Saturday 7 January 2012

စပ်မိစပ်ရာ

၁) စိတ်ရှည် ၊ဇွဲသန် ၊ သည်းခံမှ အစစ အရာရာ အောင်မြင်မည် ။

(၂) လူတစ်ယောက်ရဲ့အောင်မြင်မှုဟာ ကံ ၊ ဥာဏ် ၊ ၀ီရိယနဲ့ဆိုင်ပါတယ် ။

(၃) ဇွဲကောင်းခြင်းဟာလည်း အောင်မြင်မှုရဲ့ ပန်းတိုင်တစ်ခုပါ ။

(၄) တစ်ခါတည်း ရှုံးနိမ့်ရုံနဲ့ ဘ၀ကိုအရှုံးမပေးလိုက်ပါနဲ့
နောက်တစ်ခါထပ်ကြိုးစားကြည့်ပါ ။

(၅) ဘ၀မှာ ရိုးသားပါ ၊ ကြိုးစားပါ ရိုးသားလို့ဆင်းရဲရင်လည်း
ဆင်းရဲခြင်းကမြတ်ပါတယ် ။

(၆) သူတစ်ပါးအကျိုးပျက်စီးရာ ပျက်စီးကြောင်းကို ဘယ်တော့မှမကြံစည်ပါနဲ့ ။

(၇) ရှုံးနိမ့်တိုင်းမှာ ကံကိုပဲအပြစ်ပုံမချပါနဲ့ ... ဘာကြောင့်လည်းဆိုတာကို
သေသေချာချာပြန်ဆန်းစစ်ပါ ။

(၈) မိမိအရည်အချင်းကို ဂုဏ်ဖေါ်သူသည် ...
မပြည့်သောအိုး ဘောင်ဘင်ခတ်သည်သာဖြစ်သည် ။

(၉) လူတိုင်းကိုအထင်မသေးပါနှင့်ကိုယ့်ထက် တော်တဲ့သူတွေအများကြီးရှိပါတယ် ။

(၁၀) သူတစ်ပါးအပေါ်မှာ မှန်ကန်စေတနာထားတတ်ပါစေ ။

(၁၁) ကိုယ့်ကြောင့် သူတစ်ပါးဒုက္ခမရောက်ပါစေနဲ့ ။

(၁၂) အရာရာတိုင်းမှာ အတိုင်းအတာဆိုတာရှိပါတယ် ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites