Wednesday 4 January 2012

ဘုံလုံသီးပုစွန်အစာသွတ်


ပါဝင်ပစ္စည်းများ

ဘုံလုံသီး - တစ်တောင့်

ကျော့ပုစွန် - ၃၀ ကျပ်သား

ပြုလုပ်ပုံအဆင့်ဆင့်

ပုစွန်ကို ပထမဆုံးအခွှံနွှာပြီး သန့်အောင် သေချာဆေးပါမယ်။

ပြီးရင်တော့ စဥ့်တီတုံး ပေါ်တင်ပြီး ဓားနဲ့ နုတ်နုတ်စင်းပါ။

စင်းပြီးသွားတဲ့ ပုစွန်စင်းကောကို ဟင်းခတ်မှုန့်၊ ဆား၊ နနွင်းမှုန့်တိုနဲ့ သေချာနယ်ပြီး ပန်းကန် တစ်ခုနဲ့ ထည့်ထားလိုက်ပါ။

ဘုံလုံသီးကို ကိုင်ရလွယ်ကူအောင် သုံးပိုင်းလောက်ပိုင်းပြီး အပေါ်ယံအခွံတွေကို ဓားနဲ့ ခြစ်ပါမယ်။

စိမ်းစိုနေတဲ့ ဘုံလုံသီးကို လက်သုံးသစ်စာအရွယ်ညီ အပိုင်းလေးတွေအဖြစ် ထပ်ပြီး ပိုင်းဖြတ်လိုက်ပါ။

အပိုင်းလေးတွေ ပိုင်းပြီးရင်တော့ ဘုံလုံသီးအထဲက အူတံတွေကို လက်နဲ့ဆွဲထုတ် ရှင်းလင်း ပစ်လိုက်ပါမယ်။

ဒါမှ အစာသွတ်ဖို့အတွက် အဆင်သင့် ဖြစ်မှာပါ။

အစာသွတ်ဖို့ ဘုံလုံသီးတွေ အသင့်ဖြစ်ရင် ခုနက စင်းထားတဲ့ ပုစွန်တွေကို အူတံအပေါက် ထဲကို သွတ်ပေးရုံပါပဲ။

အစာသွတ်ပြီးရင်တော့ ပုံမှန် ဟင်းတွေချက်သလို ကြက်သွန်ဆီသပ် ပြီး ဆီပူပူထဲကို ဘုံလုံသီးတွေထည့်ပြီး ဆီပူလှိမ့်ပေးပါ။

အရသာ အပေါ့အငန်ကို ကြက်သွန် ဆီသပ်ချိန်မှာ ထည့်ရမှာပါ။

ဆီပူထဲမှာ ဘုံလုံသီးတွေကို လှိမ့်ပြီးပြီဆိုရင်တော့ ရေနည်းနည်းထည့်ပြီး အုပ်ထားလိုက်ပါ။

ရေနည်းနည်းကို ၃၊ ၄ ကြိမ်ဆီပြန်အောင် စောင့်ထည့်ပြီး ဘုံလုံသီးနူးပြီး ပုစွန်အချိုတွေ စိမ့်ဝင်သွားအောင် တည်ပေးရပါမယ်။

ရေနဲ့ဆီကိုတော့ ကြိုက်သလို အနေအထားမှာ ချနိုင်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites