Saturday 7 January 2012

အတုံ့အလှည့်

Category: Other
တစ်ခါတုန်းက မြေခွေးနဲ့ ငှက်ကျားဟာ အလွန်ခင်မင် တဲ့ မိတ်ဆွေတွေဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦး လည်ပတ်ကြသတဲ့

ဒါနဲ့မြေခွေးက ငှက်ကျားကို ညစာ ဖိတ်လိုက်တယ်. သူ့ကို ကျီစယ်ဖို့ ဘာမှချမပေးဘဲ အလွန်ပြားချပ်တဲ့ ပန်းကန်မှာ စွပ်ပြုတ်ရည်ကို ငှဲ့ကျွေးသတဲ့. . . ဒါကို မြေခွေးကလျှာနဲ့ အသာကလေး လျှက်လို့ရပေမယ့် ငှက်ကျား အဖို့မှာ နှုတ်သီးဖျား စိုရုံလောက်ရှိတာပေါ့လေ. .


ငှက်ကျား ဟာ ဘယ်စားလို့ရပါ့မလဲ. . . ဒီတော့ အစာငတ်ပြီးနေရော. . . ပေါ.
"၀မ်းနည်းပါတယ်ဗျာ၊ ဒီစွပ်ပြုတ်ကို ခင်ဗျားမကြိုက်ဘူးထင်ရဲ့" . . . လို့ မြေခွေးကပြောသတဲ့ . . .

ဒီတော့ ငှက်ကျားက "တောင်းပန်စရာမလိုပါဘူး၊ အခုလိုဖိတ်တဲ့ အတွက် ကျွန်တော့ဆီလည်း မကြာခင် အလည်လာပြီး ညစာလာစားပါအုံး" လို့ ချိန်းဆိုလိုက်သတဲ့ . . ..

ငှက်ကျား ချိန်းဆိုတဲ့နေ့ကို မြေခွေးက ညစာစားဖို့လာသတဲ့. .
ထမင်းစားပွဲမှာ သူတို့ထိုင်လိုက်တယ်. . ညစာဟာ အ၀ကျဉ်းကျဉ်းလည်တံ အလွန်ရှည်တဲ့ ကရားထဲရှိသတဲ့. . . ဒီကရား မှာ မြေခွေးရဲ့ နှာသီးကို ဘယ်သွင်းလို့ရမလဲကွယ်. . .

ဒါကြောင်းမြေခွေးဟာ ကရားရဲ့ နှုတ်ခမ်းအပြင်ဘက် ကိုသာလျက်ရုံပဲလေ. . .
ဒီတစ်ခါငှက်ကျားက ဆိုသတဲ့ "အခုလိုညစာကျွေးရတာ ကျွန်တော်တောင်းပန်ဖို့ မလိုပါဘူး " လို့ပြောလိုက် သတဲ့ . . .


ကိုယ်ကမကောင်းကြံလျှင် သူကလည်း မကောင်းကြံသည်. .


လင်းထွန်း (အီစွတ်စကားပုံများနှင့်ပုံပြင်များ)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites