Wednesday 4 January 2012

စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်စေနိုင်


စိတ်ဖိစီးမှုနဲ့ ဆံပင်ကျွတ်ခြင်းဟာ ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်ရတဲ့ အဓိကအကြောင်းရင်းဟာ Telogen Effluvium ဖြစ်ပါတယ်။ ဒါဟာ မိသားစုဝင်တစ်ဦးဦးသေဆုံးခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်း၊ ခွဲစိတ် ကုသမှု ခံယူထားခြင်း စတာတွေနဲ့ ဆက်စပ်တဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုကြောင့် ကြီးထွားနေတဲ့ ဆံပင်အများစုဟာ ကြီးထွား မလာတော့ဘဲ ရပ်တန့်သွားတာ ဖြစ်ပါတယ်။

အဲဒီအခါ လအနည်းငယ် အတွင်းမှာပဲ ဆံပင်ကိုခေါင်းဖြီးရုံ၊ ခေါင်းလျှော်ရုံနဲ့ ထိခိုက်ခံထားရတဲ့ ဆံပင်တွေကျွတ်သွားပါတော့တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုသက်သာလာတဲ့အခါမှာ ဆံပင်တွေ ပြန်ပေါက် လာနိုင်တာကြောင့်ပါ။ လူတစ်ချို့မှာတော့ ပြင်းထန်ဆိုးရွားတဲ့ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာကိုတော့ Alopecia Areata လို့ခေါ်ပါတယ်။ ဒီအခြေအနေမှာတော့ သွေးဖြူဆဲလ်တွေဟာ ဆံခြည်မျှင်အိတ်တွေကို တိုက်ခိုက်တဲ့အတွက် ဆံပင်ရှည် မထွက်နိုင်တော့ ပါဘူး။

ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဆံပင်တွေကျွတ်ထွက်သွားပါတော့တယ်။ အဲဒီအခါ အကွက်လိုက် ဆံပင်ကျွတ်တတ်ပြီး ဦးရေပြားတစ်ခုလုံးကို တဖြည်းဖြည်း ပျံ့နှံ့သွား တတ်ပါတယ်။ တကယ်လို့ သင်ဟာ ခေါင်းလျှော်ရင်း၊ ခေါင်းဖြီးရင်းဆံပင်ကျွတ်နှုန်းက အရင်ထက်ပိုများနေရင် ဒါမှမဟုတ် ဆံပင်ကျွတ်တဲ့ အတွက် ဦးရေပြားမှာ အကွက်လိုက် ဖြစ်နေတာကို သတိပြုမိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ရုတ်တရက် ဆံပင်ကျွတ်နှုန်းများ တာဟာ ဆေးကုသမှုခံကျန်းမာရေး ပြဿနာတစ်ရပ်ကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

Ref: Good Health

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites