Wednesday 4 January 2012

မေးလ်ပို့ပြီးနောက် Undoလုပ်နိုင်သည့်စနစ် Gmailတွင်သုံးနိုင်



Gmailအသုံးပြုသူများအနေနှင့် အလောတကြီး (သို့မဟုတ်) မှားယွင်းပြီး Mailပို့မိခြင်းတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်းနှင့် တခါတရံတွင် ပြဿနာတက်ခြင်းတို့ ကြုံတွေ့ဖူးပါလိမ့်မည်။

သို့သော်လည်း ထိုအခက်အခဲများအား ဖြေရှင်းပေးနိုင်မည့် ခြေလှမ်းတစ်ရပ်ကို Googleက စတင်လိုက်ပြီဟု သိရှိရသည်။

Google၏ နာမည်ကျော် Emailစနစ်တွင် Undo Sendဆိုသည့် ၀န်ဆောင်မှုတစ်ခု ပါဝင်လာပြီး ၎င်းကိုရွေးချယ်လိုက်ပါက Gmailပေးပို့ထားသူသည် (၅)စက္ကန့်အတွင်း ၎င်း၏Mailကို ပြန်ခေါ်နိုင်မည်ဖြစ်သည်။

ထို့အပြင် အတော်ကြာမှ ပြန်ဖျက်လိုပါကလည်း Sent Mailထဲသို့သွားပြီး Undoဖြင့် ဖျက်ပစ်နိုင်မည်ဟု Googleကဆိုသည်။ Google၏ User Experienceဆိုင်ရာ ဒီဇိုင်နာ မိုက်ကယ်လ်လက်ဂျက်က ယခုFeatureကို ပြုလုပ်ရန်အတွက် ၎င်းသည် Messageအမှားတစ်ခု ပေးပို့ပြီးနောက် နောင်တရသွားရာမှ ရုတ်တရတ် စိတ်ကူးရလာခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

၎င်းသည် အသိမိတ်ဆွေ အမျိုးသမီးထံသို့ မွေးနေ့ဆုတောင်းတစ်ခု ပေးပို့ခဲ့ရာမှ Sendခလုတ်ကို နှိပ်ပြီးပြီးခြင်း အမှားတစ်ခုကို သတိပြုမိသောကြောင့် Browserကို ပိတ်ပစ်လိုက်ကြောင်း၊ သို့သော်လည်း ပြန်ဖွင့်ကြည့်ချိန်တွင် Mailမှာ တစ်ဖက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်းက ပြန်လည်ပြောပြခဲ့သည်။

၎င်းသည် ထိုUndo Featureကို Google Labရှိ ပညာရှင်များနှင့်အတူ ပူးပေါင်းတီထွင်ခဲ့ကြောင်း လက်ဂျက်ကဆိုသည်။ ထိုFeatureကို အသုံးပြုသူအနေနှင့် မိမိGmail Account၏ Settingထဲရှိ Undo Sendဆိုသည့် Featureတွင် Enableလုပ်ပေးခြင်းဖြင့် အသုံးပြုနိုင်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites