Wednesday 4 January 2012

ဘုရင်ကြီးနှင့် မိဖုရားလေးယောက်

တစ်ခါတုန်းကတိုင်းပြည်ကြီးတစ်ခုမှာဘုရင်ကြီးတစ်ပါးရှိသတဲ့၊ဘုရင်ဆိုတော့လဲမိဖုရားအများကြီးရှိတာပေါ့၊ ဒါပေမဲ့အဲ့ဒီဘုရင်ကြီးမှာတော့မိဖုရားလေးယောက်ဘဲရှိတယ်တဲ့။သူ့ရဲ့မိဖုရားတွေကိုကြီးစဉ်ငယ်လိုက် မိဖုရားကြီး။ မိဖုရားလဒ်။ မိဖုရားငယ်။ နှင့် မိဖုရားလေးဆိုပြီးခေါ်သတဲ့။

သူ့ရဲ့မိဖုရားလေးယောက်ထဲမှာ

စတုတ္ထမြောက်မိန်းမဖြစ်တဲ့အသက်အငယ်ဆုံးသောမိဖုရားလေးကိုဘုရင်ကြီးကအချစ်ဆုံးတဲ့ဒါကြောင့် အကောင်းဆုံးကိုပဲပေးတယ်။အကောင်ဆုံးအစားအစာတွေကျွေးတယ်။သူ့ရဲ့ကတ္တီပါဝတ်လုံနဲ့လွှမ်းခြုံပေးတယ်။ အချစ်ဆုံးဆိုတောဘာမဆို အကောင်းဆုံးကိုဘဲပေးတာပေါ့၊

ဘုရင်ကြီးကအရမ်းချောတဲ့ တတိယမြောက်မိဖုရားငယ်ကိုလည်းချစ်ပါတယ်။
ဒါကြောင့်အိမ်နီးချင်းတိုင်းပြည်တွေကို လိုက်လံပြသပေးတယ်တခြားတိုင်းပြည်တွေကမိဖုရားတွေထက်
မိဖုရားငယ်ကချောကြောင်းလှကြောင်းသွားကြွားရင်းပေါ့၊ဒါပေမယ့် ဒီတတိယမြောက်မိဖုရားငယ်နဲ့ပတ်သက်ပြီးဘုရင်ကြီးစိုးရိမ်တာတစ်ခုရှိတယ်။ဘာလဲဆိုတော့
သူ့ကိုထားခဲ့ပြီးနောက်အိမ်ထောင်ပြုမှာကိုဘဲ အလွန်စိုးရိမ်တယ်တဲ့။ဘုရင်ကြီးကဒုတိယမြောက်မိဖုရားလဒ်ကိုလည်းချစ်ပါသေးတယ်။ ဒုတိယမြောက်မိဖုရားလဒ်ကလည်းဘုရင်ကြီးအပေါ်မှာအင်မတန်ကောင်းတဲ့မိဖုရားဖြစ်တယ်။ ဘုရင်ကြီးစိတ်ဓါတ်ကျတိုင်း၊ ပြဿနာကြုံတိုင်းဘုရင်ကြီးနှင့်အတူရပ်တည်ဖြေရှင်းပေးတာ ဒုတိယမြောက်မိဖုရားလဒ် ဘဲဖြစ်ပါတယ်၊ ပထမမိဖုရားကြီးကိုတော့ ဘုရင်ကြီးကလုံးဝချစ်ဘူးတဲ့။သူ့ကိုဂရုမစိုက်ဘူး။လျစ်လျူရှုထားတယ်။မိဖုရားကြီးခမျှာမှာတော့ ဘုရင်ကြီးကိုချစ်လိုက်ရတာအသဲကိုတုန်နေတာဘဲ။ဒါပေမယ့်ဘုရင်ကြီးကတော့လုံးဝလုံးဝကိုစိတ်လဲမဝင်စား ။ ဂရုလဲမစိုက် ။မိဖုရားကြီးရှိတယ်လို့တောင်မထင်ပစ်ထားပါတယ်တဲ့။

ဒီလိုနဲ့ တစ်နေ့မှာ ဘုရင်ကြီး ကရောဂါတစ်ခုကြောင့် အသက်သေရတော့မယ်။ သူ့ကိုယ်သူ သိလိုက်ရတဲ့အချိန်မှာလည်းတော်တော်စိုးရိမ်သွားတယ်။ သူ့မှာလည်း ရှိတဲ့ပစ္စည်းဥစ္စာနဲ့ မိဖုရား ၄ ယောက် အကြောင်းကိုစဉ်းစားတယ်။ အင်း
အခုငါသေရတော့မယ်။ ငါ့မှာ မိဖုရား ၄ ယောက် ရှိတယ် ငါနဲ့ အတူနေကြတယ်။ ဒါပေမယ့်ငါသေရင်ငါတစ်ယောက်ထဲသွားရမှာပါလား လို့စဉ်းစားမိတယ်။
ထိုအချိန်တုန်းက တရုတ်ပြည်ရှိမင်း၊မှုးမတ်၊အရာရှိ၊သူဋ္ဌေးသူကြွယ် များသည်မိမိသေသောအခါတွင်စည်းစိမ်များနှင့်တကွ
မိသားစုဝင်များ၊ ကျွန်အလုပ်သမားများအပါအဝင်အားလုံးတယောက်မကျန် သေသွားသောအိမ်ထောင်ဦးစီး၊ခေါင်းဆောင်များနှင့်အတူတကွ
သဂြိုလ် မြုပ်နှံသည့်အယူဝါဒဆိုးကိုကျင့်သုံးနေသောအချိန်ကာလဖြစ်သည်။ တရုတ်ပြည်မှထိုအကြောင်းကိုကြားသိပြီးသောဘုရင်ကြီးကအတွေးတစ်ခုစဉ်းစားမိပြီတ

ုဒီလိုဘဲ တတိယမြောက်မိဖုရားငယ်ကိုထပ်မေးပြန်တယ်။ မိဖုရားရေ မင်းကိုငါဘယ်လောက်ထိချစ်တယ်ဆိုတာမင်းသိပါတယ်။
အခုငါသေရတော့မယ်။ မိဖုရားရေမင်းငါနဲ့အတူလိုက်ခဲ့ပါလားကွာ လို့မျက်နှာငယ်လေးနဲ့ မေးရှာတယ်။တတိယမြောက်မိန်းမကလည်း မလိုက်နိုင်ပါဘူး လူ့ဘဝမှာ ဒီလောက်အရမ်းပျော်ရွှင်စရာကောင်းတာရှင်သေရင် ကျွန်မ နောက်အိမ်ထောင်ထပ်ပြု မှာလို့ပြောလိုက်တော့ ဘုရင်ကြီး ခမျာ အသဲနှလုံးကိုဓါးနဲ့မွှန်းလိုက်သလိုကြေကွဲစွာ ခံစားလိုက်ရတယ်။ ဒါနဲ့ ဒုတိယမြောက်မိဖုရားလဒ်ကိုထပ်မေးပြန်ရော မိဖုရားလဒ်ရေ ငါလောကမှာနေခဲ့တုန်းကမင်းငါ့အပေါ်အရမ်းကောင်းခဲ့တာ ဘာတွေဘဲတွေ့ကြုံ နေပါစေ မင်းငါနဲ့အတူရပါတည်ခဲ့တာ အခုငါသေရတော့မယ်ငါနဲ့အတူလိုက်ခဲ့ပေးပါအုံး မိဖုရားလဒ်ရယ်လို့ အသနားခံရှာတယ်။ ဒုတိယမြောက် မိဖုရားလဒ်ကလည်း
မှန်ပါတယ် ဘုရင်ကြီးရယ်ဘာတွေဘဲဖြစ်နေကျွန်မဘုရင်ကြီးနဲ့ အတူရင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့အခုတော့ဘုရင်ကြီးနဲ့အတူမလိုက်နိုင်တော့ဘူးအလွန်ဆုံးကျွန်မလိုက်ပေးနိုင်တဲ့နေရာကဘုရင်ကြီးကိုသင်္ချိုင်းထိဘဲလိုက်ပို့ပေးနိုင်မယ်
စိတ်မကောင်းပါဘူး ဘုရင်ကြီးရယ်လို့ပြောနေတုန်းမှာ အသံတစ်ခုက ကျွန်မလိုက်မယ်၊ဘုရင်ကြီးဘယ်သွားသွားကျွန်မလိုက်မယ်လို့ကြားလိုက်တယ်။ပြောတဲ့အသံလာရာကိုကြည့်လိုက်တော့ ဘုရင်ကြီးလုံးဝမချစ်တဲ့ပထမမိဖုရားကြီးဖြစ်နေတယ်။ဘုရင်ကြီးလုံးဝမချစ်လို့ဂရုမစိုက်လို့စိတ်

ဆင်းရဲပြီး၊အားငယ်ပြီးပိန်ချုံးနေတဲ့ပထမမိန်းမပဲဖြစ်နေတယ်။
ဘုရင်ကြီးဟာ တော်တော်နောင်တရသွားတယ်။ ငါအသက်ရှင်တုန်းကမင်းကိုဂရုမစိုက်ခဲ့ဘူး၊ မချစ်ခဲ့ဘူး
အခုငါဘယ်သွားသွား ငါ့အနားမှာအတူလိုက်မဲ့သူက မင်းပဲကိုးဒါပေမဲ့လည်းဘုရင်ကြီးလောကကြီးကနေထွက်ခွာသွားပါပြီ။
ပုံပြင်လေးကတော့ဒီမှာဘဲပြီးဆုံးသွားပါပြီ ။ ဒီပုံပြင်လေးမှာသင်ခန်းစာယူစရာတွေနဲ့ အသက်တာမှာ
ဆင်ခြင်စရာတွေအများကြီး ရှိပါတယ်။ ဒီဘုရင်ကြီးမှာ (မိဖုရား)မိန်းမလေးယောက်ရှိသလို ဒီပုံပြင်ကိုဖတ်နေတဲ့
မိတ်ဆွေနဲ့ကျွန်တော့်မှာလည်း(မိဖုရား) မိန်းမလေးယောက်စီရှိပါတယ်။ လူတိုင်း လူတိုင်းမှာ
ကိုယ်စီဆိုင်တဲ့မိန်းမလေးယောက်စီရှိကြပါတယ်။ စတုတ္ထမြောက်မိန်းမကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုပုံဆောင်ပါတယ်။ ကျွန်တော်တို့ဟာ
စတုတ္ထမြောက်မိန်းမကိုအချစ်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံး ကိုပေးတယ်။ အကောင်းဆုံးအစားအစာတွေကျွေးတယ်။
အကောင်းဆုံးအဝတ်အစားတွေနဲ့ဝတ်ဆင်ပေးတယ်မဟုတ်ဘူးလား။ဒါပေမယ့်တစ်နေ့

ကျွန်တော်တို့ လောကကြီးကနေထွက်သားရင်မြေကြီးကလာတဲ့ဒီခန္ဓာကိုယ်ကိုမြေကြီးမှာဘဲ
ထားခဲ့ရမှာဖြစ်တယ်။ ကျွန်တော်တို့နဲ့ မလိုက်နိုင်ပါဘူး၊ တတိယမြောက်မိန်းမကတော့ ကျွန်တော်တို့ရဲ့
ဥစ္စာစည်းစိမ်ပိုင်ဆိုင်မှုတွေကိုပုံဆောင်ပါတယ်။ ဒီတတိယမြောက်မိန်းမကိုလည်း ကျွန်တော်တို့ချစ်ကြတယ်။
ဒါကြောင့် အမြတ်တနိုး ထားကြတယ်။ပြီးရင် ဥစ္စာစည်းစိမ်ပိုင်ဆိုင်မှုတွေကိုကြွားဝါပြီးအမှီပြုတတ်တယ်။ဒါပေမယ့်
တစ်နေ့ ကျွန်တော်တို့ လောကကြီးကနေထွက်သွားရင်ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုအားလုံးဟာ
သူတပါး လက်ထဲ ရောက်သွားမှာဖြစ်တယ်။ တခုမျှပါသွားမှာမဟုတ်ပါဘူး။ဘုရင်ကြီးချစ်ရတဲတတိယမြောက်မိန်းမက
ဘုရင်ကြီးသေရင်နောက်အိမ်ထောင် ပြုသွားသလို ကျွန်တော်တို့ချစ်ရတဲ့စည်းစိမ်ပိုင်ဆိုင်မှုတွေဟာလည်းကျွန်တော်တို့
သေသွားရင်တခြားသူရဲ့လက်ထဲ ရောက်သွားမှာဖြစ်တယ်။ဒုတိယမြောက်မိန်းမကကျွန်တော်တို့ရဲ့ မိဘ ညီအစ်ကိုမောင်နှမဆွေမျိုးများနဲ့
မိတ်ဆွေများကိုပုံဆောင်ပါတယ်။ သူတို့တွေဟာကျွန်တော်တို့အပေါ်အင်မတန်ကောင်းကြပါတယ်။ ကျွန်တော်တို့စိတ်ဓါတ်ကျတိုင်း
ပြဿနာတွေကြုံတိုင်း အမှုဒုက္ခရောက်တိုင်းသူတို့ဟာ ကျွန်တော်တို့နှင့်အတူရပ်တည်ပေးတယ်။
ဖြေရှင်းပေးတယ်။ ကူညီပေးတယ်။ဒါပေမယ့်တစ်နေ့ကျွန်တော်တို့လောကကြီးကနေထွက်သွားရင်ကျွန်တော်

တို့နဲ့အတူမလိုက်နိုင်ဘူး။
အလွန်ဆုံးလိုက်ပို့ပေးနိုင်တဲ့နေရာကတော့အုတ်ဂူသင်္ချိုင်းဆီပဲဖြစ်တယ်။ပထမမြောက်မိန်းမက

တော့ကျွန်တော်တို့ရဲ့
ဝိညာဉ်ကိုပုံဆောင်ပါတယ်။ဘုရင်ကြီးကပထမမိန်းမကိုလုံးဝမချစ်ခဲ့ဘူး ။ ဂရုမစိုက်ခဲ့ဘူး။ဒါပေမဲ့သူသေတဲ့အခါဘယ်သွားသွားလိုက်မဲ့သူကပထမမိန်းမဘဲဖြစ်တယ်။

ကျွန်တော်တို့ကော ဝိညာဉ်ရေးရာကိုစိတ်မဝင်စားဘူး၊အချိန်မပေးဘူး၊နေ့စဉ်စတုတ္ထမြောက်မိန်းမနဲ့ပဲအချိန်

ကုန်တယ်။
ခန္ဓာအတွက်နဲ့တတိယမိန်းမအတွက်နဲ့ဘဲ အချိန်ကုန်တယ်။ရှာပြီးရင်းရှာနေကြတယ်။ ပိုင်ဆိုင်မှုအတွက်လောဘကြီးစွာကြိုးစားကြတယ်။ဒုတိယမိန်းမအတွက်နဲ့လည်းအချိန်ကုန်

ကြတယ်။ငါ့မိဘအတွက်။ငါ့မိန်းမအတွက်။ငါ့သားသမီးအတွက်။ပထမမိန်းမဖြစ်တဲ့ဝိညာဉ်ရေးကို
တော့လျစ်လျူရှုထားကြတယ်။တစ်နေ့ဘုရားသခင်ရှေ့မှာ ရပ်တဲ့အခါဘုရားသခင်စစ်ဆေးမှာကသင့်ရဲ့ဝိညာဉ်ရေးရာကိုစစ်ဆေးမှာဖြစ်တယ်။
အခုဘဲသင့်ရဲ့ဝိညာဉ်ရေးရာအခြေအနေကိုစစ်ဆေးပါလေ။ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာကြလော့
။နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတံ့(မဿဲ ၆း၃၃)

ယနေ့နက်ဖြန်ဤမည်သောမြို့သို့သွားကြကုန်အံ့။ထိုမြို့၌တစ်နှစ်ပတ်လုံးနေ၍ကုန်သွယ်သဖြင့်

အမြတ်ရအောင်ပြုကြကုန်အံ့ဟုဆိုတတ်သောသူတို့
။နားထောင်ကြလော့။ နက်ဖြန်နေ့၌အဘယ်သို့ဖြစ်မည်ကိုသင်တို့မသိကြ။သင်တို့အသက်သည်အဘယ်သို့သောအရာ

ဖြစ်သနည်း။
ခဏထင်ရှားပြီးမှကွယ်ပျောက်တတ်သောအခိုးအငွေ့ဖြစ်၏။(ယာကုပ်၎း၁၃-၁၄)


နာမတော်၌seagull

သက်ထာဝရမဂ္ဂဇင်း အမှတ်(၅၅) မှကောက်နုတ်တင်ပြပါသည်။

ဘုရားသခင်၏ကောင်းကြီးမင်္ဂလာသင်၌အစဉ်တည်ရှိပါစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites