This is default featured post 1 title

Go to Blogger edit html and find these sentences.

This is default featured post 2 title

Go to Blogger edit html and find these sentences.

This is default featured post 3 title

Go to Blogger edit html and find these sentences.

This is default featured post 4 title

Go to Blogger edit html and find these sentences.

This is default featured post 5 title

Go to Blogger edit html and find these sentences.

Saturday 21 January 2012

G-mail တစ်ခုမက ဖွင့်ထားရအောင်

ကျနော်တို့ G-mail account တွေကို တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးဖို့

လိုအပ်လာတဲ့အခါ Browser တစ်ခုချင်းစီမှာ လိုက်ဖွင့်ခဲ့ကြရပါတယ်။

ဥပမာ- Mozilla မှာ တစ်ခု၊ IE မှာတစ်ခု၊ Chrome မှာတစ်ခု .....အဲဒီလို။


အခုတော့ ...ကျနော်တို့တွေ Browser တစ်ခုတည်းမှာပဲ G-mail Account တွေကို

တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးလို့ရပါပြီ ။ ကျနော်တို့ G-mail Inbox setting

လေးကို နည်းနည်းပြင်လိုက်ရုံသာ..။

(၁) ပထမဆုံး ...ကျနော်တို့ရဲ့ ပုံမှန်သုံးနေကျ G-mail account ကို ဖွင့်ထားလိုက်ပါ။

     G-mail Inbox ထဲကို ရောက်ပါပြီ။

(၂)Inbox ရဲ့ညာဖက်အပေါ်ထောင့်က setting ကိုနှိပ်ပါ။



(၃)ပွင့်ကျလာတဲ့အထဲက Accounts and Import ကိုနှိပ်။

     ပြီးရင် Google account  setting ကိုနှိပ်။


(၄)ထပ်ပြီးပေါ်လာတဲ့အထဲက Personal setting ခေါင်းစဉ်အောက်မှာရှိတဲ့

      Multiple sign in ဆိုတဲ့နေရာက Edit ကိုနှိပ်ပါ။

(၅)ပွင့်ကျလာတဲ့အထဲက on use ဆိုတဲ့ radio button အ၀ိုင်းလေးကို နှိပ်ပါ။

    လေးထောင့်ကွက်များအားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင် save ကိုနှိပ်ပါ။

အဲဒီအဆင့်တွေပြီးသွားရင် ကျနော်တို့ရဲ့ သုံးနေကျ (မူလကဖွင့်ထားတဲ့မေးလ်) ကို retry

ပြန်နှိပ်ကြည့်လိုက်ပါ။(သို့) ကီးဘုတ်ပေါ်က F5 ကီးကိုနှိပ်ပေးပါ။ Loading

ပြီးအောင်စောင့်ကြည့်လိုက်တဲ့အခါမှာ မိမိရဲ့ G-mail Address ရဲ့ ဘေးမှာ

Down Arrow လေးတစ်ခုပါနေတာကိုတွေ့ရပါမယ်။

 အဲဒီနေရာလေးကိုနှိပ်ပြီး ဖွင့်ချလိုက်ရင် အောက်ကပုံမှာပြထားသလိုလေး

ပွင့်ကျလာပါလိမ့်မယ်။

ဒီတော့မှ အပေါ်ကပုံမှာ အ၀ါရောင်မြားနဲ့ပြထားတဲ့နေရာက sign in to another

account
ဆိုတာလေးကိုနှိပ်ပြီး နောက်ထပ် Account တွေကို လိုသလောက် Sign in

ဝင်ပြီးဖွင့်ထားလို့ရပါပြီ။

ကဲ ...အခု ကျနော်တို့တွေ Browser တစ်ခုတည်းမှာ Account

တွေကို တစ်ခုမက အပြိုင်ဖွင့်ထားလို့ရပါပြီ ။

ဘာရယ်တော့မဟုတ်ဘူးပေါ့ဗျာ ....သိထားတာလေးမျှဝေတဲ့သဘောပါပဲ။

အားလုံးအဆင်ပြေကြပါစေ

Saturday 14 January 2012

စိတ္တဇဆေးရုံ

နေရာ ---- စိတ္တဇဆေးရုံ


ဆေးရုံအုပ် .... "မနက်ြဖန်က အရေးကြီးတဲ့နေ့တစ်နေ့နော်။ ဘာလို့လဲ သိလား၊ နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား .... လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

နောက်တစ်နေ့ .....
နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက် ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်း ဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည်း။

Sunday 8 January 2012

ကုန်ကျမှုအနည်းဆုံး မျက်နှာအသားအရေ ထိန်းနည်း

အသက် ၂၅ နှစ်နောက်ပိုင်းမှာ အရေပြားထိန်းသိမ်းမှုကို စတင်သင့်ပါပြီ။

မဟုတ်ရင်အရေးကြောင်းကို ပျောက် အောင်ပြုလုပ်ဖို့ ခက်ခဲတတ်ပါတယ်။

အခုဆိုရင်မျက်နှာအသားအရေအတွက် အပေါ်ယံအလှအပတင်မဟုတ်ဘဲ အရေပြားထိန်းသိမ်းမှု

(Skin Care) ကို လူတွေပိုမိုစိတ်ဝင်စားလာကြပါပြီ။

ဓာတု ပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့ SkinCare ပစ္စည်းတွေကို လူတွေလက်ခံမှု နည်းပါး ကြပါတယ်။

သဘာဝသစ်သီးတွေကို အခြေခံထုတ်လုပ်တဲ့ Skin Care ပစ္စည်းတွေ ပိုမိုအရောင်း သွက်လာပါတယ်။

သဘာဝသစ်သီးတွေနဲ့ သင့်အိမ်မှာပဲ အလွယ် တကူပြုလုပ်နိုင်ပြီး ကုန်ကျမှုအနည်း ဆုံးဖြစ်တဲ့

မျက်နှာအသားအရေ ထိန်းသိမ်းနည်းတစ်မျိုးကိုဖော်ပြပေးပါမယ်။

အိပ်ရာဝင်ခါနီးအချိန်ဟာအသင့်တော်ဆုံးပါ။

အလယ်အလတ်စားအရွယ် စတော်ဘယ်ရီသီးသုံးလုံးကို ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ခွက်တစ်ခု ထဲမှာရောချေပြီး ကြေသွားတဲ့အဖတ် တွေကိုမျက်နှာပေါ်မှာသုံးမိနစ်လောက်တင်ထားကာ ရေဆေးချလိုက်ပါ။

သခွားသီးနဲ့စတော်ဘယ်ရီသီး(မည်သည့်ဘယ်ရီသီးမဆို) တွေကိုပါးပါးလေးလှီးပြီးမျက်နှာပြင်အနှံ့ကပ်ထားပါ။

နှစ်မိနစ် လောက်ကပ်ထားပြီး မျက်နှာအနှံ့ကိုအသီးတွေနဲ့ နှိပ်နယ်ပေးပြီးရေဆေးချပါ။

တစ်ပတ်ကိုတစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ ကြည်လင်ပြီးအရေးကြောင်းကင်းစင်တဲ့မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

သွားပိုးစားခြင်းရောဂါအကြောင်းသိကောင်းစရာ

သွားပိုးစားခြင်းရောဂါကို လူတိုင်းခံစားဖူးကြမည်ထင်ပါသည်။သွားပိုးစားရန်အတွက် အကြောင်းအရာ (၄) ရပ်လိုအပ်ပါတယ်။

အဲဒါတွေကတော့ ပါးစပ်ထဲတွင်

(၁)သွားရှိရမည်။

(၂)စားကြွင်းစားကျန် ရှိရမည်။

(၃)ဘက်တီးရီးယားပိုး ရှိရမည်။


(၄)အချိန် တခု လိုအပ်ပါသည်။

အထက်ပါအကြောင်းရာ (၄)ရပ်ပေါင်းမှသာ သွားပိုးစားခြင်းဖြစ်သည်။ အဲဒီ အကြောင်းအရာ (၄)ရပ်ထဲမှ တစ်ခု မရှိလျှင် သွားပိုးစားခြင်းရောဂါ ဖြစ်ပွားမည် မဟုတ်ပါ။ သွားပိုးစားခြင်းသည် ချက်ချင်းဖြစ်ပွားသည့် ရောဂါမဟုတ်ပါ။

ပါစပ်ထဲမှာရှိတဲ့ သွားမှာကပ်နေတဲ့ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးယားပိုးတွေ ပေါင်းပြီး အက်စစ် တစ်မျိုး(latic acid) ထုတ်ပါတယ်။ အဲဒီအတွက် အချိန် မိနစ် ၉၀ ခန့် လိုအပ် ပါတယ်။ အဲဒီ အက်စစ်က သွားရဲ့ သစ်ရှူးတွေကို ပျက်စီးစေပြီး သွားပိုးစားစေတာဖြစ်ပါတယ်။

သွားမှာ ကြွေသွားလွှာ၊ ဆင်စွယ်နှစ်လွှာ၊ မွသွားလွှာဆိုပြီး အလွှာ(၃)လွှာရှိပါတယ်။ သွားရဲ့ ကြွေသွားလွှာကို ပိုးစားနေချိန်တွင် လူတွေက သိပ်ပြီးသတိ မထားမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာတာ ကျင်တာ ဘာမှမရှိလို့ပါ။ ဒါပေမယ့်

သွားရဲ့မျက်နှာပြင်မှာ အပေါက်ကလေးဖြစ်နေတတ်ပါတယ်။အစာခဏခဏ ညှပ်နေတတ်ပါတယ်။သွားရဲ့ ဆင်စွယ်နှစ်လွှာကို ပိုးစားမှသာ လူတွေသတိထားမိလာပါတယ်။ အဲဒီအချိန်မှာ ရေပူရေအေးသောက်လျှင် နာတာ၊ကျင်တာတွေဖြစ်လာလို့ပါ။

အဲဒီအချိန်မှာ သွားဆရာဝန်ဆီသွားပြပြီးလိုအပ်တဲ့ ကုသမှုခံယူမယ်ဆိုရင်တော့ သွားတချောင်းလုံးဆုံးရှုံးတာကို ကာကွယ်နိုင်တဲ့အပြင် နာတာကျင်တာတွေလဲ ပျောက်ကင်းသွားနိုင်ပါတယ်။အဲဒီလိုမဟုတ်ပဲ ဆင်စွယ်နှစ်လွှာကနေတဆင့် မွှသွားလွှာကို ရောက်ရှိသွားပြီဆိုလျှင်တော့ သွားကိုက်တာဟာ မခံမရပ် နိုင် အောင်နာလာမယ်။ အစာဝင်လျှင်မခံရပ်နိုင်အောင်နာနေမယ်။တချို့ဆိုလျှင် အမြစ်ထိပ်မှာ ပြည်တည်နာဖြစ်မယ်။မျက်နှာတခြမ်းယောင်လာမယ်။အဲဒီအချိန်မှ သွားဆရာဝန်

ဆီ သွားပြမယ်ဆိုလျှင် သွားအကြောထုတ်ကုသတာနဲ့ သွားနှုတ်တာ တစ်ခုခုပဲ လုပ်လို့ရတော့မယ်။မိမိရဲ့သွားဆုံးရှုံးဖို့ တော်တော်လေး များသွား ပြီ ဖြစ်ပါတယ်။

သွားပိုးစားရောဂါကိုမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား ၊ ကာကွယ်ဖို့ ကာကွယ်ဆေးရှိလား၊ ဘယ်လိုကာကွယ်ရမလဲလို့ တချို့က မေးကြပါတယ်။ သွားပိုးစားရောဂါကို ကြိုတင်ပြီးကာကွယ်လို့ရပါတယ်။ကာကွယ်ဆေးကတော့ အခုချိန်

ထိတော့ မရှိသေးပါဘူး။ဘယ်လိုကာကွယ်ရမလဲဆိုရင်တော့ ကျွန်တော် အထက်ကပြောခဲ့တဲ့ သွားပိုးစားခြင်းဖြစ်ရန်အကြောင်း(၄)ရပ်ထဲက တစ်ခုခုမရှိရင် သွားပိုးမစားဘူးဆိုတာပါပဲ။အဲဒီ(၄)ခုလုံးတွဲမနေအောင် ကာကွယ်ရပါမယ်။ အရိုးရှင်းဆုံးနည်း

ကတော့ ခံတွင်းကို သန့်ရှင်အောင်ထားရပါမယ်။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေသွားမှာကပ်မနေအောင် သွားတိုက်ရပါမယ်။

သွားတိုက်လျှင် လိုက်နာရမယ့် စည်းကမ်း တွေ ရှိပါတယ်။အဲဒါတွေကတော့

(၁) နူးညံ့တဲ့အမျှင်တွေပါတဲ့သွားတိုက်တံနှင့် ဖလိုရိုက်(ဖ်) ပါသောသွားတိုက်ဆေးကိုသုံးပြီး လျှာအပါအ၀င် သွားရဲ့မျက်နှာပြင်အားလုံးကို တိုက်ရပါမယ်။

(၂) သွားဖုံးကနေ ၄၅ဒီဂရီ စောင်းပြီး သွားရဲ့အမြစ်ဘက်ကနေ ကြိတ်ဝါးတဲ့ဘက် ကိုဦးတည်ပြီး အထက်အောက်ဆွဲချရပါမယ်။

(၃)မနက်စာစားပြီးချိန်နနဲ့ ညအိပ်ယာမ၀င်ခင် အနည်းဆုံး တနေ့နှစ်ကြိမ် သွားတိုက်ရပါမယ်။(ဖြစ်နိုင်ရင် နေ့လည်စာစားပြီးချိန်တွင်လည်း သွားတိုက်သင့်ပါတယ်)


(၄) သွားတိုက်ချိန်အနည်းဆုံး ၂မိနစ်ခန့် အချိန်ယူပြီးတိုက်ရပါမယ်။

(၅)သွားတစ်ချောင်နှင့်တစ်ချောင်းကြားသန့်ရှင်းရေးအတွက် Dental floss (သို့)

သွားကြားထိုးတံ အသုံးပြုပြီးသန့်ရှင်းရပါမယ်။

အဲဒါတွေကတော့ စနစ်မှန် သွားသန့်ရှင်းရေး လုပ်နည်းတွေဖြစ်ပါသည်။

အဲဒါတွေအပြင် ခံတွင်းသန့်ရှင်းရေးအတွက် အာလုတ်ကျင်းဆေးရည်တွေကို လဲအသုံးပြုနိုင်ပါတယ်။ ဥမမာ။ ။ Listerine mouthwash, Chlorhexidine mouthwash, Betadine mouthwash.

ချိုပြီးစီးကပ်တဲ့ အစားအစာတွေကိုရှောင်သင့်ပါတယ်။အရည်ရွှမ်းတဲ့အသီအနှံ၊အ မျှင်ဓာတ်ပါတဲ့ အစားအစာတွေကိုစားသုံးသင့်ပါတယ်။

အစားအစာစားပြီးတိုင်း အာလုတ်ကျင်းရပါမည်။အဲဒါတွေကို လိုက်နာမယ်ဆိုရင် သွားပိုးစားခြင်းရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။



` အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ ’
Moe Watan

အသက်ရှည်ရှည်နေရအောင်



အသက် ၁၀၀ကျော် မနေချင်ကြသော်လည်း စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့  လိုရင်းတိုရှင်းအချက်လေးများ
(၁) စောစောအိပ်ရာထပါ။
(၂) အလွန်အကျူး မစားပါနှင့်။ ခန္ဓာကိုယ်ကို ၀န်ပိစေပါတယ်။
(၃) စိတ်မရွှင်မပျ ဖြစ်ရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ဖြစ်ဖြစ်သွားကြည့်လိုက်ပါ။
(၄) အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။
(၅) မိမိပတ်ဝန်းကျင်မှာ ပြောင်းလဲနေတာကို လက်ခံပါ။ လိုက်လျောစွာ နေတတ်ပါ။
(၆) ပင်စင်ယူတော့မယ်ဆိုရင် မိမိဝါသနာပါ ထက်သန်တဲ့ အလုပ်တစ်ခုရှိပါစေ။
(၇) မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊ ပိုပြီးကျန်းမာလေပါ။
(၈) ဆေးဝါးကို နည်းနိုင်သမျှ နည်းနည်းသာ မှီဝဲပါ။
(၉) နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောက ဖြစ်မနေပါနဲ့။
(၁၀) အစားအသောက်ကို တိုးစားလိုက်၊ လျော့စားလိုက် မလုပ်ပါနဲ့။
(၁၁) ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။
(၁၂) နှစ်သက် သဘောကျတဲ့ ၀ါသနာတစ်ခု ရှိနေရင် စိတ်တက်ကြွ ရှင်သန်နေပါမယ်။
(၁၃) သကြား၊ အချိုများတဲ့ အစားအသောက် ရှောင်ပါ။
(၁၄) အဆီအဆိမ့်များတဲ့ အစားအသောက် ရှောင်ပါ။
(၁၅) ထုတ်ပိုးပြုပြင်ထားသောအစားများ ရှောင်ပါ။
(၁၆) သစ်သီး၊ ဟင်းသီးဟင်းရွက် အစိမ်းများများ စားပါ။
(၁၇) ရေတွေ၊ အရည်တွေ များများသောက်ပါ။
(၁၈) တစ်နေ့ ငှက်ပျောသီးတစ်လုံး စားဖြစ်အောင်စားပါ။ (ငှက်ပျောသီးက ပန်းသီးထက်
ခန္ဓာကိုယ်အတွက် ပိုကောင်းပါတယ်)
(၁၉) တတ်နိုင်သမျှ အသားစားတာ လျော့ပါ။
(၂၀) မိမိရင်ထဲခံစားရတဲ့ ဝေဒနာတွေကို အရင်းနှီးဆုံး လူတွေထံ ရင်ဖွင့်ပါ။
(၂၁) မိမိအချစ်ဆုံးသူကို အနည်းဆုံး တစ်နေ့တစ်ခါ “ချစ်တယ်” လို့ ဖွင့်ပြောပါ။
(အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ဆင်ခြင်ကင်းမဲ့သော ကမ္ဘာကြီးတွင် ချစ်မေတ္တာထားခြင်းသည်
စိတ်ဖိစီးမှုကို သက်သာစေပါတယ်)
(၂၂) တစ်ပတ် အနည်းဆုံး (၃)ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း
(လမ်းလျှောက်၊ ရေကူး) လုပ်ပေးပါ။
(၂၃) တစ်ပတ်မှာ နေ့တစ်ဝက်လောက် မိမိစိတ်ချမ်းသာတာကို လုပ်လိုက်ပါ။
(၂၄) ဘ၀ကို ပျော်ရွှင်စရာ စွန့်စားခန်းတစ်ခုလို သဘောထား ခံစားပါ။
(၂၅) အဆိုးဆုံးကို ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ (အဆိုးဆုံးကို သိရှိလက်ခံလိုက်တာနဲ့
ကြောက်ရွံ့တုန်လှုပ်စိတ်တွေအတော်များများပျောက်ကွယ်သွားတာ အံ့သြဖွယ် တွေ့ရမှာပါ)
(၂၆) ဘ၀ကို အလဟသ မဖြုန်းတီးပဲ မိမိ လုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
(၂၇) တယ်လီဖုန်းတွေက မိမိတို့ဘ၀ကို လွှမ်းမိုးခြယ်လှယ်နေတာ ခွင့်မပြုပါနဲ့။
(၂၈) မိမိစိတ်ကြိုက် ရေးချင်ရာရေးနိုင်ဖို့ နေ့စဉ်မှတ်တမ်းစာအုပ်ထားပါ။
(၂၉) စိတ်ထိခိုက်ဝမ်းနည်း ဒေါသဖြစ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု
တစ်ခုခု ပြုလုပ်ခြင်းဖြင့် စိတ်ဖြေဖျောက်ပါ။
(၃၀) ကြိုက်တဲ့ ရုပ်ရှင်ကြည့်နေလို့၊ ချစ်သူ၊ မိတ်ဆွေတွေနဲ့ ညစာထွက်စားနေလို့
တစ်ခါတစ်ရံ အိပ်ရာဝင်နောက်ကျတာ ကျပါစေ။
(၃၁) နေအိမ်မှာ အလင်းရောင် အားကောင်းတဲ့ မီးလုံးမီးချောင်း ရှိပါစေ။
(၃၂) ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်းလျော့သောက်ပါ။
(၃၃) မိမိကိုယ်ကို မိမိနှစ်သက်သလို ၀တ်စားဆင်ယင်ပါ။
(၃၄) ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပ်ပေးပါ။
(၃၅) ငြီးငွေ့မှု ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
(၃၆) T.V အစီအစဉ်ကို ရွေးကြည့်ပါ။ အကြာကြီး မကြည့်ပါနဲ့။
(၃၇) မိမိရဲ့စွမ်းအားကို လျော့မတွက်ပါနဲ့။
(၃၈) အများသုံး ရေချိုးခန်း၊ အိမ်သာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
(၃၉) မိမိခန္ဓာကိုယ်က အချက်ပေးတာ နားထောင်လိုက်နာပါ။ (ဆရာဝန်ကိုသာ
အားကိုးပုံအပ်ခြင်း မပြုပါနဲ့)
(၄၀) လေကောင်းလေသန့် များများရှူပေးပါ။


*** ပျော်ရွှင်ရေးအတွက်…
(၁) လက်ရှိ အချိန်ကာလကို ခံစားနေထိုင်တတ်ပါ။
(၂) လှိုက်လှိုက်လှဲလှဲ ရယ်မောပါ။
(၃) မအိပ်ခင် စာကောင်းကောင်းလေးတွေ ဖတ်ပြီး အိပ်ရာဝင်ပါ။
(၄) ဂီတ နားဆင်ပါ။
(၅) စိတ်ရော ကိုယ်ပါ ကစဥ့်ကလျား မဖြစ်ပါစေနဲ့။
(၆) မလိုတာတွေ မလုပ်၊ မပြော၊ လက်မခံပဲ ငြင်းတတ်ပါစေ။
(၇) စိတ်ညစ်စရာ ပြဿနာတွေကို ဖြေရှင်းဖို့ စာရင်းလုပ်လိုက်ပါ။
(၈) တစ်ချိန်မှာ တစ်မျိုးပဲ အာရုံစိုက်ပါ။
(၉) လေကောင်းလေသန့်ရှူပါ။ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပါ။
(၁၀) မိမိချစ်သော ခွေးကလေးနှင့် လမ်းလျှောက်ထွက်ပါ။ (တိရိစ္ဆာန်လေးများကို
ကြင်နာတတ်ပါစေ)
(၁၁) ဘာသတင်းကိုမှ နားမစွင့်တဲ့နေ့ ရှိပါစေ။
(၁၂) လင်းလင်းရှင်းရှင်း၊သန့်သန့်ေ မွှးမွှေး နေတတ်ပါ။
(၁၃) လုပ်ငန်းခွင်ကို ခေတ္တမေ့ထားတဲ့အခါ ရှိပါစေ။
(၁၄) တိတ်ဆိတ် အေးငြိမ်းသော နေရာများသို့ သွားလည်ပါ။
(၁၅) လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီပါ။ လုပ်အားပေးပါ။
(၁၆) တစ်ယောက်တည်း နေတတ်ပါစေ။
(၁၇) စိတ်ပါ လက်ပါ လမ်းလျှောက် လှုပ်ရှားမှုပြုပါ။
(၁၈) ရင်းနှီးချစ်ခင်သော ဆက်ဆံရေးသည် ရောင်ပြန်ဟပ်တတ်တာ နားလည်ပါ။
(၁၉) ဘာသာတရား ကိုင်းရှိုင်းပါ။
(၂၀) အကောင်းမြင် မေတ္တာထားတတ်ပါစေ။

FW mail ကရတာပါရှင်

ခြင်ဆေးခွေနှင့် ကျန်းမာရေးအန္တရာယ်




ခြင်ဆေး ခွေသည် အိမ်တိုင်း လိုလို တွင် သုံး ကြသော မရှိ မဖြစ် ပစ္စည်း တစ် ခု ဖြစ် နေ သည်။ ညနေ စောင်း လာ သည်နှင့် အမျှ ကို ရွှေခြင် တို့သည် သောင်းကျန်းကြ ရာ ရောဂါပိုးများ သယ်လာနိုင်သော ခြင် များအား နှိမ်နှင်းရန် ခြင်ဆေးခွေကို ဆောင်ထားကြရသည်။

ခြင်ဆေးခွေကိုတော့ အားလုံးသိကြ ပြီးဖြစ်သည်။

ခြင်ပြေးစေရန် အနံ့ကောင်း ကောင်းထွက်အောင် ပြုလုပ်ထားသော အရစ်ခွေသဏ္ဍာန် Pyrethrum ပါဝင် သော အခွေလေးများဖြစ်သည်။

ခြင်ဆေး ခွေထွန်းလျှင် အရစ်ခွေ၏ အပြင်ဘက် စွန်းမှ မီးညှိပြီးအလယ်မှ ဒေါက်တိုင်လေး ဖြင့် ထောင်ထားရသည်။

ခြင်ဆေးခွေမှ ခြင် ပြေး စေသော မီးခိုးများထွက်စေသည်။ ပုံမှန်ခြင်ဆေးခွေအဝိုင်းအဝန်းသည် အချင်း အားဖြင့် ၁၅ စင်တီမီတာမျှရှိပြီး၊ ရှစ်နာရီခန့်ကြာအောင် အသုံးပြုနိုင်သည်။

ခြင်ဆေးခွေကို အာရှ၊ အာဖရိကနှင့် တောင်အမေရိကတိုက်တို့တွင် ကျယ်ပြန့် စွာ အသုံးပြုကြသည်။

ခြင်ဆေးခွေ၏သမိုင်း

ခြင်ဆေးခွေတွင် ပါဝင်သော Pyrethrum ကို ပါရှန်းပြည်နှင့် ဥရောပတိုက်တို့ တွင် ရှေးရာစုနှစ်များစွာကတည်းက ပိုး မွှား သတ်ဆေးအဖြစ် အသုံးပြုခဲ့ကြပြီး၊ ခြင်ဆေးခွေကိုမူ ၁၈၉၀ နှစ်များအတွင်း က ဂျပန်စီးပွားရေးသမား အီချီယိုယူရီရှီး မားက တီထွင်ခဲ့သည်။

ထိုအချိန်က ဂျပန် လူမျိုးတို့သည် ခြင်ပြေးစေရန် အတွက် ခွက်တစ်ခွက်ထဲတွင် လွှစာမှုန့် များနှင့် Pyrethrum ကို ရောထည့်ပြီး မီးရှို့ကာ အသုံးပြုခဲ့ကြသည်။

ယူရီရှီးမား က ဆန်မှုန့်၊ လိမ္မော်ခွံခြောက်မှုန့်နှင့် Pyrethrum အမှုန့်တို့ကို ရောမွှေပြုလုပ်၍ ခြင်ဆေးတိုင်ကို ပြုလုပ်ခဲ့သည်။

၎င်းခြင် ဆေးတိုင်မှာ မိနစ် ၄၀ ခန့်မျှသာ အထွန်း ခံသည်။ ခြင်ပြေးစေရန်အတွက် တို တောင်းလွန်းသည်ဟုဆိုရမည်။

၁၈၉၅ တွင် သူ၏ဇနီးသည် ယူကီက ခြင်ဆေး တိုင်များအား ပိုထူ၊ ပိုရှည်အောင်ပြုလုပ် ပြီး၊ အရစ်ခွေသဏ္ဍာန်ခွေကြည့်ရန် အကြံ ပေးခဲ့သည်။ အမျိုးမျိုးစမ်းသပ်လုပ်ဆောင် ကြည့်ပြီး ၁၉၀၂ ခုနှစ်ရောက်မှ အရစ်ခွေ သဏ္ဍာန်ခြင်ဆေးခွေမှ လိုအပ်သောကာလ အတိုင်းအတာထိ မီးမငြိမ်းဘဲ စွမ်းဆောင် နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

၎င်း နည်းလမ်းတွင် ခြင်ဆေးများအား အရှည် ကြီးပြုလုပ်ပြီး လိုချင်သလောက် ဖြတ် ကာ ရစ်ခွေခြင်းပါဝင်သည်။ ထိုကာလတွင် တော့ လက်ဖြင့် လုပ်ဆောင်ရခြင်းဖြစ်ပြီး ၁၉၅၇ ထိ ဤနည်းကိုသာ သုံးခဲ့ကြ သည်။ ထို့နောက်ပိုင်းတွင် စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးလာပြီး ပမာဏအများကြီးကို စက်ဖြင့်ထုတ်လုပ်နိုင်ခဲ့ကြသည်။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးသည့်အချိန်တွင် ၄င်း၏ ကုမ္ပဏီဖြစ်သော Dainihon Jochugiku Co.Ltd တရုတ်နှင့် ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံအတော်များများတွင် ဖက်စပ် လုပ်ငန်းများတည်ထောင်ပြီး ခြင်ဆေးခွေ များ ထုတ်လုပ်ခဲ့ရာမှ ယနေ့ခြင်ဆေးခွေ စက်ရုံများ အစပျိုးခဲ့ခြင်းဖြစ်သည်။

ခြင်ဆေးခွေတွင် ပါဝင်သောပစ္စည်း များ

ခြင်ဆေးခွေတွင် အောက်ပါတို့ အနက်မှ အချို့ပါဝင်ကြသည်။
- Pyxethrum (သဘာဝအပင်မှရ သော အမှုန့်)
- Pyrethrins (Pyrethrum ထဲမှ အင်းဆက်ပိုးမွှားများအား သေစေသော ဓာတုပစ္စည်း)
- Allethrin (d-trans-alletrin ဟု လည်း ခေါ်ကြသည်)
- Esbiothrion (Allethrin တစ်မျိုး)
- Dibutyl hydroxyl toluene (BHT) (Pyrethroid များလောင်ကျွမ်းရာ တွင် ဓာတ်တိုးခြင်းမှကာကွယ်ရန် သုံး သောပစ္စည်း)
- Piperonyl butoxide (PBO) (Pyrethroid များ၏ အာနိသင်ပိုထက် စေရန် သုံးသောအကူပစ္စည်း)

ခြင်ဆေးခွေ၏ ကောင်းကျိုးများ

ယနေ့သုံးစွဲနေကြသော ခြင်ဆေးခွေ များသည် မီးမငြိမ်းဘဲ ရှစ်နာရီခန့်ကြာ သည်ထိ ခြင်ပြေးစေနိုင်သော သတ္တိရှိသည်။ စမ်းသပ်မှုများအရ ခြင်ကိုက်ခြင်းကို ၈၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သည်။

ခြင် ဆေးခွေများသည် ဈေးချိုပြီး မီးညှိရုံမှအပ ထူးထူးထွေထွေလုပ်ရန်မလိုသောပစ္စည်းများ ဖြစ်သည်။

သယ်ဆောင်ရလွယ်ကူပြီး ဖယောင်းတိုင်များ၊ အမွှေးတိုင်များအဖြစ် လည်း ထည့်သွင်းရောင်းချကြသည်များရှိ သည်။

ခြင်ဆေးခွေ၏ ဆိုးကျိုးများ

ခြင်ဆေးခွေသုံးခြင်းဖြင့် ဆိုးကျိုးများ လည်းရှိသည်။ ၁၉၉၉ ခုနှစ်အတွင်းက တောင်ကိုရီးယားနိုင်ငံတွင် ခြင်ဆေးခွေ မီးမှ စတင်၍ သုံးထပ်အဆောက်အဦတစ် ခု မီးလောင်ပြီး ကလေးများအပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ရသည်။

မြန်မာနိုင်ငံ တွင်လည်း ခြင်ဆေးခွေမီးမှ စတင်သော မီးလောင်မှုများ မကြာခဏဖြစ်ပွားခဲ့ ကြောင်း တွေ့ကြရသည်။

ထို့ပြင် ခြင်ဆေးခွေမီးခိုးများမှ ထွက်လာသော မီးခိုးများနှင့် ဓာတုပစ္စည်းများကလည်းကျန်းမာရေးကို ထိခိုက်စေ နိုင်သည်။

ခြင်ဆေးခွေအသုံးပြုသူများအနေ ဖြင့် အောက်ပါအချက်များကို သိထားသင့် သည်။


- ခြင်ဆေးခွေကို ရှစ်နာရီထိ အထွန်းခံအောင် အုန်းဆံဖတ်များ၊ လွှစာ မှုန့်များ၊ ဆိုးဆေးများဖြင့် ပြုလုပ်ထားလေ့ ရှိသည်။
- ခြင်ဆေးခွေမှ ထွက်သော ဓာတု ပစ္စည်းများသည် လေထုထဲတွင် ရှိသင့် သည့်ပမာဏထက်များပြားသည်။


- ခြင်ဆေးခွေတစ်ခွေမှ ထွက်လာ သော မီးခိုးပမာဏသည် စီးကရက် ၇၅ လိပ်မှ ၁၃၇ လိပ်ထိ သောက်သုံးရာမှ ထွက်လာသော မီးခိုးပမာဏနှင့် တူညီ သည်။


- ခြင်ဆေးခွေမှ ထွက်သော မီးခိုး များနှင့် ထိတွေ့ခြင်းဖြင့် ကျန်းမာရး ပြဿနာများဖြစ်နိုင်သည်။


- မီးခိုးများစွာ ရှူရှိုက်မိခြင်းဖြင့် ရင်ကြပ်ခြင်း၊ အဆုတ်ရောဂါဖြစ်ခြင်းများ ပိုဆိုးနိုင်သည်။


- ခြင်ဆေးခွေ မီးလောင်ကျွမ်းရာမှ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်သော formaldehyde, octachlorodipropyl ether နှင့် bischloromethyl ether တို့ ထွက်လာသည်။


- ခြင်ဆေးခွေ၏ အဓိကဓာတုပစ္စည်း ဖြစ်သော Pyrethroid အင်းဆက်သတ် ဆေးသည် အခြေခံအားဖြင့် လူသားများ ကို အန္တရာယ်မရှိနိုင်သော်လည်း မျက်လုံး နှင့် အရေပြားကို ယားယံစေနိုင်သည်။ အချို့သူများတွင် ဓာတ်မတည့်ခြင်းဖြစ်နိုင် သည်။


- ခြင်ဆေးခွေ မီးလောင်ရာမှ ထွက် လာသော ဘေးထွက်ပစ္စည်းဖြစ်သော formaldehyde ပမာဏသည် စီးကရက် ၅၁ လိပ်သောက်ရာမှ ထွက်လာသော ပမာဏနှင့် ညီမျှပြီး၊ ၄င်းသည် နှာခေါင်း ကင်ဆာ (Nasal Sinus Cancer) နှင့် သွေးကင်ဆာ (leukaemia) တို့ကို ဖြစ်စေ နိုင်သည်။


- အခြား၊ ထွက်လာတတ်သော ဓာတုပစ္စည်းဖြစ်သည့် bischloromethyl ehter သည် အဆုတ်ကင်ဆာကို ဖြစ်စေ တတ်သည်။

ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)

ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းမှု

ဆောင်းဝင်လာပြီနော်။ အနွေးထည်လှလှလေးတွေနဲ့ စတိုင်ထုတ်လို့ရပြီ။ စောင်အထူကြီးတွေ ခြုံပြီး ဇိမ်လေးနဲ့ အိပ်လို့ရပြီ။ အရမ်းချမ်းတဲ့နေရာတွေမှာ မီးပုံပွဲလုပ်ပြီး အရမ်းပျော်စရာကောင်းတဲ့ ရာသီပေါ့။ ဒါပေမယ့် ဆောင်းရာသီနဲ့ တွဲလာတာက အသားပတ်၊ အသားခြောက်တာတွေပါပဲ။ ဆံပင်တွေလည်း ခြောက်သွေ့ပျက်စီးတတ်တယ်လေ။ အဲလိုတွေ မဖြစ်အောင် ရင်နှင်းရဲ့ သူငယ်ချင်းလေးတွေ ဆောင်းရာသီမှာလည်း လှသထက်လှနေအောင် ဘယ်လိုအသားအရေထိန်းသိမ်းရမယ်ဆိုတာ ပြောပြမယ်နော်။

Hair

ဆောင်းလေအေးအေးက အသားအရည်ကို ခြောက်သွေ့စေသလို၊ ဆံပင်တွေကိုလည်း ခြောက်သွေ့ပျက်စီးစေတယ်။ အဲဒီဒဏ်ကို ခံနိုင်ဖို့ ရင်နှင်းတို့ဆံပင်လေးတွေကို အစိုဓာတ်ပြည့်ဝနေအောင် အားဖြည့်ထားဖို့ လိုတယ်လေ။ အဲဒီတော့ သံလွင်ဆီကို အားကိုးရတော့မှာပေါ့။ အုန်းဆီ ( သို့ ) သံလွင်ဆီကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆံပင်အရင်းကနေ အဖျားထိ သေချာလိမ်းပေးရမယ်။ ပြီးတော့ ဦးရေပြားကိုလည်း သေချာနှိပ်နယ်ပေးဖို့ လိုတယ်နော်။ ပြီးတော့ နာရီဝက်လောက်နေမှ ခေါင်းလျှော်လိုက်ပါ။ ဒီလိုလုပ်တာ ကောင်းတယ်ဆိုပြီး ခဏခဏလည်း ခေါင်းမလျှော်မိစေနဲ့ဦးနော်။ တပတ်ကို ၂ ကြိမ်လောက်ပဲ
လျှော်ပါ။

ဆံပင်က ခြောက်သွေ့နေတဲ့အခါ အဖျား ၂ ခွ တွေဟာ ပိုဆိုးလာတတ်တယ်။ ဒါကြောင့် အဖျား၂ ခွ တွေရှိနေရင် ဆံပင်ကို တိပေးနော်။ ခုတိုသွားမှာကို မနှမြှောပါနဲ့။ မဟုတ်ရင် ၂ ခွတွေ ဆံပင်အဖျားကနေ တဖြည်းဖြည်းအပေါ်ကို တက်လာပြီး ဆံပင်တစ်ချောင်းလုံး ကုန်သွားနိုင်တယ်လေ။

ဆောင်းရာသီက အေးတော့ ဆံပင်ဖားလျားချပြီး ပဲများလို့တော့ ကောင်းတာပေါ့။ ဒါပေမယ့် ဆောင်းလေဒဏ်ကို ပိုခံရနိုင်တယ်လေ။ ဆောင်းလေအေးက ကဗျာသာဆန်ပေမယ့် ဆံပင်ကို ပျက်စီးစေနိုင်တယ်ဆိုတော့ ဆံပင်ကို ထုံးထားတာတို့၊ စည်းထားတာတို့၊ ကျစ်ဆံမြီးကျစ်ထားတာတို့ လုပ်ထားသင့်တယ်နော်။

ဆံပင်ကို ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးလိုက်လည်း ခဏခဏ မလုပ်ပါနဲ့။ ဆံသားတွေက နဂိုထဲကမှ ခြောက်ချင်နေတာကို အဲလိုလုပ်နေရင် ပိုဆိုးမှာလေ။ ဖြစ်နိုင်ရင် ခေါင်းလျှော်ပြီးရင်တောင် လေမှုတ်စက်မသုံးတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဆံပင်အစိုကြီးနဲ့ ချမ်းနေရင်တော့ လေမှုတ်စက်ကို အပူချိန်နဲနဲနဲ့ပဲ သုံးနော်။


Skin

အသားအရေလှပဖို့ဆိုတာ လိမ်းဆေးတွေကိုပဲအားကိုးလို့မရဘူးဆိုတာ ရင်နှင်းခဏခဏပြောနေလို့ သူငယ်ချင်းတွေလည်း သိလောက်ပြီပေါ့နော်။ အာဟာရပြည့်ဝတဲ့အစားအစာတွေကို များများစားပြီး ရေကိုလည်းများများသောက်ပေးမှ အသားအရေလေးက တကယ်ကိုလှလာမှာလေ။ အသားအရည်ကို ခြောက်သွေ့စေတဲ့ ဆောင်းရာသီရောက်လာတဲ့အခါ အဟာရဓာတ်တွေ ရေဓာတ်တွေကို ပိုလိုလာပြီပေါ့။ ဒါကြောင့် ရေကိုလည်း များများသောက်၊ ဟင်းသီးဟင်းရွက်တွေလည်းများများစား၊ ဟင်းချက်တဲ့အခါ သံလွင်ဆီလေးထည့်ချက်နိုင်ရင် အကောင်းဆုံးပဲနော်။
ဆောင်းရဲ့ အအေးဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့ အစိုဓာတ်ထိန်းခရမ်လေးတွေကို မရှိမဖြစ် လိုအပ်လာပြီလေ။ မျက်နှာသစ်ပြီးတိုင်း ရေချိုးပြီးတိုင်းမှာ မျက်နှာကိုရော ခန္ဓာကိုယ်ကိုရော အစိုဓာတ်ထိမ်းခရမ်တွေ လိုးရှင်းတွေလိမ်းပေးသင့်တယ်နော်။ ညအိပ်ရာမ၀င်ခင်မှာလည်း မျက်နှာကို အစိုဓာတ်ထိန်းခရမ်လေး လိမ်းဖို့ မမေ့ပါနဲ့။
ဆောင်းရာသီမှာ ရေကလည်း အေးမှအေး။ ရင်နှင်းဆို ရေချိုးဖို့ကို စဉ်းစားနေတာကို နာရီဝက်လောက် ကြာတယ်။ :D ရေကလည်း မချိုးလို့မဖြစ်ဆိုတော့ ရေနွေးနဲ့ပဲ ချိုးဖြစ်ရော။ ဒါပေမယ့် ရေနွေးနဲ့ ရေချိုးတာ မကောင်းဘူးတဲ့။ အရေပြားပေါ်က အစိုဓာတ်တွေက ရေနွေးကြောင့် ခမ်းခြောက်နိုင်တာကိုး။ ဒါပေမယ့် ရေအေးနဲ့ မချိုးနိုင်လောက်အောင် ချမ်းနေတဲ့အခါ ရေနွေးကိုအားကိုးရမှာလေ။ အဲလိုဆိုရင်တော့ ရေနွေးနဲ့ ချိုးပါ။ ဒါပေမယ့် ဘုရား၊ တရား၊ သံယာ တဲ့။ ၃ ခွက်ပဲချိုးတဲ့။ :D နောက်တာနော်.. မြန်မြန်ချိုးလို့ ပြောတာပါ။
My Girl ဆိုတဲ့ ကိုရီးယားကားကို သိတယ်ဟုတ်။ ချိုဝမ် ပါတယ်လေ။ အဲကားထဲက "Never Say
Good Bye !!! " ဆိုတဲ့သီချင်းက နေရောင်ကာလိမ်းဆေးတွေကို ပြောတာသိလား။ :D နေပူပူ မိုးအုံ့အုံ့ နွေဖြစ်ဖြစ် ဆောင်းဖြစ်ဖြစ် နေရောင်ခြည်က UV Rays တွေ ဒဏ်ကိုခံရနိုင်တော့ နေ့ဘက်အပြင်ထွက်မယ်ဆိုရင် အပြင်မသွားခင် နာရီဝက်အလိုထဲက နေရောင်ကာလိမ်းဆေး ကြိုလိမ်းထားတော့နော်။


Lips


ဆောင်းရာသီမှာ နှုတ်ခမ်းကတော့ ခြောက်မှာပဲ။ ဒါပေမယ့် နှုတ်ခမ်းကို လျှာနဲ့ မသပ်မိစေနဲ့နော်။ တံတွေးတွေက နှုတ်ခမ်းကို ပိုခြောက်စေတယ်လေ။ အဲ့ဒီတော့ နှုတ်ခမ်းနီအဆီလေးတွေ ဆိုးပေးပါ။ Vit E ပါတဲ့ နှုတ်ခမ်းနီအဆီက ပိုကောင်းပါတယ်။ အဲ့ဒါလေး ဆောင်ထားပြီး နှုတ်ခမ်းနီပျက်သွားတိုင်း ဆိုးပေးပေါ့။ Petroleum Jelly တို့ သံလွင်ဆီတို့ လိမ်းပေးလည်း ရပါတယ်။
နှုတ်ခမ်းအက်ကွဲသွားပြီး အဖတ်လေးတွေကွာနေရင်တော့ လုံးဝမခွာမိစေနဲ့နော်။ အဲ့တော့ အဖတ်တွေကို ဖယ်ချင်ရင် Petroleum Jelly ဖြစ်ဖြစ်၊ ထောပတ်ဖြစ်ဖြစ် နှုတ်ခမ်းကိုအရင်လိမ်းပြီးမှ သွားပွတ်တံအမွှေးနုနုလေးဖြစ်ဖြစ်၊ အမွှေးနုပ၀ါလေးဖြစ်ဖြစ်နဲ့ ဖြည်းဖြည်းလေးပွတ်ပြီး ဖယ်ပါ။

Hands, Legs And Nails


ဆောင်းရာသီမှာ တစ်ကိုယ်လုံးကို ဂရုစိုက်မှဖြစ်မှာလေ။ အဲ့တော့ ခြေတွေ လက်တွေကိုလည်း အစိုဓာတ်ထိန်းခရမ်လေးတွေ လိမ်းပေး၊ ရေကိုင်မယ်ဆိုရင် ရာဘာလက်အိတ်လေးနဲ့ကိုင်၊ ရေကိုင်ပြီးရင်လည်းအစိုဓာတ်ထိန်းခရမ်လေးတွေကို ပြန်လိမ်းပေးသင့်ပါတယ်။ ခြေသည်း လက်သည်း ခြေသည်းတွေကိုလည်း Base Coat လေး ဆိုးပေးထားရင် ပိုကောင်းတယ်နော်။

ဒီလောက်ဆိုရင် ဆောင်းရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သူငယ်ချင်းတို့ ကောင်းကောင်းသိလောက်ပြီပေါ့နော်။ ရင်နှင်းသူငယ်ချင်းလေးတွေ ဆောင်းရာသီကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်ကြပါစေရှင့်။


myanmarskylink မှ ကူးယူဖော်ပြပါသည်။

ဆောင်းရာသီအတွက် ရာသီစာ

ဆောင်းရာသီအတွက် ရာသီစာ

အအေး ဓာတ် လွှမ်းခြုံ လာပြီ ဖြစ်သော ယခုလ မှစ တင်၍ ဆောင်းရာ သီတစ် လျှောက် အတွင်း မိမိအိမ်ရှိ ရေခဲ သေတ္တာ ထဲတွင် အမြဲမပြတ်ထားရှိအပ်သော အာဟာရ ကြွယ်ဝသည့် အစားအစာများမှာ အောက်ပါတို့ပင် ဖြစ်သည်။

ဥအမျိုးမျိုး
- အဟာရြွကယ်ဝရုံမက ချက်ပြုပ် ရလည်းလွယ်ကူသည်။

ဒိန်ချဉ်
- ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး သောကြောင့် ယခုရာသီတွင် အအေးမိ၊ နှာစေးချောင်းဆိုးဖြစ်ခြင်းကို လျှော့ကျ စေသည်။

ပဲအမျိုးမျိုး
- အဟာရြွကယ်ဝ၍ ခွန်အားကို တိုးမြှင့်ပေးသည်။

ချိစ်(Cheese)
- နေရောင်အရနည်းသောဤရာသီ တွင် Vitamin D နှင့် Calcium ဓာတ် ကြွယ်ဝသော Cheesse ကိုစားသုံး သင့်သည်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်
- ကိုယ်ခံအား ကောင်းမွန်ရန်နှင့် ဗီတာမင်၊ သတ္တုဓာတ်များရရှိရန်လိုအပ် သည်။

ဆန်၊ ဂျုံ၊ ပြောင်း
- ချမ်းအေးသောရာသီတွင် ၄င်းတို့ ကို ချေဖျက်ခြင်းမှ ခန္ဓာကိုယ်အပူဓာတ် ကို ထုတ်လွှတ်ပေးနိုင်သည်။

Tuna ငါး
- စည်သွပ်ဘူးပါ Tuna ငါးများသည် ခံတွင်းမြိန်စေ၍ ကျန်းမာရေးအတွက် လည်း သင့်လျှော်သည်။


Healthcare

ရောဂါများအတွက် အသီးအရွက်များနဲ့ ဖြေရှင်းမည်

ဖရဲသီးသည် အသားအရည်ကို လှပစေနိုင်

လတ်ဆတ် သည့် ဖရဲသီးတစ်လုံးကို ယူ၍ အပေါက် ဖောက်ပြီး ထို အပေါက် ထဲ သို့ ဆန်လက် (၃)ဆုပ်၊ မြေဖြူ လက်တစ် ဆုပ်၊ ပရုတ် အနည်းငယ် သံပုရာ (၂) ဇွန်း ထည့်ပါ။ တစ်ပတ်ခန့်ထားပြီး အရိပ် အောက်တွင် အခြောက်ခံ အမှုန့်ပြုပါ။ ဆေးမှုန့်၊ လက်ဖက်ရည် (၁) ဇွန်းကို နွားနို့အနည်းငယ်ရောပြီး အသားအရည် လိမ်းဆေးတစ်လက်အဖြစ် အသုံးပြုနိုင် ပါသည်။

နနွင်းကိုသောက်သင့်

နှလုံးသွေးကြောရော၈ါခံစားနေရသူ များ၊ ဆေးလိပ်သောက်သုံးသူများ၊ ကိုလက် စထရောများ သူများ နနွင်းကိုသောက် သုံးသင့်ပါသည်။ နနွင်းတွင် ကာကူမင် (crcumin) ခေါ် ပစ္စည်းတစ်မျိုးပါဝင်ပြီး ထိုပစ္စည်းမှာ ရောဂါတိုက်ဖျက်နိုင်သည့် ပစ္စည်းဖြစ်ပါသည်။

သွေးတိုးနှင့် ကြက်သွန်နီ

ကြက်သွန်နီ သတ္တုရည် လက်ဖက် ရည်ဇွန်း တစ်ဇွန်း၊ ပျားရည်လက်ဖက်ရည် ဇွန်း တစ်ဇွန်း ကို ရောစပ်သောက်သုံးပေး ပါက သွေးတိုးကျစေသည်။ ကြက်သွန်နီသတ္တုရည်၊ ပျားရည်၊ ချင်းသတ္တုရည် သုံးမျိုးကို ဆတူရော သောက်ပေးပါက သွေးဖိအားတိုးခြင်းနှင့် ကိုလက်စထရောပမာဏကို လျော့ကျစေ နိုင်သည်။

အစာအိမ်အတွက် စမုန်နက်

အစာအိမ်ရောဂါများတွင် စမုန်နက် အမှုန့်ကို ၆ ဂရမ်မှ ၁၀၈ ဂရမ်ထိ အစာစားပြီးနောက် ကျွေးပေးပါက အူ လမ်းကြောင်းကို သန့်ရှင်းစေပြီး အစာ မကြေခြင်းကို ပျောက်ကင်းစေသည်။

ကြက်ဆူနှင့် ဓမ္မတာ

ဓမ္မတာချုပ်၍ ဆင်းရန်ခက်ခဲသော ဓမ္မတာတွင် ကြက်ဆူပင်အရွက်ကို ဆီးခုံ ၌ ကပ်ပေးပါက ဓမ္မတာကို ဆင်းစေ သည်။

သန်းထူသူများအတွက် ဗာဒံဆန်

ဗာဒံဆန်(၁၀)ခုခန့်ကြိတ်ပြီးသံပုရာရည်(၂)ဇွန်းခန့်ရောစပ်ပြီးဦးရေ ပြားကိုလိမ်းကျံပေးက သန်းများကို သေ စေနိုင်သည်။


Ref:Health Care Journal

သင်စားသော အစားအသောက်ထဲ အသီးအနှံပါဝင်စေမည့် နည်းလမ်းလေးသွယ်


ဗီတာမင်စီအပါအဝင် သင့်ခန္ဓာကိုယ်က လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အသီးအနှံတွေကသာ ရရှိမယ်ဆိုရင် အခုထက်ပိုပြီး သင်ကျန်းမာလာမှာပါ။ ဒါကြောင့် သင်စားနေတဲ့ အစားအသောက်တွေထဲ အသီးအနှံပါဝင်အောင် စားနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ချဉ်သောအသီးကို အရည်ညှစ်ထည့်ပါ

လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီးနဲ့ စပျစ်သီးတွေဟာ ဗီတာမင်စီကြွယ်ဝရုံသာမက အမျှင်ဓာတ်များစွာ လည်း ပါဝင်နေပါတယ်။ အရွယ်အစားကြီးတဲ့ လိမ္မော်သီးတစ်လုံးမှာ အမျှင်ဓာတ်ငါးဂရမ် ပါဝင်ပါတယ်။ အိမ်မှာ ဟင်းရွက်သုပ်တဲ့အခါ သံပရာသီးနဲ့ ရှောက်သီးကို အရည်ညှစ်ထည့်ပါ။ သံပရာသီးနဲ့ ရှောက်သီးလို အချဉ်ဓာတ်ရှိတဲ့ အသီးတွေဟာ အစားအစာရဲ့ အာနိသင်ကို အဆင့်မြှင့်ပေးနိုင်ကြောင်း လတ်တလော လေ့လာမှုတချို့က ဆိုပါတယ်။ ဆင်းဒဝှစ်ရှ်ကနေ ခေါက်ဆွဲသုပ်ထဲအထိ သံပရာသီး ဒါမှမဟုတ် ရှောက်သီး ညှစ်ထည့်နိုင်ပါတယ်။

၂။ လွယ်အိတ်ထဲ ပန်းသီးထည့်ပါ

ဘယ်သွားသွား သင်သွားလေရာ သင့်ပခုံးထက်မှာပါမယ့် အိတ်ထဲမှာ ပန်းသီးထည့်ထားပါ။ တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရတယ်ဆိုတဲ့ စကားက မှန်ပါတယ်။ ပန်းသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားတဲ့ အမျိုးသမီး တွေဟာ လုံးဝမစားသူတွေထက် ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ တကယ်လို့ ပန်းသီးကို အခွံပါစားပေးမယ်ဆိုရင် အင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်ရရှိကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဖရဲသီးကို သရေစာအဖြစ်စားပါ

ထမင်းတစ်နပ်နဲ့ တစ်နပ်ကြား သရေစာစားချင်ရင် ဖရဲသီးကို ရွေးပါ။ ဗီတာမင်စီပါဝင်တဲ့အပြင် သကြားအများအပြားမပါဘဲ သဘာဝအတိုင်း အချိုဓာတ် ပါတဲ့အတွက် စိတ်ကျေနပ်မှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ အခမ်းအနားပွဲတွေ တက်တဲ့အခါမှာလည်း အဆီများတဲ့ မုန့်တွေအစား ဖရဲသီးစိတ်ကို များများရွေး စားပါ။ ဖရဲသီးတစ်ခွက်စာ ပမာဏမှာ ဗီတာမင်အေလည်း ပါဝင်တဲ့အတွက် ဆီးချိုရောဂါသည်တွေမှာ အဖြစ်များတဲ့ ကျောက်ကပ်နဲ့ မျက်စိအမြင်လွှာ ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၎။ ရေခဲသေတ္တာထဲ ဘယ်ရီသီးထည့်ထားပါ

ရေဆာလို့ပဲဖြစ်ဖြစ် ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အခါတိုင်း သင်ရဲ့အရသာခံအာရုံမှာ သကြားလုံးလို ချိုမြိန်သွားစေမယ့် ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားပေးပါ။ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ ဘယ်ရီသီးတွေမှာ ဖရက်တို့စ်ဆိုတဲ့ သဘာဝသကြားဓာတ်ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်း ပါတယ်။ ဒါ့အပြင် ဘယ်ရီသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အစာခြေလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Ref : Good Health

Copyright © 2009 MyanmarNew

ခုခံအားကောင်းအောင် ဒီအစာတွေစားပါ


လက်ဖက်ရည် ကျွန်မတို့ ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက် ဓာတုပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်တွေ တိုးပွားလာတာကို ရပ်ဆိုင်းအောင်လုပ်ဖို့ပါ။ ဒီလိုလုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်းသွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ်ပေးနိုင်ပါတယ်။ လက်ဖက်ခြောက် အမည်း၊ အဖြူ နဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။


မှို

မှိုမှာ ခုခံအားစနစ်ကောင်းစေတဲ့ ဗီတာမင်ဒီ ပါဝင်ရုံမက ခုခံအားစနစ်အတွက် လိုအပ်တဲ့ polysaccharides တွေလည်း ပါဝင်ပါတယ်။ Polysaccharides တွေဟာ ရောဂါပိုးတွေကို သဘာဝအလျောက် သေစေနိုင်တဲ့ Cells တွေကို ၅၀ ရာခိုင်နှုန်းထိ တိုးပွားစေနိုင်ပါတယ်။ ဒါ့ပြင် မှိုဟာ ဘက်တီးရီးယားကို သေစေနိုင်တဲ့ defensins ခေါ် antimicrobial peptides ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ ရောဂါပိုးကို တွန်းလှန်နိုင်ဖို့ မှိုကိုအများကြီး စားစရာ မလိုပါဘူး။ ခွက်တစ်ဝက်စာ ၆၀ ဂရမ်လောက်ဆို လုံလောက်ပါတယ်။


ဆီးသီး

ဆီးသီးဟာ blueberry သီးလိုမျိုး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှု အများဆုံးအစာပါ။ ဆီးသီးတစ်လုံးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းပမာဏဟာ လက်တစ်ဆုပ်စာ blueberryသီး နဲ့ ပမာဏချင်း တူညီပါတယ်။

Ref: Good Health

ခုခံအားစနစ် ပြန်လည်ကောင်းမွန်လာစေမည့် နည်းလမ်းခြောက်သွယ်

၁. ကြက်သွန်ဖြူအားဖြည့်ဆေး မှီဝဲပါ

ကြက်သွန်ဖြူအားဖြည့်ဆေးကို နေ့စဉ် ၁၂၀၀ မီလီဂရမ် မှီဝဲသူတွေဟာ ရိုးရိုးအားဆေးသာ မှီဝဲသူတွေထက် အအေးမိ ဝေဒနာ ခံစားရနှုန်း ၆၆ ရာခိုင်နှုန်း သက်သာနိုင်ပါတယ်။

၂. နေ့စဉ် ဝိုင်အရက်တစ်ခွက်သောက်ခြင်းကို ရပ်ထားပါ
အရက် (အယ်ကိုဟော) တွေများနေရင် အသည်းပေါ်မှာ ဒဏ်ပိစေနိုင်တဲ့အတွက် ခန္ဓာကိုယ်က ပိုးမွှားတွေနဲ့ ဒုက္ခပေးတဲ့ အဆိပ်တွေကို စစ်ထုတ်နိုင်စွမ်းလျော့ သွားနိုင်ပါတယ်။

၃. ခုခံအားစနစ် ပြန်လည်မြင့်တက်လာအောင် ဒိန်ချဉ်စားပါ
နေ့စဉ် ဒိန်ချဉ်တစ်ခွက်သောက်သူတွေဟာ ဒိန်ချဉ်မသောက်သူတွေထက် အအေးမိဝေဒနာ ခံစားရနိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းနိုင်ပါတယ်။

၎. အအေးမမိအောင် နေပါ
အအေးမိပြီး ချမ်းတုန်နေရင် ခုခံအား တုံ့ပြန်မှုတွေ ကျဆင်းနိုင်ပြီး လည်ချောင်းနာတာနဲ့ နှာရည်ယိုတာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများတယ်လို့ Wales Cardiff တက္ကသိုလ် Common cold ဌာနမှ သုတေသန ပြုချက်အရ သိရပါတယ်။

၅. ဖိစီးမှုလျော့အောင် တရားထိုင်ပါ
ပုံမှန် တရားထိုင်သူတွေဟာ ဖိစီးမှုဖြေလျှော့တဲ့ လေ့ကျင့်ခန်းမလုပ်သူတွေထက် ဖျားနာနိုင်ခြေ ထက်ဝက်ခန့်လျော့နည်းပါတယ်။

၆. အိပ်ရေးဝအောင် အိပ်ပါ
အိပ်ပျော်နေစဉ်မှာ သင့်ဦးနှောက်မှ မယ်လ်တိုနင်တွေ ထုတ်လုပ်နေပါတယ်။ မယ်လ်တိုနင်ဟာ ပဋိပစ္စည်းနဲ့ ခုခံအား cell တွေ အများကြီး ထွက်လာအောင် ကူညီနိုင်တယ်လို့ သုတွေသီတွေက ဆိုပါတယ်။

Tips
လေ့ကျင့်ခန်း လျှော့လုပ်ပါ
အေရိုးဗစ်လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာကြောင့် သွေးဖြူဥလုပ်ငန်း ၅၅ ရာခိုင်နှုန်း ပိုမြင့်တက်လာပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တာများလွန်းရင်လည်း အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ရောဂါပိုးဝင်နိုင်ခြေ ခြောက်ဆပိုများနိုင်ပါတယ်။ သင့်ကိုယ်သင် အားအင်ကုန်တဲ့အထိ လေ့ကျင့်ခန်းကို တွန်းလုပ်လိုက်တာကြောင့် ခုခံအားစနစ်ကို ချိုးနှိမ်တဲ့ ဖိစီးမှုဟော်မုန်း Adrenalin နဲ့ Cortisol တွေ အများကြီးထွက်လာလို့ပါ။

Ref: Good Health

အာဟာရချို့တဲ့ခြင်းနှင့် ဆယ်ကျော်သက်များ၏ အသက်ရှူလမ်းကြောင်း ပြဿနာ


နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေနဲ့ တခြားဓာတ်တိုး ဆန့်ကျင်ဒြပ်ပေါင်းတွေ ပါဝင်မှုလျော့နည်းတာကြောင့် အာဟာရချို့တဲ့ပါက ဆယ်ကျော်သက်တွေမှာ ရင်ကျပ်ပန်းနာ၊ အဆုတ်အားနည်းခြင်း စတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်စေနိုင်ကြောင်း မြောက်အမေရိကရှိ ဆယ်ကျော်သက်များကို လေ့လာမှုအရ သိရပါတယ်။ ရလဒ်အရ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်း၊ ဗီတာမင် အေ၊ စီ၊ အီး နဲ့ အိုမီဂါသရီးဖက်တီးအက်စစ်များစွာ ပါဝင်တဲ့ အဟာရမှီဝဲတာဟာ ချောင်းဆိုးခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ရင်ကျပ်ပန်းနာ လက္ခဏာတွေကို သက်သာစေတယ်လို့လည်း တွေ့ရှိရပါတယ်။

အစားအသောက်စားတဲ့အခါ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ တန်းဖိုးရှိအဟာရဓာတ်ပါဝင်မှုနည်းတာကို စားနေကျ ဆယ်ကျော်သက်အရွယ် သုံးပုံတစ်ပုံဟာ အဝလွန်နေပြီး ဒါဟာ ရင်ကျပ်ပန်းနာ ဖြစ်စေနိုင်တဲ့ အချက်တစ်ချက်လည်း ဖြစ်နေပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ထဲက ဗီတာမင် အေ နဲ့ စီ၊ ငါးထဲက အိုမီဂါသရီးဖက်တီးအက်စစ်တွေ ရရှိမှုနည်းတဲ့ အတွက် အဆုတ်လုပ်ငန်းအားနည်းခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်ပန်းနာဖြစ်ခြင်းနဲ့ နာတာရှည်အဆုတ်လေပြွန်ရောင်ရမ်းခြင်းတွေ ခံစားရစေကြောင်းနဲ့ ဆေးလိပ်သောက်ပါက အဆုတ်ကို ပိုမိုထိခိုက်စေကြောင်း သိရပါတယ်။

ဒါကြောင့် ဆယ်ကျော်သက်တွေရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာနေဖို့ဆိုရင် ဆေးလိပ်ကိုရှောင်ရှားသင့်ရုံမက လတ်ဆတ်တဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ငါးနဲ့ အဟာရရှိတဲ့ အစားအသောက်တွေကို နေ့စဉ် ပုံမှန် စားသုံးသင့်ပါတယ်။

Ref: Good Health

သင့်စိတ်ကိုပျော်ရွှင်ကြည်နူးစေမည့် အစားအသောက်များ

ဗီတာမင်ဘီအုပ်စု


ကျွန်မတို့အများစုဟာ စားသောက်တဲ့အစားအစာတွေမှာ ဗီတာမင်ဘီ လုံလောက်စွာပါရှိမနေပါဘူး။ ဖောလစ်အက်စစ်၊ ဗီတာမင် B6 နဲ့ B12 တို့ ချို့တဲ့မှုကြောင့် Homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တွေများပြားလာကာ စိတ်ဓာတ်ကျခြင်း၊ လေဖြန်းခြင်းနဲ့ နှလုံးရောဂါများ ရရှိလာနိုင်ပါတယ်။ Homocysteine ပမာဏ ပုံမှန်အတိုင်းရှိနေဖို့အတွက် နေ့စဉ်နေ့တိုင်း ဟင်းသီးဟင်းရွက်စိမ်းများ စားသင့်ပါတယ်။
ဘယ်လိုအစာတွေ စားရမလဲ
ဟင်းနုနွယ်ရွက်လို အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များ၊ သံပရိုသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ကညွတ်၊ သကြားသီးနဲ့ ပဲမျိုးမျိုး။

Omega 3 (ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီများ)
အဆီတွေ၊ ဆီများတဲ့အစာတွေဟာ ကျန်းမာရေးနဲ့ မသင့်တော်လို့ များများမစားသင့်ဘူးဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိုမီဂါ ၃တို့ကို အဆီတွေကိုတော့ စားပေးသင့်ပါတယ်။ စိတ်ခံစားမှုကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ ဆက်သွယ်မှုကောင်းမွန်ချောမွေ့အောင်၊ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း သယ်ယူပို့ဆောင်နိုင်အောင် အိုမီဂါ ၃ အဆီက ပြုလုပ်ပေးပါတယ်။

ဘာတွေ စားရမလဲ
တူနာငါး၊ ငါးသေတ္တာငါး၊ အယ်လ်မွန်သီး၊ သစ်ကြားသီး၊ ဖရုံစေ့။

မဂ္ဂနီဆီယမ်သတ္တုဓာတ်
စိတ်ပင်ပန်းမှုတွေ ဖြေလျှော့ဖို့နဲ့ ရာသီအကြိုစိတ်ပြောင်းလဲမှုများကို လျော့နည်းစေဖို့အတွက် လိုအပ်တဲ့ Neurotransmitter တွေ များများထုတ်လုပ်နိုင်ဖို့ မဂ္ဂနီဆီယမ်သတ္တုဓာတ်ကို လိုအပ်ပါတယ်။ မောပန်းနွမ်းနယ်ခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်းနဲ့ စိတ်အပြောင်းအလဲမြန်ခြင်းစတဲ့ လက္ခဏာ ရပ်များဟာ မဂ္ဂနီဆီယမ် သတ္တုဓာတ်ချို့တဲ့ ခြင်းကြောင့် ဖြစ်လာနိုင်ပါတယ်။

ဘာတွေစားသင့်လဲ
ဟင်းနုနယ်ရွက်၊ ပဲအမျိုးမျိုး၊ ပေါင်မုန့်၊ အစေ့အဆန်အမျိုးမျိုး၊ အယ်လ်မွန်သီ၊ နေကြာစေ့၊ ဖရုံစေ့။

ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်း
ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်းများပါရှိတဲ့ အစာတွေ စားသုံးပေးခြင်းဖြင့် ဦးနှောက်ထဲ Tryptophan ဓာတ်တွေ စုပ်ယူနိုင်စွမ်း ပိုမိုများပြားစေပါတယ်။ ကွေကာအုတ်တို့လို Glycaemic Index (GI) နည်းတဲ့ အစာတွေရွေးစားပါ။ GI နည်းတဲ့အစာတွေဟာ သွေးတွင်းသကြးဓာတ်ကို ဖြည်းဖြည်းချင်း မြင့်တတ်လာစေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်လာခြင်း၊ ကျဆင်းလာခြင်းတို့ကို မဖြစ်စေပါဘူး ဒါကြောင့် သင့်ကို တစ်နေကုန် အင်အားရှိစေ၊ ပျော်ရွှင်စေပြီး စိတ်ခံစားမှု ပြောင်းလဲလွယ်တာမျိုး မဖြစ်စေပါဘူး။ လတ်ဆက်တဲ့ သစ်သီးများမှာ ပါတဲ့ သကြားဓာတ်ကလည်း ရိုးရိုးသကြားထက်စာရင် သွေးတွင်းသကြားဓာတ်ကို မျှတအောင် ညှိပေးပါတယ်။

ဘာတွေ စားသင့်လဲ
ကောက်ပဲသီးနှံများ( ဂျုံ၊ ကွေကာအုတ်)၊ ဆန်လုံးညို၊ လတ်ဆက်တဲ့ သစ်သီး။

ပရိုတင်းဓာတ်
စိတ်ကို လန်းဆန်းသွက်လက်တတ်ကြွစေနိုင်တဲ့ Neurotransmitter တွေဖြစ်တဲ့ ဒိုပါမင်း နဲ့ နော်အပီနက် ဖရင်း(Norepinephrine) တို့ကို နေ့လယ်ဘက်တွေမှာ ဦးနှောက်က ထုတ်ယူနိုင်စွမ်း လျော့နည်းနေတတ်ပါတယ်။ ပရိုတင်းဓာတ်ပါရှိတဲ့ အစာတွေ စားသုံးခြင်းဖြင့် ဒီ Neurotransmitter တွေရဲ့ ပမာဏကို များပြားစေနိုင်တဲ့ Tyrosin ဓာတ် ပိုမို ထွက်ရှိလာတဲ့အတွက် စိတ်ကို ပြန်လည် လန်းဆန်းတတ်ကြွစေနိုင်ပါတယ်။

ဘာတွေ စားသင့်လဲ
အဆီ အနည်းငယ်သာပါရှိတဲ့ အမဲသား၊ ကြာက်သား၊ ဘဲသား (အရေခွံခွာစားပါ)၊ အဆီနည်းတဲ့ နွားနို့၊ ဒိန်ချဉ်၊ ပုစွန်၊ ကဏန်း၊ ပဲအမျိုးမျိုး။

ရေ
ကျွန်မတို့ ဦးနှောက်ထဲမှာ ရေ ၈၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဆဲလ်အမြှေးများ ချောစေနိုင်ဖို့အတွက် ရေဓာတ် အလုံအလောက် လိုအပ်ပါတယ်။ မဟုတ်ပါက သင်ဟာ ခေါင်းမူးပြီး မောပန်းနွမ်းလျကာ ရေငတ်နေပါလိမ့်မယ်။

ဘာလို သောက်သင့်လဲ
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်စေဖို့အတွက် တစ်နေ့ကို ရေနှစ်လီတာ (ရေသန့်ဘူ နှစ်လူးစာ) သောက်ပေးသင့်ပါတယ်။

Ref: Good Health

စိတ်ဖိစီးမှု လျော့ကျစေမယ့် အစားအစာတွေကို ရွေးစားတတ်ပါစေ


စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့တော့ မရပါဘူး။ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝထဲမှာ နေ့စဉ်နေ့တိုင်းစိတ်ဖိစီးမှုကို အနည်းနဲ့ အများ ကြုံတွေ့နေရတာပါပဲ။ ဒါပေမယ့် လူတစ်ဦးနဲ့ တစ်ဦးရဲ့ စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိပုံချင်း မတူညီပါဘူး။ ဒါဟာ သူတို့ရဲ့ စားသောက်မှုပုံစံ ကွာခြားတာနဲ့လည်း အများကြီးဆက်စပ်နေပါတယ်။ ဒါကြောင့် ဘယ်အစားအသောက်တွေ ကတော့ စိတ်ဖိစီးမှုကို အားပေးပြီး ဘယ်အစားအသောက်တွေကတော့ စိတ်ဖိစီးမှုကို လျော့ကျစေတယ်ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်။

သကြားနဲ့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်စေပြီး ချောကလက်ကို လိုတာထက်ပိုပြီး အများအပြားစားမိရင် လည်း အားကုန်သွားစေပါတယ်။

ဆားများတဲ့ အားလူးချောင်းကြော်လို အစားအစာတွေကို အလွန်အကျွံစားမိရင် ဦးနှောက်နဲ့ခန္ဓာကိုယ်ကို ရေဓာတ် ခန်းခြောက်စေပြီး ညောင်းညာနုံးချည့်စေပါတယ်။

အဆီများတဲ့ အသားတွေဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်း (Stress Hormone) ပမာဏကို မြှင့်တက်စေပြီး စိတ်ဖိစီးမှုကို အားပေးပါတယ်။

လူ ၂၀၀ ကို လေ့လာမှုအရ စိတ်ဖိစီးမှုအရ စိတ်ဖိစီးမှုကို အားပေးတဲ့အစားအစာတွေနဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ရာခိုင်နှုန်း တွေမှာ သကြား (၈၀ ရာခိုင်နှုန်း)၊ ကဖင်းဓာတ် (၇၉ ရာခိုင်နှုန်း)၊ အရက် (၅၅ ရာခိုင်နှုန်း)နဲ့ ချောကလက် (၅၃ ရာခိုင်နှုန်း) ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အစားအသောက်တွေနဲ့ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ ရာခိုင်နှုန်းတွေ အများအပြားကတော့ ရေ(၈၀ ရာခိုင်နှုန်း)၊ ဟင်းသီးဟင်းရွက် (၇၈ ရာခိုင်နှုန်း)၊ သစ်သီး(၇၂ ရာခိုင်နှုန်း)နဲ့ အဆီများတဲ့ငါး (၅၂ ရာခိုင်နှုန်း) ဖြစ်တယ် ဆိုတာကို ဆက်လက်တွေ့ရှိခဲ့ပါတယ်။ စိတ်ဖိစီးမှုဒဏ်ခံရတဲ့ လူတွေရဲ့ ခန္ဓာကိုယ်ဟာ ဗီတာမင်ဘီ ဓာတ်အနည်းငယ် လျော့နည်းနေတတ်ပါတယ်

ဒါကြောင့် စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာကို ခံနိုင်ရည်ရှိအောင် ဗီတာမင်ဘီအများအပြားပါဝင်တဲ့ ငှက်ပျောသီး၊ ငါး၊ အာလူးကင်၊ ကြက်သား၊ ထောပတ်သီးနဲ့ အစိမ်းရင့်ရောင် ဟင်းရွက်တွေကို စားပေးသင့်ပါတယ်။

Ref: Good Health

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း

တရုတ်တိုင်းရင်းဆေးဓာတ်စာ

နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်ပါသည်။

နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင်စေသည်။

နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေသည်။

နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။

မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။

ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)

ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။

ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင်လန်းစေသည်။

ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။

ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။


တရုတ်ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင်ပြန်လည်ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော်ဦးဖန်က ပြောကြားသည်။

သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့စားသုံးရာတွင် သင်္ဘောသီးစိတ်အား ဇွန်းဖြင့် အခွံနားကပ်သည်အထိ ခြစ်၍စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ သင်္ဘောစေးသည် အစာအိမ်အား လွန်စွာအကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်းရောဂါသည်များ၊ သရက်ရွက်ရောဂါသည်များအတွက် အထူးသင့်လျော်ကြောင်း၊ ထမင်းစားပြီးချိန်နှင့် မစားခင်အချိန်များတွင် ကပ်၍စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။

Ref: Good Health

ငါးအဆီက ရောင်ရမ်းမှုကို လျှော့ချနိုင်


ဟင်းသီးဟင်းရွက်မှရတဲ့ အဆီတွေထက် ငါးမှရတဲ့အဆီတွေဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ prostanoid ခေါ် ဓာတုပစ္စည်းတစ်မျိုးကို ထိန်းချုပ်နိုင်တယ်လို့ သုတေသနပြုသူတွေက ဖော်ပြခဲ့ပါတယ်။ Prostanoids တွေဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဓာတ်မတည့်မှုတွေကို တွန်းလှန်ပြီးရောင်ရမ်းမှုကို လျော့စေပါတယ်။ ဒါပေမယ့် Prostanoids တွေသိပ်များနေရင် အထူးသဖြင့် ဟင်းသီးဟင်းရွက်မှရရှိပါက Tissue တွေမှ နာကျင်မှု၊ နီရဲမှုနဲ့ ရောင်ရမ်းမှု တွေ ပိုဆိုးစေပါတယ်။ ဒါပေမယ့် နောက်ဆုံးလေ့လာချက်အရ ငါးအဆီမှရတဲ့ Prostanoid တွေဟာ ဟင်းသီးဟင်းရွက်မှ ရတဲ့ Prostanoid တွေထက် နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ လျော့စေပြီး အစာထဲမှာ ငါးအဆီထည့်စားရင် ဟင်းသီးဟင်းရွက် ဆီမှရတဲ့ Prostanoid တွေလည်း လျော့သွားတယ်လို့ဆိုပါတယ်။

Ref: Good Health

အစွမ်းထက်တဲ့ဒန့်သလွန်ရွက်

နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို
နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။

ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။
ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။

ဒန့်သလွန်၏စွမ်းပကား---
(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။

သွေးတက်နှင့်သွေးတိုး--
(၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်းပါသည်။


သန်ကောင်နှင့် ဒန့်သလွန်သီး---
(၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များ
သေကြေကုန်ကြပါတယ်။ ဒီနည်းဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။


ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
(၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။


နားကိုက်၊ နားအူ---
(၅) အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။


ပါးစပ်မှ နံခြင်းအတွက်---
(၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေးရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။


ခေါင်းအုံ၊ ဇက်လေး---
(၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။


နို့ထွက်ဆေး---
(၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။


ပန်းသေ၊ ပန်းညှိုး---
(၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။


ကျား,မ မရွေး အားဆေး---
ပရန္နဝါ, ပါးပါးလွှာ
သကာများနှင့်ဖက်၊
ဒန့်သလွန်ပွင့်, အုန်းဆံရင့်
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင်, သူသုံးဆောင်
ဘုန်းခေါင်နေသို့လက်။

အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်း ကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။

အထက်ပါဆေးနည်းကို ဖော်စပ်မည်ဆိုပါက
(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။
(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။
(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။
(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။


စားသုံးနည်း---
အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။ အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊ သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။


ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။
မှတ်ချက်။ ။ အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။ (စာရေးသူ)


ဝေဝေနွယ်(တိုင်းရင်းဆေး)

ငရုတ်သီင်္းနှင့် ကျန်းမာရေး

ငရုတ်သီးမျိုးပေါင်း ဘယ်နှမျိုးရှိလဲ

ငရုတ်သီးဟာ ရုက္ခဗေဒအရ Solanaceae family ထဲက Genus Capsicum ကိုခေါ်တာဖြစ်ပါတယ်။

Capsicum မှာ species များစွာရှိတဲ.အနက် ဒီနေ. ကမ္ဘာပေါ်မှာ အသုံးအများဆုံး species က ၄၆ မျိုး ရှိပါတယ် အဲ.ဒီအထဲမှာ လူသိအများဆုံး species ကတော. Capsicum annum ဖြစ်ပါတယ် ၊ annum ဆိုတဲ. အဓိပ္ပာယ်ကတော. တနှစ်ပါတ်လုံး ပေါက်ရောက်တဲ. အပင်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ငရုတ်သီးဟာ တကမ္ဘာလုံး အသုံးများတဲ. မီးဖိုချောင်သုံး ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သာမန်အရပ်သုံး ဝေါဟာရ အနေနဲ. Chili pepper လို.ခေါ်ပါတယ်၊ ပြီးတော. အရောင်ပေါ် မူတည်ပြီး အစိမ်းရောင် ရှိရင် Green pepper ၊ အ၀ါရောင် ဆိုရင် Yellow pepper အနီရောင်ဆိုရင် Red pepper စသည်ဖြင့် ခေါ်ဝေါ်လေ. ရှိပါတယ်။ သူ.ရဲ. Botanical name ဖြစ်တဲ. Capsicum လို.ပြောရင်လဲ သိတဲ.လူများပါတယ်၊ အမေရိကားမှာတော. ငရုတ်သီးပွပွ အကြီးကြီးတွေကို ခေါင်ေးလာင်းနဲ.တူလို. Bell pepper လို.ခေါ်ကြပါတယ်။ ဥရောပ နိုင်ငံတွေ ဖြစ်တဲ. ဂျာမနီတို. ပြင်သစ် တို.လို နိုင်ငံကျရင်တော. paprika လို.ပြောမှ သိကြပါတယ်၊ Chili ဆိုတဲ. ဝေါဟာရကတော. မက္ကဆီကို ဘာသာစကားဖြစ်ပါတယ်။



ငရုတ်သီးမှာ အရောင်တွေ ကွဲပြားနေတာ ဘာကြောင့်လဲ

ငရုတ်သီးရဲ. အပြင်ဆုံးအလွှာမှာ ရှိတဲ. ဓါတ်ပစ္စည်းပေါ်မူတည်ပြီး အရောင်တွေ ကွဲ သွားတာဖြစ်ပါတယ်၊ အစိမ်းရောင်ကတော. Chlorophyll ကြောင့်ဖြစ်ပါတယ်။ အ၀ါရောင်ကတော. Carotenoid အထူးသဖြင့် alpha carotene တွေကြောင့် ဖြစ်ပြီး အနီရောင်ကတော. capsanthin ကြောင့်ဖြစ်ပါတယ် ။ သူတို.ရဲ.ပါဝင်မှူ အချိုးအစားပေါ်မူတည်ပြီးတော. ကြားမှာရှိတဲ. အရောင်တွေလဲ ရှိနိုင်ပါတယ်။



ငရုတ်သီးကို ဘယ်တုံးကတည်းက လူတွေ စတင်အသုံးပြုခဲ.တာလဲ



လူတွေ ငရုတ်သီးကို စတင် စိုက်ပျိုးတဲ. အလေ.အထကတော. BC 7500 လောက်ကတည်းကဆိုတော. နှစ်ပေါင်း၉၅၀၀ ကျော်ပြီလို. ပြောနိုင်ပါတယ်။ သူ.ထက်လဲ စောနိုင်တယ်လို. သုတေသီတွေက ဆိုပါတယ်၊ အမေရိကားတိုက်မှာ စသုံးခဲ.တယ်လို. သိရပါတယ်၊ ဒီကနေ. မက္ကဆီကို နိုင်ငံ အီင်္ကွေဒိုး( Ecuador) နိုင်ငံ ဒေသတွေ မှာ နေထိုင်တဲ. ရှေးလူသားတွေက စတင် သုံးခဲ.ကြပါတယ်၊ နောက်ပိုင်းမှ တောင်နဲ. မြောက်အမေရိကားကို ပြန်.နှံ.ရောက်ရှိပြီး အမေရိကားမှာ ရှိတဲ. ငရုတ်သီးကို Christofer Columbus ကနေ တစ်ဆင့်မှ အာရှတိုက်ကို ဆက်လက်ပြန်နှံ.ရောက်ရှိခဲ.တယ်လို. သိရပါတယ်။



ငရုတ်သီးမှာ ဘယ်လို အဟာရဓါတ်မျိုးတွေ ပါဝင်လဲ



ငရုတ်သီးမှာ ပါဝင်တဲ. အဟာရဓါတ်တွေက တော.

1. Capsaicinoids

1.1 Capsaicin ( 32 - 38 %)

1.2 Dihydrocapsaicin( 18 - 52%)

ဒီဓါတ်ပစ္စည်းတွေဟာ ငရုတ်သီးရဲ. အဓိက အာနိသင်ဖြစ်တဲ. ပူခြင်း၊ စပ်ခြင်း ကို ဖြစ်စေပါတယ်။



2. Carotenoid ( 0.3- 0.8 % )

2.1 Capsanthin ( dark red)

2.2 Alpha- carotene( yellow)

2.3 Violaxanthine ( orange)

ဒီဓါတ်ပစ္စည်းတွေဟာ ငရုတ်သီးကို အနီရောင် ၊ အ၀ါရောင်၊ လိမ္မော်ရောင်တွေ ကို ပေးပါတယ်။



3. Flavonoid

3.1 Apiin

3.2 Luteolin-7-0 glucoside

ဒါတွေကတော. ဆေးဖက်ဝင်တဲ. အာနိသင်ကို ပေးပါတယ်။



4. Volatilieoil ( 1.1% )

4.1 2 methoxy -3- isobutylpyrazine

4.2 N -13- methyl- tetraacetyl acetamide ( capsiamide )

ဒါကတော. ငရုတ်သီးကို ငရုတ်ဆုံထဲ ထည်.ထောင်းရင် ထွက်လာတဲ. မွှန်တဲ. သတ္တိကိုပေးတဲ. ဓါတ်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။



5. Vitamin- C ကတော. ငရုတ်သီးစိမ်းမှာပဲ ပါပါတယ်။



တချို. ငရုတ်သီးတွေ လုံးဝမစပ်တာ ဘာကြောင့်ပါလဲ။ ( ဥပမာ- ငရုတ်သီးပွပွကြီးများ)

ငရုတ်သီးစပ်ဖို.အတွက် Capsainoid တွေ ပါဖို. လိုပါတယ် ၊ ငရုတ်သီးအမျိုးမျိုး ( sweet pepper) တွေ ကျတော. Capsainoid တွေ လုံးဝမပါဝင်တဲ.အတွက် မစပ်ရခြင်းဖြစ်ပါတယ်။



ငရုတ်သီးဟာ ဆေးဖက်ဝင်တဲ.အသီးလို. ပြောလို.ရပါသလား


ရပါတယ်။ အင်မတန်မှ ဆေးဖက်ဝင်တယ်လို.ပြောလို.ရပါတယ်။ ဒါပေမဲ. တန်ဆေးလွန်ဘေးဆိုတဲ. စကားအတိုင်း အတော်အသင့် စားတာ ကောင်းပေမဲ. တရားလွန်စားရင်တော. မကောင်းဘူးပေါ.။ ငရုတ်သီးရဲ. အာနိသင်တွေကို သရုပ်ခွဲကြည်.ရင် ပုံမှန်စားသူတွေ အနေနဲ.

၁။ Good appetizer- အစာစားချင်စိတ်ကို ဖြစ်ပေါ်စေခြင်း၊ စားသောက်ဖွယ်ရာများကို ပိုမိုအရသာရှိအောင် ပြုလုပ်ပေးခြင်း၊ ဒါကတော. အားလုံးသိပြီးသားပါ၊ ငရုတ်သီးမပါရင် ဘာမှ စားလို. အရသာမရှိပါဘူး၊ ကျွန်တော်တို. လူမျိုးတွေက ပိုပြီးတော.သုံးလေ့ရှိပါတယ်။

၂။ Antibiotic effect- ငရုတ်သီးဟာ ဘက်တီးရီးယား ပိုးတွေကို သေစေပါတယ်၊ ငရုတ်သီး ထဲမှာ သာမန်အားဖြင့် ဘက်တီးရီးယားတွေ မပေါက်နိုင်ပါ။ ဒါကြောင့် ဟင်းထဲ တည်.ချက်ရင်လဲ ဟင်းထဲမှာ ရှိတဲ. ရောဂါပိုးတွေကိုပါ သေစေနိုင်ပါတယ်။ သူသေစေတဲ.ရောဂါပိုးတွေကတော. Bacillus cereus, Bacillus subtilis, Clostridium sporogenes. Clostridium tetani, Streptococus pyogene တို.ဖြစ်ပါတယ်။ဒါ.အပြင် အစာအိမ်ရောဂါဖြစ်စေတဲ. H- pylori ကိုပါ သေစေနိုင်တဲ. အာနိသင်ရှိပါတယ်၊ ဒါပေမဲ. fungus တွေကိုတော. မသတ်နိုင်ပါ၊ ဒါကြောင့် ငရုတ်သီးဟာ မှိုတတ်လွယ်တာ ဖြစ်ပါတယ်။

၃။ ပါဝင်တဲ. Carotenoid တွေကနေ Vitamin A အနည်းငယ်ရစေနိုင်သလို Vitamin C ကိုလည်း အနည်းငယ်ရစေပါတယ် ၊ Vitamin C ကတော. အစိမ်းမှာပဲ ရပြီး ငရုတ်သီး အခြောက်မှာ မရနိုင်ပါ။

၎။ Analgesic effect- နောက်အရေးပါတဲ. အာနိသင်တစ်ခုကတော. အကိုက်အခဲ သက်သာစေတဲ. အာနိသင်ပဲဖြစ်ပါတယ်။ဒါကတော. ငရုတ်သီးကို ဒီအတိုင်းစားရုံနဲ. မရနိုင်ပါဘူး။ သဘာဝဆေးဝါးတွေ ထုတ်လုပ်တဲ. ဆေးဝါးစက်ရုံတွေမှာ ငရုတ်သီးရဲ. အဆီအနှစ်တွေကို ထုတ်ပြီး Capsaicin ကို အသုံးပြုမှ ရမှာ ဖြစ်ပါတယ်။ လိမ်းဆေးတွေမှာ ထည်.သွင်းပြီး အသုံးပြုရပါတယ်။ ကြွက်သားတွေ ရောင်ရမ်းနာကျင်တာတို. အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင် ကိုက်ခဲတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒီလို ရောင်ရမ်းတဲ. နေရာမှာ substance- P ဆိုတဲ. ဓါတ်တစ်မျိုး ထုတ်ပါတယ်။ အဲ.ဒီ ဓါတ်ပစ္စည်းကြောင့် နာကျင်မှူနဲ. ရောင်ရမ်းမှုကိုဖြစ်စေတာဖြစ်ပါတယ်။။ ဒီလိုမျိုး substance P တွေ ထွက်ဖို. လှုံ.ဆော်တာက calcium influx ဖြစ်ပြီး ဒီလိုဖြစ်ဖို. C - type banilloid receptor ( VR1 ) ဆိုတာ လိုအပ်ပါတယ်။ Capsaicin ဟာ အဲ.ဒီ receptor အလုပ် မလုပ်တော.တဲ. အတွက် substance P ထပ်မထုတ်နိုင်တော.ပါဘူး၊ ဒါကြောင့် အရောင်ကျပြီး နာကျင်မှူလည်း သက်သာသွားတာဖြစ်ပါတယ်။



ငရုတ်သီး အစိုနဲ. ငရုတ်သီး အခြောက် မှုန်. ဘယ်ဟာက ပိုပြီး ဆေးဘက်ဝင်တယ် အန္တရာယ်ကင်းပါသလဲ


ငရုတ်သီးအစို လတ်လတ်ဆတ်ဆတ် ကတော. အတော်အသင့် စားရင် ဘာအန္တရာယ်မှမရှိဘူးလို.ပြောလို.ရပါတယ်။ သိပ်များရင်သာ ရင်တွေပူလာပြီး ဗိုက်နာတာမျိုး ဖြစ်တတ်ပါတယ်။ ပြီးတော. ၀မ်းသွားတဲ. အခါ စအိုဝတစ်ဝိုက်မှာ ပူစပ် ပူလောင်ဖြစ်စေတတ်ပါတယ်။ ငရုတ်သီး ခြောက်ကတော. သန်.သန်.ရှင်းရှင်းနဲ. ဘေးကင်းအောင် လုပ်မယ်ဆိုရင်တော. သိပ်ပြသနာမရှိပေမဲ. သေသေချာချာမလုပ်ရင်တော. အင်မတန် အန္တရာယ်များပါတယ်။ အဓိက အန္တရာယ်ကတော. Aflatoxin လို.ခေါ်တဲ. မှိုဆိပ် ဖြစ်ပါတယ်။ ငရုတ်သီး ခြောက်ကို သေသေချာချာ ခြောက်အောင် မလှမ်းရင် အထဲမှာ မှိုလိုက်တတ်ပါတယ်၊ ပိုဆိုးတာက ရောင်းတဲ.သူတွေဟာ အလေးချိန်တိုးအောင် ရေနဲ.ဖျန်းပေးတဲ. အလေ.အကျင့်ပဲ ဖြစ်ပါတယ်။ ဒီလိုရေနဲ. ဖြန်းလိုက်ရင် ခဏလေးနဲ. မှိုတတ်ပါတယ်။အဲ.ဒီမှိုတွေဟာ မျက်စိနဲ. မမြင်နိုင်တော. အမှုန်.ကြိတ်လိုက်ရင် ဘယ်လိုမှ မသိနိုင်ပါဘူး။ဒါကို စားမိရင် ကင်ဆာမျိုးစုံ အထူးသဖြင့် အသည်းကင်ဆာဖြစ်ဖို. အလားအလာ အလွန်များပါတယ်။ မြန်မာပြည်မှာ အသည်းကင်ဆာ ဖြစ်ပွားရတဲ. အဓိက အကြောင်းအရင်းတွေထဲမှာB ပိုး C ပိုး ဗိုင်းရပ်စ် ရယ် Aflatoxin ရယ် အဓိက အကြောင်းအရေင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ. ငရုတ်သီးမှုန်.ဆိုတာလဲ မသုံးမဖြစ်သုံးနေကြရလေတော. အန္တရာယ်ကင်းတဲ. တံဆိပ်ကို ရွေးချယ် ၀ယ်ယူ အသုံးပြုတတ်ဖို. လိုပါတယ်။ ကိုယ်.ဟာကိုယ်အိမ်မှာ Home made ငရုတ်သီးခြောက်ကို မှိုမတတ်အောင် လုပ်စားရင် တော. အကောင်းဆုံးပါပဲ။



ငရုတ်သီးနဲ. မတည်.သော ဆေးဝါးများ



ရုတ်သီးပါတဲ. အစာစားရင် တွဲမသုံးသင့်တဲ. အနောက်တိုင်းဆေးတွေ အနေနဲ.ကတော.

၁။ Aspirin ဒီဆေးရဲ. side effect ကို ပိုဆိုးစေပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက လေ့လာတွေ.ရှိချက်အရ Aspirin ဆေးရဲ. side effect ဖြစ်တဲ. အစာအိမ်နဲ. အူနံရံ တိုက်စားမှူကို ပိုမို ဆိုးစေပါတယ် Aspirin ပါတဲ. ဆေးသောက်ရင် အစာစားပြီးမှ သောက်ပါလို. ဆရာဝန်တွေက ညွှန်လေ.ရှိပါတယ်။ အရေးကြီးတာက အဲဒီအစားအစာထဲမှာ ငရုတ်သီးအစိုပဲဖြစ်ဖြစ် အခြောက်ပဲဖြစ်ဖြစ် မပါဖို. လိုပါတယ်။

၂။ သွေးကျဲစေတတ်သော ဆေးများဖြစ်တဲ. Aspirin, Antiplatelet, Anticoagulants, Heparin တွေကို သုံးနေတဲ.သူတွေမှာ ငရုတ်သီးကို လျှော.စားရပါမယ်၊ ဘာလို.လဲဆိုတော. ငရုတ်သီး ကိုယ်တိုင်က သွေးကျဲစေတတ် သတ္တိရှိတဲ. အတွက် သွေးကို လိုတာထက်ပိုကျဲပြီး ခန္ဓာကိုယ်ကနေ သွေးထွက်လွန်စေနိုင်လို.ဖြစ်ပါတယ်။ ဒါကတော. အင်မတန် အရေးကြီးတဲ. အချက် ဖြစ်ပါတယ်။

၃။ ACE inhibitor လို.ခေါ်တဲ. သွေးတိုးရောဂါမှာ အသုံးပြုတဲ. ဆေးနဲ. တွဲစားရင်ထူးခြားတဲ. side effect ရတတ်ပါတယ် ၁၉၉၀ ခုနှစ်က ထွက်ရှိခဲ.တဲ. လေ့လာသုတေသန ပြုချက်အရ ဒီဆေးတွေ သောက်သုံးနေတဲ.သူတွေ မှာ ဆေးနဲ. ငရုတ်သီး နဲ. စားချိန်နီးရင် ရုတ်တရက် ချောင်းဆိုးလာတတ်တယ်လို. ဆိုပါတယ်။



ငရုတ်သီး မစားသင့်တဲ. အခြေအနေ



ငရုတ်သီး အစိုကတော. ပုံမှန်စားရင်ဘာမှ ပြသနာ ကြီးကြီးမားမား မရှိတော. သိပ်ရှောင်စရာ မလိုပါဘူး၊ ငရုတ်သီး အခြောက်မှုန်.များများမစားသင့်တဲ. အခြေအနေကတော.

၁။အသည်းရောဂါအမျိုးမျိုး

၂။အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊

၃။အူလမ်းကြောင်းရောင်ရမ်းခြင်း ၊ တိုက်ဖွိုက်ရောဂါ

၎။ သွေးလွန်တုပ်ကွေးရောဂါ

၅။ခန္ဓာကိုယ်မှ သွေးထွက်လွန်ရောဂါ ရှိသူများ

ဥပမာ- Hemophilia, Leukemia, Thrombocytopenia.



ငရုတ်သီး ပါတဲ. လိမ်းဆေးတွေ မလိမ်းသင့်တဲ. အခြေအနေ

ငရုတ်သီး Capaisin ကိုအဓိကအားဖြင့် ပရုတ်ဆီတို. တေဇာဘမ်းတို.လို အကိုက်အခဲ ပျောက်လိမ်းဆေးတွေမှာ အသုံးပြုလေ.ရှိပါတယ်။အဓိကအနေနဲ.

၁။ မျက်စိထဲမ၀င်အောင် ဂရုစိုက်ရပါမယ်၊၀င်ရင် မျက်စိ ထိခိုက်ပျက်စီးနိုင်ပါတယ်၊ ငရုတ်သီးလဲ ၀င်လို.မရပါ။

၂။ အနာတွေမှာ မလိမ်းရပါဘူး၊ အထူးသဖြင့် ရုတ်တရက် ထိခိုက်ဒဏ်ရာတွေမှာ မလိမ်းရပါဘူး။

၃။ ပုရွက်ဆိတ် တို. ခါချဉ်တို. စတဲ. အဆိပ်ရှိတဲ. သတ္တ၀ါတွေ ကိုက်လို.ရောင်တာ နာတာဆိုရင် မလိမ်းရပါဘူး၊ အဆိပ်တွေ အလွယ်တကူ ပြန်.နှံ.အောင် အားပေးလို.ဖြစ်ပါတယ်။

Dr Khin Maung Lwin( FAME)

သင်္ဘောရွက်ကကင်ဆာရောဂါ အမျိုးမျိုးကိုကာကွယ်


ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။

ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။

သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။

ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။

ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ဆို၏။

သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါး များစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုး များစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။

သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့စေခဲ့သည်။

ကင်ဆာဆဲလ် ၁၀မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။

ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှ တစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ref: Good Health

အစွမ်းထက်သည့်မြင်းခွါပင်

မြင်းခွါပင်ဆိုလျှင် မြန်မာလူမျိုးတိုင်း သိကြပါတယ်။ မြင်းခွါပင်ဟာ အပင်ငယ်လေးဖြစ်တယ်။ မြေကြီးမှာကပ်ပြီး
ပေါက်ပွားတယ်။ အဆစ်ကလေးတွေက အမြစ်များထွက်လာတယ်။ အဲဒီအဆစ်ကလေးများက အညွန့်နှာမောင်း ထွက်လာပြီး မျိုးဆက်များကို ပွားလေ့ရှိတယ်။ သူ့အရွက်ကလေးဟာ မြင်းသတ္တဝါရဲ့ခွါနဲ့တူလို့ သူ့ကို မြင်းခွါပင် လို့ခေါ်ခြင်းဖြစ်တယ်။


မြင်းခွါပင်လေးများဟာ ရေစပ်စပ်ရှိတဲ့နေရာမှာ ပိုပြီးပေါက်ပွားတယ်။ တဆောင်းလုံး၊ တမိုးလုံးမှာ
မြင်းခွါပင်ကလေးများဟာ မြန်မာပြည်အနှံ့မှာ အလေ့ကျပေါက်တယ်။ မြန်မာပြည်ဟာ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုရှိတယ်။ ဒီလိုရာသီဥတုမျိုးရှိတဲ့ ရေ,မြေမှာ မြင်းခွါပင်လေးဟာ သိပ်ကြိုက်တာပေါ့။ သူ့အပွင့်လေးက ဖြူဖြူလေး၊ သူ့အသီးငယ်ထဲက အစေ့က အပြား အလျားလိုက် သေးငယ်တဲ့အမြှောင်း ကိုးမြှောင်းပါတယ်။


မျိုသုံးမျိုး---
မြင်းခွါပင်ကလေးတွေဟာ အများအားဖြင့် အလေ့ကျပေါက်လေ့ရှိတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးသမားများက မြောင်းပေါင်ကလေးတွေလုပ်ပြီး စိုက်ကြ၊ မြေသြဇာကျွေးကြတော့ သန်လိုက်တဲ့ဖြစ်ခြင်း။


အဲဒီလိုစိုက်ပျိုးရေးက ထုတ်လုပ်တဲ့ မြင်းခွါပင်ကလေးတွေကို နုတ်ယူပြီး နှီးနှင့်စည်းကာ ရောင်းချကြတယ်။ ဘယ်ဈေးမှာဖြစ်ဖြစ် ကုန်စိမ်းသည်တွေထံမှာ ဝယ်လို့ရတယ်။ အလွယ်တကူ စားသုံးနိုင်တယ်။
မြင်းခွါပင်ကလေးများဟာ မျိုးသုံးမျိုး ရှိတယ်
ပထမမျိုးက---အရိုင်းမျိုး၊ အဲဒီအရိုင်းမျိုးရဲ့အရွက်တွေက စုတ်ဖွားဖွားနှင့်၊ သူ့ကို လူတွေက မစားသုံးကြပါဘူး။
ဒုတိယမျိုးကတော့---မြင်းခွါရွက်အဖြူမျိုးပဲ၊ အဲဒီမြင်းခွါပင်ရဲ့ အရိုးလေးတွေဟာ ဖြူနေတယ်။ ဒါကြောင့် သူ့ကို အဖြူမျိုးလို့ ခေါ်ခြင်းဖြစ်တယ်။
တတိယမျိုးကတော့---အနီမျိုးပဲ။ သူ့အရိုးမှာ အနီရောင်သန်းနေတယ်။ အဖြူမျိုးထက် အနီမျိုးက ပိုပြီးအစွမ်းထက်မြက်တယ်။ တနည်းအားဖြင့်---ဆေးဝါးအာနိသင် ပိုပြီးပြည့်ဝတယ်။


မြင်းခွါပင်ဟာ သေးလည်းသေး၊ တွေ့ဖူး မြင်ဖူးနေကြလို့ အထင်အမြင်သေးကြတယ်။ အထင်အမြင်မသေးလိုက်ပါနဲ့။ အစွမ်းအလွန်ထက်တဲ့ ဆေးပင်ကလေးပါ။ ဒါပေမဲ့ လူအများက သူ့ကို အထင်မကြီးဘူး။ ငွေများများပေးပြီး ဝယ်သောက်ရတဲ့ဆေးကိုမှ အထင်ကြီးကြတယ်။ အလွယ်တကူ ကိုယ့်နိုင်ငံမှာရှိတဲ့ မြင်းခွါပင်ကို အထင်သေးကြတယ်။


မြင်းခွါပင်ကလေးကို စားသုံးခြင်းဖြင့် လူကို ကောင်းသောအကျိုးကျေးဇူးသာပြုတယ်။ တိုင်းတပါးဆေးလို ဘေးထွက်ဆိုးကျိုး မပေးဘူး။ အဲဒီလို သစ္စာရှိရှိ၊ တာဝန်သိသိ အကျိုးကျေးဇူးပြုတဲ့ မြင်းခွါပင်ကလေးပါ။


အရသာ---
မြင်းခွါပင် ပဉ္စငါးပါးဟာ ချို, ခါး, အေး အရသာရှိပါတယ်။


ဂုဏ်နှင့်စွမ်းရည်---
မြင်းခွါပင်ကလေးဟာ ဆီးပူ၊ ဆီးနည်း၊ ဆီးအောင့်၊ ဆီးသွေးပါ၊ ဆီးကျင်၊ သွေးဝမ်းသွားခြင်းရောဂါများအတွက်
ဆေးအသုံးဝင်လှတယ်။
မြင်းခွါပင်ဟာ ဆီးကို အထူးရွှင်တယ်။ ပြီးတော့ လူ့ခွန်အားကိုလည်း တိုးပွားစေတယ်။ ပြီးတော့ နေ့စဉ်မှန်မှန်
မြင်းခွါရွက်ကိုစားပေးခြင်းဖြင့် အမောအပန်းခံနိုင်တယ်။ သက်လုံကောင်းတယ်၊ ပြီးတော့ မြင်းခွါရွက်ကို မှန်မှန်စားပေးခြင်းကြောင့် သွေးတိုးရောဂါ၊ အဆုတ်ရောဂါ၊ ချောင်းဆိုးရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။ နောက် ရေငတ်ရောဂါကို ပျောက်ပြီး အပူကိုငြိမ်းစေတယ်။ အသက်ကို ရှည်စေတယ်။ ဦးနှောက်ကို ကြည်လင်စေတယ်။ မှတ်ဉာဏ်ကောင်းလာစေတယ်။ ဖြူနေတဲ့ဆံပင်ကို
မြင်းခွါရွက်ကို နေ့စဉ်ဆက်ပြီးစားပေးခြင်းဖြင့် ပိတုန်းရောင်ကေသာလို ပြန်လည်နက်မှောင်လာစေတယ်။
ဒါကြောင့် မြင်းခွါပင်ကလေးဟာ အနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပဝါလိုပါလို့ တင်စားချင်တယ်။


မြင်းခွါပင်နှင့် ဆေးအသုံးများ---
ဆီးရောဂါအမျိုးမျိုးအတွက်---
(၁) ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်ရောဂါမျာအးတွက် မြင်းခွါပင် သုံးလေးစည်းကို ရေစင်အောင်ဆေးပြီး သန့်ပြန့်တဲ့ ကျောက်ဆုံနှင့်ထောင်းပြီး အရည်ညှစ်ယူပါ။ အဲဒီအရွက်စိမ်းညှစ်ရေကို ရှေးက သတ္ထုရည်လို့ ခေါ်တယ်။ အဲဒီရွက်စိမ်းရည်ထဲကို သကြားသင့်ရုံထည့်ပြီး လူကြီး လက်ဖက်ရည်အကြမ်း တပုဂံကို ည-မနက် တိုက်ပေးရတယ်။
ကလေးကြီးဆိုလျှင် လက်ဖက်ရည်အကြမ်းပုဂံ တဝက်၊
နို့စို့ကလေးဆိုရင် လက်ဖက်ရည်ဇွန်း တဇွန်း တိုက်ရမယ်။
သတိထားရမှာက လူကြီးတွေမှာ သွေးချို၊ ဆီးချိုရှိနေရင် သကြားမထည့်ရဘူး။ ဒီအတိုင်းပှု တိုက်ရမယ်။


သက်လုံကောင်းအောင်---
(၂) မြင်းခွါပင် ပဉ္စငါးပါးကို သန့်စင်ပြီး ညက်အောင်ထောာင်းကာ အရည်ညှစ်ယူပြီး ပျားရည်အနည်းငယ်ဖြင့် ရောစပ်ကာ လက်ဖက်ရည်အကြမ်းပုဂံတလုံးကို နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အမောအပန်းပြေစေပြီး အားခွန်ဗလ တိုးမယ်။ အမောအပန်းကို ခံနိုင်ပြီး သက်လုံကောင်းတယ်။


မျက်စဉ်း---
(၃) မျက်စိနာ၊ မျက်ရည်ယို၊ မျက်စိကျိန်းစပ်သော ရောဂါဖြစ်လျှင် မြင်းခွါရွက် ရွက်စိမ်းရည်ကို အရည်ကြည် စစ်ယူပြီး အဲဒီအရည်ကြည်ကို ဝါဂွမ်းစနှင့်တို့ပြီး ည-မနက် မျက်စဉ်းခတ်ပေးလျှင် သက်သာပျောက်ကင်းစေ နိုင်တယ်။


သွေးစုနာနှင့် အနာစိမ်း---
(၄) သွေးစုနာနှင့် အနာစိမ်းများ လူ့ခန္ဓာကိုယ်မှာ ပေါက်လာရင် မြင်းခွါရွက်နှင့် စပါးလင် ဆတူရောကြိတ်ကာ အုံပေးထားရမယ်။ ပတ်တီးစည်းလို့ရရင်လည်း ပတ်တီးစည်းထားပေါ့။ အဲဒီလို ပတ်တီးစည်းပေး၊ အုံပေးထားရင် သွေးစုနာနှင့် အနာစိမ်းများ အပျောက်မြန်ပြီး အနာရဲ့အမြစ်ပါ ကျွတ်ထွက်သွားတာကို
တွေ့ရမယ်။


အဆစ်များ ကိုက်ခဲလျှင်---
(၅) မြင်းခွါပင်ကလေးများကို ရေနှင့်သန့်ပြီး အရည်ညှစ်ယူပါ။ ပြီးလျှင် ရေနံဆီနှင့် ဆတူရောရတယ်။ ပြီး အဆစ်အမြစ် ကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည့်နေရာတွေမှာ နာနာပွတ်လိမ်းပေးပါ။ (မနက်တကြိမ်၊ ညတကြိမ်) အဲဒီလိုပြုလုပ်ပေးရင် အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် အကြောတက်ခြင်းတို့မှ သက်သာပျောက်ကင်း ပါတယ်။


ဆီပူလောင်ခြင်း ရေနွေးပူလောင်ခြင်း---
(၆) အမှတ်တမဲ့ ရေနွေးပူလောင်ခြင်း၊ ဆီပူလောင်ခြင်းဖြစ်လျှင် ချက်ချင်း မြင်းခွါရွက်ကို ထုထောင်းပြီး အရည်ညှစ်ယူကာ သကြားဖြင့် ရောစပ်ပြီး ဒဏ်ရာကို ဝါဂွမ်းဖြင့် မကြာခဏလိမ်းပေးရမယ်။ အဖုပေါက်ခြင်း၊ ပူလောင်ခြင်း ဝေဒနာမှ သက်သာပျောက်ကင်းသွားမည် ဖြစ်ပါတယ်။


မှတ်ဉာဏ်နှင့် အားတိုးဆေး---
(၇) မြင်းခွါရွက်စိမ်းရည် တကျပ်ခွဲသားနှင့် သကြား တကျပ်သားတို့ကို နွားနို့စစ်စစ် ပူပူဖြင့် နေ့စဉ် မှန်မှန် သောက်ပေးသွားပါက ကာမအားကို တိုးပွားစေပြီး မှတ်ဉာဏ်ကောင်းလာမယ်။ ဉာဏ်ပညာလည်း ထက်မြက်စေပါတယ်။


အထက်ပါ မြင်းခွါပင်ကလေးနဲ့ပတ်သက်ပြီး တင်ပြချက်များဟာ အလွယ်တကူပြုလုပ်နိုင်သော နည်းနာများသာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲများ မပါပါ။
နေ့စဉ်မြင်တွေ့နေရတဲ့မြင်းခွါပင်ကလေးကို အထင်တော့ မသေးလိုက်ပါနဲ့။ အနောက်တိုင်းဆေးသုတေသန ပညာရှင်များက အောက်ပါအတိုင်း ဓာတ်ခွဲစမ်းသပ်ချက်များကိုပါ ပူးတွဲတင်ပြလိုက်ပါတယ်။



---
THE GREAT POWER OF VILLARI အမည်ဖြင့် မြင်းခွါပင်၏ တန်ခိုးသတ္တိထူးများကို ရေးသားထားသည့် အိန္ဒိယဆေးကျမ်းကြီးတစောင် ရှိခဲ့ပါတယ်။ အဲဒီဆေးကျမ်းကြီးဟာ မြတ်ဗုဒ္ဓမပွင့်မီက ပေါ်သော မန္ဂန္တရီ ဆရာကြီး၏ မန္ဂန္တရီဆေးကျမ်းကြီးပင် ဖြစ်ပါတယ်။ အဲဒီဆေးကျမ်းကြီးထဲမှာ မြင်းခွါပင်ကလေးများ၏ စွမ်းပကားကို တခမ်းတနား ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။


တဖန် အယ်လ်ဂျီးရီးယားနိုင်ငံမှ သုတေသနပညာရှင်များက သုတေသနပြုကြရာမှာ မြင်းခွါပင်ကလေးများ၌
ပြိုင်ဘက်ကင်းသော Vitamin ခေါ် နေရောင်ခြည်ဓာတ်တမျိုးကို တွေ့ခဲ့ရပါတယ်။ ထို့အပြင် မြင်းခွါပင်ကလေးမှာ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ်အထိ တွေ့ရှိရကြောင်း ကမ္ဘာကို ဖော်ထုတ်ခဲ့ပါတယ်။ နောက်ထပ် မြင်းခွါပင်၌ တွေ့ရှိရသော ဗီတာမင်ကို ဂျီဟုအမည်တပ်လိုက်ပါတယ်။ မြင်းခွါပင်ကလေးဟာ ငယ်ပင်ငယ်သော်ငြားလည်း ဆေးဝါးအာနိသင် ထက်မြက်စူးရှမှု အပြည့်ရှိကြောင်း တင်ပြလိုက်ရပါတယ်။


မဝေဝေနွယ် (တိုင်းရင်းဆေး)
(ဂမ္ဘီရ ၂၀၀၇-၁၂)

သရက်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


အခုလိုမိုးရာသီမှာ ပေါပေါများများရနိုင်တဲ့သရက်သီးမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာဟာရဓာတ် တွေများစွာ ပါဝင်ပါတယ်။ သရက်သီးဟာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့ အကောင်းဆုံး အာဟာရအရင်းအမြစ်တစ်ခုပါ။

သရက်သီးမှာပါတဲ့ Magneferin နဲ့ Lactase တွေဟာ အစာချေဖျက်မှုကို ကူညီပြီး အူကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ သရက်သီးမှာ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်ဘီ၊ စီ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ သံဓာတ်တွေလည်း ပါဝင်ပါတယ်။ သရက်သီးမှာ ပိုတက်စီယမ်ဓာတ်လည်း အများအပြား ပါဝင်တာကြောင့် သွေးတိုးလူနာတွေ စားသင့်တဲ့ အကောင်းဆုံးအာဟာရပါ။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပြီးတဲ့နောက် စွမ်းအင် ပြန်ဖြည့်ဖို့အတွက်လည်း အကျိုးပြုနိုင်ပါတယ်။

သရက်သီးမှာ အမျှင်ဓာတ်တွေလည်း အများအပြားပါဝင်ပြီး အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ သရက်သီးမှာ သံဓာတ်ပါဝင်မှုများတဲ့အတွက် သွေးအားနည်းရောဂါကို ကုသရာမှာ ကူညီနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လည်း အကျိုးပြုနိုင်တဲ့ အာဟာရကို ရရှိစေပါတယ်။ ကြွက်တက်ခြင်း၊ စိတ်ဖိစီးခြင်းနဲ့ နှလုံးရောဂါကို ခံစားနေရတဲ့သူတွေဟာ သရက်သီးမှာပါတဲ့ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေကြောင့် ရောဂါဝေဒနာ သက်သာနိုင်ပါတယ်။ သရက်သီးဟာ အရေပြားအတွက်လည်း အကျိုးပြုပါတယ်။

သရက်သီးမှည့်မှာ ဘီတာကယ်ရိုတင်းပါဝင်ပြီး နှလုံးရောဂါကို ကာကွယ်ရာမှာ ကူညီနိုင်ပါတယ်။ သရက်သီးစိမ်းမှာတော့ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်ပါတယ်။ သရက်သီးဟာ ကိုလက်စထရောအဆင့်ကို ထိန်းသိမ်း ပေးရာမှာလည်း ကူညီနိုင်ပါတယ်။

သရက်သီးစားရာမှာ သတိပြုသင့်တဲ့ အချက်ကတော့ သရက်သီးကို လတ်လတ်ဆတ်ဆတ်နဲ့ သန့်သန့်ရှင်းရှင်းခွဲပြီး ချက်ချင်းစားသင့်တာပါ။ သရက်သီးဟာ ယင်ကြိုက်တဲ့အစာ ဖြစ်တာကြောင့် အခုလို ယင်ကောင်တွေ ပေါများလွန်းတဲ့ မိုးရာသီမှာ သရက်သီးခွဲနေစဉ်နဲ့ မစားခင်မှာ ယင်မနားအောင် ဂရုစိုက်ပါ။

ယင်ကောင်နားထားတဲ့ သရက်သီးကိုစာရင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

Ref : Good Health

ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး




ကျွန်မတို့ စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ

ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..

၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .

ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .

ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.

HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.


ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်း
ခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .

ဒေါက်တာခင်မောင်လွင်

Saturday 7 January 2012

ကြက်သွန်ဖြူ & ကြက်သွန်နီ

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ

ဆီးလမ်းကြောင်းပိုးဝင်မှု သက်သာ စေခြင်း
ခရမ်ဘယ်ရီ ဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာ စေတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက် ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။

ကင်ဆာရောဂါ သက်သာစေခြင်း
အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူ အစိမ်းကို ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ် စဉ်းပြီး ၁၀ မိနစ်လောက်ထားတာဟာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက် ပေးတဲ့ ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။


အရွယ်တင် ရုပ်နုပျိုစေခြင်း
ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ A1- licin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့် အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊ အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါး စေပါတယ်။


အအေးမိရောဂါ သက်သာစေခြင်း
နှာချေခြင်း၊ နှာပိတ်ခြင်းလို အအေးမိ ရောဂါရဲ့ အစပျိုးလက္ခဏာတွေ ခံစားရတဲ့ အခါမှာ ကြက်သွန်ဖြူကို အသုံးပြု နိုင်ပါတယ်။ အခွံမခွာရသေးတဲ့ ကြက်သွန်ဖြူ နှစ်မြွှာကို ၂၅ စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲထည့်ပြီး အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီးစားပါ။ ကြက်သွန်ဖြူထဲက ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုး ဝင်မှုကို တွန်းလှန်နိုင်ပါတယ်။


ခြေထောက်ယားယံမှု ကင်းဝေးစေခြင်း
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။ ကြက်သွန်ဖြူကို ရေနွေးထဲထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး တစ်လုံးထဲ ထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက် စိမ်ပေးရင် ခြေထောက်ယားယံတာ သက်သာစေပါတယ်။

Ref: Good Health




ကြက်သွန်ဖြူကြောင့် ပါးစပ်အနံ့ပျောက်အောင် နွားနို့သောက်ပါ

ကြက်သွန်ဖြူစားအပြီးမှာ ပါးစပ်အနံ့ထွက်တာကို နွားနို့သောက်ပေးရင် သက်သာ စေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်ရာမှာ ချက်ပြီးသား ကြက်သွန်ဖြူနဲ့ အစိမ်းစား ကြက်သွန်ဖြူတို့ပါဝင်ပြီး နွားနို့ဟာ ကြက်သွန်ဖြူမှာပါဝင်တဲ့ အနံ့ထွက်စေတဲ့ ဆာလ်ဖာဒြပ်ပေါင်းအဆင့်ကို သိသိသာသာ လျှော့ချနိုင်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ကြက်သွန်ဖြူစားနေစဉ်မှာ နွားနို့သောက်ရင် ပိုမိုထိရောက်မှုရှိပြီး မလိုင်အပြည့်ပါဝင်တဲ့ နို့ဟာ မလိုင်ထုတ်ထားတဲ့ နွားနို့ထက် ပိုပြီးအနံ့ပျောက်ကင်းတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allyl Methyl Sulphide (AMS) ဟာ အစာအိမ်အတွင်းမှာ မဖြိုခွဲနိုင်တဲ့အတွက် အသက်ရှူရာနဲ့ ချွေးထွက်ရာမှာ ခန္ဓာကိုယ်ပြင်ပကို ထွက်သွားပါတယ်။ ကြက်သွန်ဖြူဟာ ဟင်းတွေရဲ့အရသာကို ကောင်းမွန်စေပြီး ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့အတွက် မစားမဖြစ် စားရမယ့်အစာဖြစ်ပြီး အနံ့အသက်ပျောက်ကင်းအောင် ရေနဲ့နွားနို့ သောက်ပေးရပါမယ်။ မှို၊ ပင်စိမ်းနဲ့ ရိုးရိုးရေတွေဟာလည်း ကြက်သွန်ဖြူရဲ့ အနံ့အသက်ကို ပျောက်ကင်းစေနိုင်ပါတယ်။

Ref: Good Health

အစိမ်းရောင် ရေနွေးကြမ်း (Green Tea)


လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်

ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။

၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း

ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။

၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း

ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။

၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း

တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။

၎။ သွားဖုံး ကျန်းမာစေခြင်း

အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။

Ref : Good Health




လက်ဖက်စိမ်း လက်ဖက်ရည်က ကင်ဆာကို ကာကွယ်နိုင်သလား


လက်ဖက်စိမ်း လက်ဖက်ရည် (Green Tea) က ဆေးဖက်ဝင် ဖျော်ရည် တစ်မျိုးအဖြစ် အလွန် ရေပန်းစားနေပါတယ်။ အာရှ နိုင်ငံတွေက စတင်ပြီး ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ ဖော်ပြခဲ့တာပါ။ တရုတ်နိုင်ငံက လေ့လာမှုတစ်ချို့အရ နေ့စဉ် လက်ဖက်စိမ်း လက်ဖက်ရည် တစ်ခွက်ပုံမှန်သောက်တဲ့ အမျိုးသားတွေမှာ မသောက်တဲ့ သူတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းနည်းပါးခြင်းနဲ့ နေ့စဉ်အဆိုပါ

လက်ဖက်ရည်တစ်ခွက် ပုံမှန်သောက်တဲ့ အမျိုးသမီးတွေမှာလည်း မသောက်တဲ့သူတွေနဲ့ ယှဉ်ရင် မမျိုးဥအိမ် ကင်ဆာဖြစ်နှုန်း လျော့နည်းခြင်းတို့ကို တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။ ဒါပေမဲ့ တခြား လေ့လာမှုတွေကတော့ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ကင်ဆာကို ကာကွယ်နိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး သေချာ အတည်မပြုနိုင်သေးပါဘူး။

ဓာတ်ခွဲခန်း လေ့လာမှုတွေနဲ့ တိရစ္ဆာန် လေ့လာမှု တစ်ချို့အရ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ အကျိတ် ကြီးထွားခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း ဆိုပါတယ်။ ဒါဟာ ကင်ဆာဆဲလ်တချို့ သတ်တဲ့ အခါ ကင်ဆာဆေးသွင်း ကုသမှုရဲ့ လုပ်ငန်းဆောင်တာကို အားကောင်းစေတာနဲ့ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ ကင်ဆာ ရောဂါသည်တွေကို လက်ဖက်စိမ်း လက်ဖက်ရည် အားဖြည့်ဆေးပေးတဲ့အခါ သိသာတဲ့ တိုးတတ်မှုမရဘဲ ဘေးထွက် ဆိုးကျိုးသာ ရရှိခဲ့တာကို တွေ့ရပါတယ်။ ဘေးထွက် ဆိုးကျိုးတွေအနေနဲ့ ပျို့အန်ချင်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အိမ်မပျော်ခြင်းတွေ ရရှိခဲ့တဲ့အတွက် အားဖြည့်ဆေးကို ဆက်လက် မပေးကြတော့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ လက်ဖက်စိမ်း လက်ဖက်ရည် တစ်ခွက် သောက်တာကတော့ ဘေးအန္တရာယ်မရှိတဲ့ အတွက် ကင်ဆာ ကာကွယ်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်နိုင်တယ်လို့ ကျွန်းကျင်သူတွေက သုံးသပ် ပြောဆိုထားပါတယ်။

Ref: Good Health




'လေဖြတ်ခြင်းကို ကာကွယ်နိုင်သည့် ရေနွေးကြမ်း'

ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများငယ်စဉ်ကတည်း ကသောက်ခဲ့ကြသည်။ နေရာ တိုင်း အိမ်တိုင်းမှာ ရေနွေး ကြမ်းဝိုင်းရှိခဲ့သည်။ ဧည့်သည် လာလျှင် ရေနွေးကြမ်းအရင်ချ ပေးသည်။
ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း။

ကျန်းမာရေးအတွက်လား။ အဆီ ကျ၍လား။ အစာအိမ်နှင့်အူ လမ်းကြောင်း ကောင်းစေ၍လား။ ကင်ဆာကို ကာကွယ်၍လား။ အမှန်အတိုင်းဖြေရလျှင် မဟုတ် ပါ။ သောက်ကောင်း၍သောက် ခဲ့ခြင်းသာဖြစ်ပါသည်။ မိတ်ဆွေတစ်ဦးကခေါ်၍ ဧည့်ခံပွဲတစ်ခုသို့သွားခဲ့သည်။

ရန်ကုန်မြို့လယ်က ဟိုတယ်ကြီး တစ်ခုတွင်ဖြစ်သည်။ အစားအ သောက်များကစုံလှသည်။ အချို ရည်ကလည်း အစုံ၊ ဘီယာ၊ အ ရက်ကြိုက်သလောက်သုံးဆောင် ပါဟုဆိုသည်။

သို့သော် ထမင်း စားပြီးနောက် သောက်နေကြ ရေနွေးကြမ်းကို တမ်းတမိသည်။ သည်လိုဟိုတယ်ကြီးမှာ ရ,မရ မသိ။ ခေတ်မီစွာ အနောက်တိုင်း စတိုင်လ်အပြည့်ဝတ်ထားသော နံဘေးမှပုဂ0x081ဂိုလ်တစ်ဦးကို မေး ကြည့်မိပါသည်။ 'ဒီမှာ ရေနွေး ကြမ်းများမရနိုင်ဘူးလား'ဟု သူက အသာတကြည်ပင်ပြုံးပြပြီးလူကိုကြည့်သည်။

မိမိ ဘာမှားသွားသလဲဟု စိတ်ကထင့် သွားသည်။ ခပ်ရှက်ရှက်ဖြစ်မိ သည်။ 'ရနိုင်ပါတယ်'ဟု သူက ပြောသည်။ တော်ပါသေးရဲ့။ ဒါပေမယ့် 'ရေနွေးကြမ်းမှာ လို့တော့မရဘူး'ဟု ပြောသည်။

ဘယ်လိုပါလိမ့်ဟုထင်နေစဉ်မှာ ပင် သူကဝိတ်တာကိုလှမ်းခေါ် လိုက်သည်။ အနောက် တိုင်းဝတ် စုံကို သူ့ထက်ပင်သပ်ရပ်စွာ ဝတ် ဆင်ထားသော ဝိတ်တာလူငယ် ရောက်လာသည်။

'ဂရင်းတီး . . . ပလိစ်' ဟု သူကပြောလိုက်သည်။ ဝိတ်တာက ကိုယ်ကိုကိုင်း၊ ခေါင်း ကိုငြိမ့်ပြီး ပြန်ထွက်သွားပါသည်။

မကြာမီြွကေကရားဖြူဖြူကလေး နှင့် အိုးတစ်အိုးရောက်လာသည်။ 'ဒါရေနွေးကြမ်းလား' ဟုမေး ရာ'ဟုတ်တယ်' သူကအနည်း ငယ်ငှဲ့ပြီး အနံ့ခံပြီးနောက် 'ဂျပ် စမင်တီးပဲ'ဟုပြောသည်။

သူပြော သည့် jasmine tea ဆိုသည်မှာ စံပယ်ပွင့်ရနံ့ပါသော လ0x081ဘက် ခြောက်ဖြစ်သည်။

တစ်ကယ် စံပယ်ပွင့်ပါမပါတော့ မသိပါ။

ထိုနေ့ကသောက်ရသော ရေနွေးကြမ်းကို ယနေ့အထိ မမေ့ သေးပါ။

သို့သော်လည်း ယခုစာ ရေးနေချိန် စာရေးသူ၏စားပွဲ ပေါ်မှ ရေနွေးကြမ်းနှင့်တော့ မလဲနိုင်ပါ။ ဒီမှာက ကျောက်မဲ လ0x081ဘက်ခြောက်ခတ်ထားသော ရေ နွေးကြမ်းအနီဖျော့ဖျော့ဖြစ်ပါသည်။

ရေနွေးကြမ်းကို jasmine tea ဟုခေါ်ရခြင်းကို စာရေးသူ မနှစ်မြို့ပါ။ ပေါင်ဒါနံ့လိုလို စံပယ်နံ့လိုလိုပါသော ရေနွေး ကြမ်းကိုလည်း မကြိုက်ပါ။

လျှာ တွင်အရသာတွေ့သည်မှာ မွေးက တည်းက၊ လူမှန်းစသိကတည်းက အဖိုး၊ အဘတို့နှင့်သောက်ခဲ့ သော 'အခါးရည်' လည်းကောင်း၊ 'အဖန်ရည်'ဟုလည်းကောင်း ခေါ်ကြသည့် ရေနွေးကြမ်းကို သာကြိုက်ပါသည်။

တစ်ကယ်တော့ ထမင်းစား ပြီးလျှင် သို့မဟုတ် အစာများများ စားပြီးလျှင် အချိုရည်သောက် သူနှင့် ရေနွေးကြမ်းသောက် သူတို့မှာ ကျန်းမာရေးရှုထောင့်မှကြည့်လျှင် အစာအိမ်သက် တမ်းရှည်မှု မတူညီကြပါ။

တိုင်းရင်းဆေးပညာရှုထောင့် တွင်ဖြစ်စေ၊ အိန0x081ဒိယမှလာသော အာယုဗေဒဆေး ပညာတွင်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဖို့ အတွက် 'ဝမ်းမီး'လိုသည်။ 'ဝမ်း မီး'ကို ဒေသနာနယဆေးပညာ တွင် 'ပါစကတေဇော' ဟုလည်း ခေါ်သည်။

'ဝမ်းမီး'မှာ ဝမ်းထဲမှမီးဖြစ် သည်။ ရေအေးနှင့်လောင်းလျှင် မီးငြိမ်းသွား မည်ဖြစ်သည်။

'ပါစကတေဇော'သည် အ စာကိုလောင်မြိုက်ပြီး ကြေကျက် အောင်ချက်ပြီးသော တေဇော ဖြစ်၍ပူသော တေဇော (ဥဏှတေ ဇော)ဖြစ်ပြန်သည်။

ပူသော တေဇော၏ ဆန့်ကျင်ဘက်မှာ အေးသောတေဇော (သီတတေ ဇော) ဖြစ်သည်။ အေးသောရေ၊ ရေခဲရေ၊ အချိုရည်တို့မှာ အေး သောအရသာရှိသဖြင့် 'သီတ' အစာဖြစ်သည်။ အစာကြေစေ သောအပူဆန့်ကျင်ဘက်လောင်း ထည့်လိုက်လျှင်မည်သို့ဖြစ်မည် နည်း ရှင်းပါသည်။

အစာမကြေ နိုင်တော့။ မကြေသည့်အပြင် ပါစကတေဇောပျက်မည်ဖြစ်လေ သည်။

ပူလိုက်အေးလိုက်ဖြစ်ပါ များလျှင် အစာအိမ်ပျက်စီးသည်။

အစာအိမ်ပျက်စီးလျှင် ရောဂါ တစ်ခုခုရမည်မှာ သေချာသည် ရနိုင်သောရောဂါများမှာ-
(၁)အစာမကြေရောဂါ
(၂)အစာအိမ်ရောင်ရောဂါ
(၃) အချဉ်ပြန်ရောဂါ
(၄)အစာအိမ်အချဉ်ပေါက်ရောဂါ
(၅) အစာအိမ်အနာပေါက်ခြင်း
(၆) အစာအိမ်ကင်ဆာ စသော ရောဂါများဖြစ်နိုင်လေသည်။
ရိုးရာဆေးပညာ၊ အာယု ဗေဒဆေးပညာအလိုအရ'ရောဂါ မှန်သမျှသည် အစာမကြေမှစ သည်' ဟုဆိုသည်။

အနောက်တိုင်းဆေးပညာများ တွင် မကြာသေးမီကမှဖတ်လိုက် ရသည်မှာ အစာစားပြီး အချိုရည် နှင့်သံဗူးများ၊ ဂက်စ်ပါသော အချိုရည်သောက်သုံးလေ့ရှိသူများမှာ စားထားသမျှထဲမှ အဆီဖတ် များကို အေးပြီးခဲအောင်ပလုပ် လိုက်သဖြင့် ချေဖျက်ရန်ခက်ခဲပြီး 'ဆီးချို'ရောဂါဖြစ်ဖို့ လမ်းစ ဖြစ်လာနိုင် သည်။

ထို့အပြင် ထို အက်ဆစ်ဖတ်များ ကိုအဟာရအဖြစ် အူသိမ်မှစုပ်ယူရာမှ သွေးကြော များအတွင်း ရောက်ရှိပြီး သွေး တွင်းအဆီ ထုတက် လာလေသည်။

သွေးတွင်း အဆီထုတက်လာသူ များမှာ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါများ ခံစားရလေ့ရှိပြီး အခန့်မသင့်သော တစ်နေ့တွင် အဆီခဲ ပတ်ထွက်မျောပါသွားပြီး ဦးနှောက်အတွင်းသို့ရောက်ရှိပြီး ရုတ်တရက် မူးပြီးလဲကျခြင်း၊ ဦး နှောက်အတွင်း သွေးခဲပိတ်၍ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊ လေဖြတ်ခြင်းများ ပါဖြစ်နိုင် သည်။

စာရေးသူလေဖြတ်သူများကို နှစ်ပေါင်း(၂ဝ)ကျော်ကုသလာခဲ့သည့် အတွေ့အကြုံများအရလည်း လေ ဖြတ်သူအတော် များများမှာ ဆီးချို နှင့်သွေးတိုး ရောဂါရှိခဲ့ကြပြီး ရေခဲ ရေ၊ အချိုရည်ကို ထမင်းစားပြီး တိုင်းသောက် လေ့ရှိသူများဖြစ် သည်ကို တွေ့ရပြန်ပါသည်။

ရေနွေးကြမ်းနှင့်ပတ်သက်ပြီး ပြန်လည် ကောက်ချက်ချ ရမည်ဆို လျှင် ကျေးလက်တော ရွာများ တွင်၊ မြို့ကြီးပြကြီးများ၌နေ ထိုင်သူများ လောက် လေဖြတ်သူမများရခြင်း အကြောင်းအရင်း များတွင် ရေနွေးကြမ်း သောက် သောဓလေ့ သည်လည်း တစ်ခု အပါအဝင်ဖြစ်နိုင်ပါသည်။

တော နယ်များတွင် ဆင်းရဲသား လယ် သမား၊ ယာသမားများဘဝတွင် အချိုရည်၊ ရေခဲရည်လည်း မသောက်နိုင်ကြပါ။

တရုတ်ပြည်မှ ရှေးနှစ်ပေါင်း များစွာ(အေဒီ-၆ဝဝ)ကျော်က တည်းက ဆူပွက်သောရေနွေး ထဲသို့ သစ်ရွကြွေ်ကကျရာမှ စတင်ခဲ့သော လ0x081ဘက်ခြောက်ခတ် သောက်သောဓလေ့ကြောင့် အာရှ နှင့် အရှေ့တောင်ဥရောပနိုင်ငံ များတွင် အစာအိမ်နှင့်အူမကြီး ကင်ဆာဖြစ်သူ နည်းပါးသည်။

ဥရောပနိုင်ငံများမှာအဖြစ်များသော ကင်ဆာသည် အရှေ့တောင် အာရှရှိ ရေနွေးကြမ်းသောက် သောနိုင်ငံများတွင် ဖြစ်ပွားမှုရာ နှုန်းနည်းသည်ကို လေ့လာတွေ့ ရှိကြသည်။

လေဖြတ်ခြင်းသည် လူမ သေသော် လည်း ဘဝဆုံးရသော ရောဂါမျိုးဖြစ်သည်။ စီးပွား ရေးအရလည်း မိသားစုတစ်ခုလုံး ငွေကုန်ကြေး ကျများပြီး နှစ်ရှည် လများထိခိုက်စေသောရောဂါ ဖြစ်သည်။ လေမဖြတ်အောင် ကြိုတင်ရှောင်ကြဖို့လိုသည်။
အမှန်တော့ လေဖြတ်ခြင်းကို ကာကွယ်သည့်ဆေးဟူ၍ မရှိပါ။

သွယ်ဝိုက်သောနည်းဖြင့်သာ အကျိုးရှိနိုင်သောဆေးများကိုသာ ရောင်းနေကြခြင်း ဖြစ်သည်။

လေ မဖြတ်အောင် နားရွက်နောက်မှ အကြောဖြတ်သူများလည်း တွေ့ ဖူးသည်။ အလွန်မှားသော လုပ်ရပ် ဖြစ်သည်။

နားကြောဖြတ်ပြီးမှ လေဖြတ်လာသူကို လက်တွေ့ ကြုံဖူးပါသည်။ သတ0x081တုစပ်လက် ကောက်တစ်မျိုးကို နိုင်ငံခြားမှ လာသည့် လေမဖြတ်သည့်လက် ကောက်၊ ဤလက်ကောက်ကို ဝတ်ထားလျှင် သွေးမတိုးနိုင်ဟု ညာရောင်း နေခြင်းများလည်း ရှိသည်။

စာရေးသူ၏လက်တွေ့လူနာ များကို ကုသခဲ့ဖူးသောအမြင်ဖြင့် လေဖြတ်ခြင်းမှ ကာကွယ် နိုင်သော နည်းလမ်းကောင်း တစ်ခုကိုညွှန် ပြပါဆိုလျှင် 'ရေနွေးကြမ်း' တစ် ခွက်ကိုပင် ညွှန်ပြလိုပါသည်။

သင် လေဖြတ်ခြင်းမှကာကွယ်သော ဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီး တိုင်း ရေနွေးကြမ်း တစ်ခွက် သောက်ပါ။

အစာစားပြီး တိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက် ရေနွေးကြမ်း သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကို လည်း ကာကွယ်ပြီး သွေးတွင်းအဆီကျ စေသည့်အပြင်လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေး ကျနည်းသော ဆေးကောင်းဖြစ် ကြောင်းရေးသားလိုက်ရပါသည်။

SHADE Journal

လက်ဖက်ရည်ကြမ်း ( Green Tea )က ဆေးလိပ်သောက်၍ ဖြစ်သည့် အဆုတ်ကင်ဆာ အပေါ် ကောင်းနိုင်ဟုဆို

လက်ဖက်ရည်ကြမ်း ( Green Tea )က ဆေးလိပ်သောက်လို့ ဖြစ်တဲ့ကင်ဆာပေါ် သက်ရောက်မှု (ပြုပြင်မှု) ရှိနိုင်တာကို



တိုင်ဝမ် ကျွန်းဆေးရုံ တစ်ရုံက အမေရိကန်ပြည်ထောင်စု၊ ကင်ဆာ သုတေသနအသင်းရဲ့ ယခုနှစ်စာတမ်းဖတ်ပွဲမှာ တင်ပြ ထားပါတယ်။ တိုင်ဝမ်းဆေးတက္က သိုလ်က ဒေါက်တာလင်က “ အဆုတ်ကင်ဆာဆိုတာ တရုတ်okw(တိုင်ပေ) မှာ သေနှုန်းများတဲ့ ရောဂါဖြစ်ပါတယ်၊

လက်ဖက်ရည်ကြမ်းက စိတ်ဝင်စားဖို့ ကောင်းတယ်၊

သူမှာပေါ် လီဖီနာလို့ခေါ် တဲ့ အင်တီအောက်စီဒင့်ပါတယ်၊ သူက အလုံး၊ အကြိတ်ဖြစ်တာကို တားတယ် ” လို့ ဆိုပါတယ်။

ဒေါက်တာလင်နဲ့ သူ့အဖော်တစ်စုက အဆုတ်ကင်ဆာဖြစ်ပြီး လူနာ ၁၇၀ နဲ့ ပကတိ ကျန်းမာသူ ၃၄၀ ကို မေးခွန်းတွေမေးပြီး သုတေသနပြုပါတယ်။ သူတို့ရဲ့နေထိုင်ရာဒေသ၊ စီးကရက်သောက်သုံးမှု၊ လက်ဖက်ရည်ကြမ်းသောက်သုံးမှု၊
နေ့စဉ်စားသုံးမှု (အသီးအ နှံ၊ ဟင်းသီးဟင်းရွက်)၊ ချက်ပြုတ်ပုံ၊ မိသားစုမှာ
ကင်ဆာမျိုးရိုး ရှိမရှိ တို့နဲ့ဆက်စပ်ပြီး စူးစမ်းပါတယ်။



သုတေသနပြုခံရသူ အုပ်စုထဲပါ၊ ဆေးလိပ်သောက်သူရော၊ မသောက်သူရော တစ်နေ့ လက်ဖက် ရည်ကြမ်းတစ်ခွက်ကလေးတောင် မသောက်ဘူးဆိုရင် ကင်ဆာဖြစ်ဖို့ (ရဖို့) ၅.၁၆ဆဖြစ်နိုင်ခြေရှိကြောင်း။

ဆေးလိပ်လည်းသောက်မယ်၊ ပုံမှန်လည်း လက်ဖက်ရည်ကြမ်းသောက်လေ့ မရှိဘူးဆိုရင်တော့ ၁၂.၇၁ ဆ တောင်ဖြစ်နိုင်ခြေ
ရှိကြောင်း တွေ့ထားပါတယ်။

ကင်ဆာအားပေးဗီဇ (ဂျင်း) လဲမပါ၊လက်ဖက်ရည်ကြမ်းလဲ ပုံမှန်သောက်မယ် ဆိုရင် ကင်ဆာကင်းဝေးဖို့ ၆၆ရာခိုင်နှုန်းတောင်ရှိတယ်၊ ဒါပေမဲ့ ဆေးလိပ်သောက်ပြီး ကင်ဆာ အားပေးဗီဇ(ဂျင်း) လဲပါမယ်ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေက အလွန့်အလွန်များတယ်လို့ဆိုပါတယ်။

ကျွန်တော်တို့ ပြောနိုင်တာက ဆေးလိပ်သောက်လို့ရတဲ့ အဆုတ်ကင်ဆာ ကို လက်ဖက်ရည်ကြမ်းက တစ်မျိုး တစ်ဖုံပြောင်းနိုင် ( လျော့နိုင်) တယ်၊ အဆုတ်ကင်ဆာက ဗီဇပေါ်မှာပဲမူတည်တယ် ” လို့

ဒေါက်တာ လင်က ဆိုပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites