အခြေခံအားဖြင့် လူသားများ ကို အန္တရာယ်မရှိနိုင်သော်လည်း မျက်လုံး နှင့် အရေပြားကို ယားယံစေနိုင်သည်။ အချို့သူများတွင် ဓာတ်မတည့်ခြင်းဖြစ်နိုင် သည်။


- ခြင်ဆေးခွေ မီးလောင်ရာမှ ထွက် လာသော ဘေးထွက်ပစ္စည်းဖြစ်သော formaldehyde ပမာဏသည် စီးကရက် ၅၁ လိပ်သောက်ရာမှ ထွက်လာသော ပမာဏနှင့် ညီမျှပြီး၊ ၄င်းသည် နှာခေါင်း ကင်ဆာ (Nasal Sinus Cancer) နှင့် သွေးကင်ဆာ (leukaemia) တို့ကို ဖြစ်စေ နိုင်သည်။


- အခြား၊ ထွက်လာတတ်သော ဓာတုပစ္စည်းဖြစ်သည့် bischloromethyl ehter သည် အဆုတ်ကင်ဆာကို ဖြစ်စေ တတ်သည်။

ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)

ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းမှု

ဆောင်းဝင်လာပြီနော်။ အနွေးထည်လှလှလေးတွေနဲ့ စတိုင်ထုတ်လို့ရပြီ။ စောင်အထူကြီးတွေ ခြုံပြီး ဇိမ်လေးနဲ့ အိပ်လို့ရပြီ။ အရမ်းချမ်းတဲ့နေရာတွေမှာ မီးပုံပွဲလုပ်ပြီး အရမ်းပျော်စရာကောင်းတဲ့ ရာသီပေါ့။ ဒါပေမယ့် ဆောင်းရာသီနဲ့ တွဲလာတာက အသားပတ်၊ အသားခြောက်တာတွေပါပဲ။ ဆံပင်တွေလည်း ခြောက်သွေ့ပျက်စီးတတ်တယ်လေ။ အဲလိုတွေ မဖြစ်အောင် ရင်နှင်းရဲ့ သူငယ်ချင်းလေးတွေ ဆောင်းရာသီမှာလည်း လှသထက်လှနေအောင် ဘယ်လိုအသားအရေထိန်းသိမ်းရမယ်ဆိုတာ ပြောပြမယ်နော်။

Hair

ဆောင်းလေအေးအေးက အသားအရည်ကို ခြောက်သွေ့စေသလို၊ ဆံပင်တွေကိုလည်း ခြောက်သွေ့ပျက်စီးစေတယ်။ အဲဒီဒဏ်ကို ခံနိုင်ဖို့ ရင်နှင်းတို့ဆံပင်လေးတွေကို အစိုဓာတ်ပြည့်ဝနေအောင် အားဖြည့်ထားဖို့ လိုတယ်လေ။ အဲဒီတော့ သံလွင်ဆီကို အားကိုးရတော့မှာပေါ့။ အုန်းဆီ ( သို့ ) သံလွင်ဆီကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆံပင်အရင်းကနေ အဖျားထိ သေချာလိမ်းပေးရမယ်။ ပြီးတော့ ဦးရေပြားကိုလည်း သေချာနှိပ်နယ်ပေးဖို့ လိုတယ်နော်။ ပြီးတော့ နာရီဝက်လောက်နေမှ ခေါင်းလျှော်လိုက်ပါ။ ဒီလိုလုပ်တာ ကောင်းတယ်ဆိုပြီး ခဏခဏလည်း ခေါင်းမလျှော်မိစေနဲ့ဦးနော်။ တပတ်ကို ၂ ကြိမ်လောက်ပဲ
လျှော်ပါ။

ဆံပင်က ခြောက်သွေ့နေတဲ့အခါ အဖျား ၂ ခွ တွေဟာ ပိုဆိုးလာတတ်တယ်။ ဒါကြောင့် အဖျား၂ ခွ တွေရှိနေရင် ဆံပင်ကို တိပေးနော်။ ခုတိုသွားမှာကို မနှမြှောပါနဲ့။ မဟုတ်ရင် ၂ ခွတွေ ဆံပင်အဖျားကနေ တဖြည်းဖြည်းအပေါ်ကို တက်လာပြီး ဆံပင်တစ်ချောင်းလုံး ကုန်သွားနိုင်တယ်လေ။

ဆောင်းရာသီက အေးတော့ ဆံပင်ဖားလျားချပြီး ပဲများလို့တော့ ကောင်းတာပေါ့။ ဒါပေမယ့် ဆောင်းလေဒဏ်ကို ပိုခံရနိုင်တယ်လေ။ ဆောင်းလေအေးက ကဗျာသာဆန်ပေမယ့် ဆံပင်ကို ပျက်စီးစေနိုင်တယ်ဆိုတော့ ဆံပင်ကို ထုံးထားတာတို့၊ စည်းထားတာတို့၊ ကျစ်ဆံမြီးကျစ်ထားတာတို့ လုပ်ထားသင့်တယ်နော်။

ဆံပင်ကို ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးလိုက်လည်း ခဏခဏ မလုပ်ပါနဲ့။ ဆံသားတွေက နဂိုထဲကမှ ခြောက်ချင်နေတာကို အဲလိုလုပ်နေရင် ပိုဆိုးမှာလေ။ ဖြစ်နိုင်ရင် ခေါင်းလျှော်ပြီးရင်တောင် လေမှုတ်စက်မသုံးတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဆံပင်အစိုကြီးနဲ့ ချမ်းနေရင်တော့ လေမှုတ်စက်ကို အပူချိန်နဲနဲနဲ့ပဲ သုံးနော်။


Skin

အသားအရေလှပဖို့ဆိုတာ လိမ်းဆေးတွေကိုပဲအားကိုးလို့မရဘူးဆိုတာ ရင်နှင်းခဏခဏပြောနေလို့ သူငယ်ချင်းတွေလည်း သိလောက်ပြီပေါ့နော်။ အာဟာရပြည့်ဝတဲ့အစားအစာတွေကို များများစားပြီး ရေကိုလည်းများများသောက်ပေးမှ အသားအရေလေးက တကယ်ကိုလှလာမှာလေ။ အသားအရည်ကို ခြောက်သွေ့စေတဲ့ ဆောင်းရာသီရောက်လာတဲ့အခါ အဟာရဓာတ်တွေ ရေဓာတ်တွေကို ပိုလိုလာပြီပေါ့။ ဒါကြောင့် ရေကိုလည်း များများသောက်၊ ဟင်းသီးဟင်းရွက်တွေလည်းများများစား၊ ဟင်းချက်တဲ့အခါ သံလွင်ဆီလေးထည့်ချက်နိုင်ရင် အကောင်းဆုံးပဲနော်။
ဆောင်းရဲ့ အအေးဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့ အစိုဓာတ်ထိန်းခရမ်လေးတွေကို မရှိမဖြစ် လိုအပ်လာပြီလေ။ မျက်နှာသစ်ပြီးတိုင်း ရေချိုးပြီးတိုင်းမှာ မျက်နှာကိုရော ခန္ဓာကိုယ်ကိုရော အစိုဓာတ်ထိမ်းခရမ်တွေ လိုးရှင်းတွေလိမ်းပေးသင့်တယ်နော်။ ညအိပ်ရာမ၀င်ခင်မှာလည်း မျက်နှာကို အစိုဓာတ်ထိန်းခရမ်လေး လိမ်းဖို့ မမေ့ပါနဲ့။
ဆောင်းရာသီမှာ ရေကလည်း အေးမှအေး။ ရင်နှင်းဆို ရေချိုးဖို့ကို စဉ်းစားနေတာကို နာရီဝက်လောက် ကြာတယ်။ :D ရေကလည်း မချိုးလို့မဖြစ်ဆိုတော့ ရေနွေးနဲ့ပဲ ချိုးဖြစ်ရော။ ဒါပေမယ့် ရေနွေးနဲ့ ရေချိုးတာ မကောင်းဘူးတဲ့။ အရေပြားပေါ်က အစိုဓာတ်တွေက ရေနွေးကြောင့် ခမ်းခြောက်နိုင်တာကိုး။ ဒါပေမယ့် ရေအေးနဲ့ မချိုးနိုင်လောက်အောင် ချမ်းနေတဲ့အခါ ရေနွေးကိုအားကိုးရမှာလေ။ အဲလိုဆိုရင်တော့ ရေနွေးနဲ့ ချိုးပါ။ ဒါပေမယ့် ဘုရား၊ တရား၊ သံယာ တဲ့။ ၃ ခွက်ပဲချိုးတဲ့။ :D နောက်တာနော်.. မြန်မြန်ချိုးလို့ ပြောတာပါ။
My Girl ဆိုတဲ့ ကိုရီးယားကားကို သိတယ်ဟုတ်။ ချိုဝမ် ပါတယ်လေ။ အဲကားထဲက "Never Say
Good Bye !!! " ဆိုတဲ့သီချင်းက နေရောင်ကာလိမ်းဆေးတွေကို ပြောတာသိလား။ :D နေပူပူ မိုးအုံ့အုံ့ နွေဖြစ်ဖြစ် ဆောင်းဖြစ်ဖြစ် နေရောင်ခြည်က UV Rays တွေ ဒဏ်ကိုခံရနိုင်တော့ နေ့ဘက်အပြင်ထွက်မယ်ဆိုရင် အပြင်မသွားခင် နာရီဝက်အလိုထဲက နေရောင်ကာလိမ်းဆေး ကြိုလိမ်းထားတော့နော်။


Lips


ဆောင်းရာသီမှာ နှုတ်ခမ်းကတော့ ခြောက်မှာပဲ။ ဒါပေမယ့် နှုတ်ခမ်းကို လျှာနဲ့ မသပ်မိစေနဲ့နော်။ တံတွေးတွေက နှုတ်ခမ်းကို ပိုခြောက်စေတယ်လေ။ အဲ့ဒီတော့ နှုတ်ခမ်းနီအဆီလေးတွေ ဆိုးပေးပါ။ Vit E ပါတဲ့ နှုတ်ခမ်းနီအဆီက ပိုကောင်းပါတယ်။ အဲ့ဒါလေး ဆောင်ထားပြီး နှုတ်ခမ်းနီပျက်သွားတိုင်း ဆိုးပေးပေါ့။ Petroleum Jelly တို့ သံလွင်ဆီတို့ လိမ်းပေးလည်း ရပါတယ်။
နှုတ်ခမ်းအက်ကွဲသွားပြီး အဖတ်လေးတွေကွာနေရင်တော့ လုံးဝမခွာမိစေနဲ့နော်။ အဲ့တော့ အဖတ်တွေကို ဖယ်ချင်ရင် Petroleum Jelly ဖြစ်ဖြစ်၊ ထောပတ်ဖြစ်ဖြစ် နှုတ်ခမ်းကိုအရင်လိမ်းပြီးမှ သွားပွတ်တံအမွှေးနုနုလေးဖြစ်ဖြစ်၊ အမွှေးနုပ၀ါလေးဖြစ်ဖြစ်နဲ့ ဖြည်းဖြည်းလေးပွတ်ပြီး ဖယ်ပါ။

Hands, Legs And Nails


ဆောင်းရာသီမှာ တစ်ကိုယ်လုံးကို ဂရုစိုက်မှဖြစ်မှာလေ။ အဲ့တော့ ခြေတွေ လက်တွေကိုလည်း အစိုဓာတ်ထိန်းခရမ်လေးတွေ လိမ်းပေး၊ ရေကိုင်မယ်ဆိုရင် ရာဘာလက်အိတ်လေးနဲ့ကိုင်၊ ရေကိုင်ပြီးရင်လည်းအစိုဓာတ်ထိန်းခရမ်လေးတွေကို ပြန်လိမ်းပေးသင့်ပါတယ်။ ခြေသည်း လက်သည်း ခြေသည်းတွေကိုလည်း Base Coat လေး ဆိုးပေးထားရင် ပိုကောင်းတယ်နော်။

ဒီလောက်ဆိုရင် ဆောင်းရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သူငယ်ချင်းတို့ ကောင်းကောင်းသိလောက်ပြီပေါ့နော်။ ရင်နှင်းသူငယ်ချင်းလေးတွေ ဆောင်းရာသီကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်ကြပါစေရှင့်။


myanmarskylink မှ ကူးယူဖော်ပြပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites