This is default featured post 1 title

Go to Blogger edit html and find these sentences.

Saturday, 21 January 2012

G-mail တစ်ခုမက ဖွင့်ထားရအောင်

ကျနော်တို့ G-mail account တွေကို တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးဖို့ လိုအပ်လာတဲ့အခါ Browser တစ်ခုချင်းစီမှာ လိုက်ဖွင့်ခဲ့ကြရပါတယ်။ ဥပမာ- Mozilla မှာ တစ်ခု၊ IE မှာတစ်ခု၊ Chrome မှာတစ်ခု .....အဲဒီလို။အခုတော့ ...ကျနော်တို့တွေ Browser တစ်ခုတည်းမှာပဲ G-mail Account တွေကို တစ်ခုထက်မက တစ်ပြိုင်နက်ဖွင့်သုံးလို့ရပါပြီ ။ ကျနော်တို့ G-mail Inbox setting လေးကို နည်းနည်းပြင်လိုက်ရုံသာ..။(၁) ပထမဆုံး ...ကျနော်တို့ရဲ့ ပုံမှန်သုံးနေကျ G-mail account ကို ဖွင့်ထားလိုက်ပါ။      G-mail Inbox ထဲကို ရောက်ပါပြီ။(၂)Inbox ရဲ့ညာဖက်အပေါ်ထောင့်က setting ကိုနှိပ်ပါ။ (၃)ပွင့်ကျလာတဲ့အထဲက Accounts and Import ကိုနှိပ်။     ...

Saturday, 14 January 2012

စိတ္တဇဆေးရုံ

နေရာ ---- စိတ္တဇဆေးရုံ ဆေးရုံအုပ် .... "မနက်ြဖန်က အရေးကြီးတဲ့နေ့တစ်နေ့နော်။ ဘာလို့လဲ သိလား၊ နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား .... လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်" နောက်တစ်နေ့ ..... နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက် ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက "မင်း ဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ" ဟူတည...

Sunday, 8 January 2012

ကုန်ကျမှုအနည်းဆုံး မျက်နှာအသားအရေ ထိန်းနည်း

အသက် ၂၅ နှစ်နောက်ပိုင်းမှာ အရေပြားထိန်းသိမ်းမှုကို စတင်သင့်ပါပြီ။ မဟုတ်ရင်အရေးကြောင်းကို ပျောက် အောင်ပြုလုပ်ဖို့ ခက်ခဲတတ်ပါတယ်။ အခုဆိုရင်မျက်နှာအသားအရေအတွက် အပေါ်ယံအလှအပတင်မဟုတ်ဘဲ အရေပြားထိန်းသိမ်းမှု (Skin Care) ကို လူတွေပိုမိုစိတ်ဝင်စားလာကြပါပြီ။ ဓာတု ပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့ SkinCare ပစ္စည်းတွေကို လူတွေလက်ခံမှု နည်းပါး ကြပါတယ်။ သဘာဝသစ်သီးတွေကို အခြေခံထုတ်လုပ်တဲ့ Skin Care ပစ္စည်းတွေ ပိုမိုအရောင်း သွက်လာပါတယ်။ သဘာဝသစ်သီးတွေနဲ့ သင့်အိမ်မှာပဲ အလွယ် တကူပြုလုပ်နိုင်ပြီး ကုန်ကျမှုအနည်း ဆုံးဖြစ်တဲ့ မျက်နှာအသားအရေ ထိန်းသိမ်းနည်းတစ်မျိုးကိုဖော်ပြပေးပါမယ်။ အိပ်ရာဝင်ခါနီးအချိန်ဟာအသင့်တော်ဆုံးပါ။ အလယ်အလတ်စားအရွယ် စတော်ဘယ်ရီသီးသုံးလုံးကို ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ခွက်တစ်ခု ထဲမှာရောချေပြီး ကြေသွားတဲ့အဖတ် တွေကိုမျက်နှာပေါ်မှာသုံးမိနစ်လောက်တင်ထားကာ ရေဆေးချလိုက်ပါ။ သခွားသီးနဲ့စတော်ဘယ်ရီသီး(မည်သည့်ဘယ်ရီသီးမဆို)...

သွားပိုးစားခြင်းရောဂါအကြောင်းသိကောင်းစရာ

သွားပိုးစားခြင်းရောဂါကို လူတိုင်းခံစားဖူးကြမည်ထင်ပါသည်။သွားပိုးစားရန်အတွက် အကြောင်းအရာ (၄) ရပ်လိုအပ်ပါတယ်။ အဲဒါတွေကတော့ ပါးစပ်ထဲတွင် (၁)သွားရှိရမည်။ (၂)စားကြွင်းစားကျန် ရှိရမည်။ (၃)ဘက်တီးရီးယားပိုး ရှိရမည်။ (၄)အချိန် တခု လိုအပ်ပါသည်။ အထက်ပါအကြောင်းရာ (၄)ရပ်ပေါင်းမှသာ သွားပိုးစားခြင်းဖြစ်သည်။ အဲဒီ အကြောင်းအရာ (၄)ရပ်ထဲမှ တစ်ခု မရှိလျှင် သွားပိုးစားခြင်းရောဂါ ဖြစ်ပွားမည် မဟုတ်ပါ။ သွားပိုးစားခြင်းသည် ချက်ချင်းဖြစ်ပွားသည့် ရောဂါမဟုတ်ပါ။ ပါစပ်ထဲမှာရှိတဲ့...

အသက်ရှည်ရှည်နေရအောင်

အသက် ၁၀၀ကျော် မနေချင်ကြသော်လည်း စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့  လိုရင်းတိုရှင်းအချက်လေးများ (၁) စောစောအိပ်ရာထပါ။ (၂) အလွန်အကျူး မစားပါနှင့်။ ခန္ဓာကိုယ်ကို ၀န်ပိစေပါတယ်။ (၃) စိတ်မရွှင်မပျ ဖြစ်ရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ဖြစ်ဖြစ်သွားကြည့်လိုက်ပါ။ (၄) အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။ (၅) မိမိပတ်ဝန်းကျင်မှာ ပြောင်းလဲနေတာကို လက်ခံပါ။ လိုက်လျောစွာ နေတတ်ပါ။ (၆) ပင်စင်ယူတော့မယ်ဆိုရင် မိမိဝါသနာပါ ထက်သန်တဲ့ အလုပ်တစ်ခုရှိပါစေ။ (၇) မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊ ပိုပြီးကျန်းမာလေပါ။ (၈) ဆေးဝါးကို နည်းနိုင်သမျှ နည်းနည်းသာ မှီဝဲပါ။ (၉) နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောက ဖြစ်မနေပါနဲ့။ (၁၀) အစားအသောက်ကို တိုးစားလိုက်၊...

ခြင်ဆေးခွေနှင့် ကျန်းမာရေးအန္တရာယ်

ခြင်ဆေး ခွေသည် အိမ်တိုင်း လိုလို တွင် သုံး ကြသော မရှိ မဖြစ် ပစ္စည်း တစ် ခု ဖြစ် နေ သည်။ ညနေ စောင်း လာ သည်နှင့် အမျှ ကို ရွှေခြင် တို့သည် သောင်းကျန်းကြ ရာ ရောဂါပိုးများ သယ်လာနိုင်သော ခြင် များအား နှိမ်နှင်းရန် ခြင်ဆေးခွေကို ဆောင်ထားကြရသည်။ ခြင်ဆေးခွေကိုတော့ အားလုံးသိကြ ပြီးဖြစ်သည်။ ခြင်ပြေးစေရန် အနံ့ကောင်း ကောင်းထွက်အောင် ပြုလုပ်ထားသော အရစ်ခွေသဏ္ဍာန် Pyrethrum ပါဝင် သော အခွေလေးများဖြစ်သည်။ ခြင်ဆေး ခွေထွန်းလျှင် အရစ်ခွေ၏ အပြင်ဘက် စွန်းမှ မီးညှိပြီးအလယ်မှ ဒေါက်တိုင်လေး ဖြင့် ထောင်ထားရသည်။ ခြင်ဆေးခွေမှ ခြင် ပြေး စေသော မီးခိုးများထွက်စေသည်။ ပုံမှန်ခြင်ဆေးခွေအဝိုင်းအဝန်းသည် အချင်း အားဖြင့် ၁၅ စင်တီမီတာမျှရှိပြီး၊ ရှစ်နာရီခန့်ကြာအောင် အသုံးပြုနိုင်သည်။ ခြင်ဆေးခွေကို...

ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းမှု

ဆောင်းဝင်လာပြီနော်။ အနွေးထည်လှလှလေးတွေနဲ့ စတိုင်ထုတ်လို့ရပြီ။ စောင်အထူကြီးတွေ ခြုံပြီး ဇိမ်လေးနဲ့ အိပ်လို့ရပြီ။ အရမ်းချမ်းတဲ့နေရာတွေမှာ မီးပုံပွဲလုပ်ပြီး အရမ်းပျော်စရာကောင်းတဲ့ ရာသီပေါ့။ ဒါပေမယ့် ဆောင်းရာသီနဲ့ တွဲလာတာက အသားပတ်၊ အသားခြောက်တာတွေပါပဲ။ ဆံပင်တွေလည်း ခြောက်သွေ့ပျက်စီးတတ်တယ်လေ။ အဲလိုတွေ မဖြစ်အောင် ရင်နှင်းရဲ့ သူငယ်ချင်းလေးတွေ ဆောင်းရာသီမှာလည်း လှသထက်လှနေအောင် ဘယ်လိုအသားအရေထိန်းသိမ်းရမယ်ဆိုတာ ပြောပြမယ်နော်။ Hair ဆောင်းလေအေးအေးက အသားအရည်ကို ခြောက်သွေ့စေသလို၊ ဆံပင်တွေကိုလည်း ခြောက်သွေ့ပျက်စီးစေတယ်။ အဲဒီဒဏ်ကို ခံနိုင်ဖို့ ရင်နှင်းတို့ဆံပင်လေးတွေကို အစိုဓာတ်ပြည့်ဝနေအောင် အားဖြည့်ထားဖို့ လိုတယ်လေ။ အဲဒီတော့ သံလွင်ဆီကို အားကိုးရတော့မှာပေါ့။ အုန်းဆီ ( သို့ ) သံလွင်ဆီကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆံပင်အရင်းကနေ အဖျားထိ သေချာလိမ်းပေးရမယ်။ ပြီးတော့ ဦးရေပြားကိုလည်း သေချာနှိပ်နယ်ပေးဖို့...

ဆောင်းရာသီအတွက် ရာသီစာ

ဆောင်းရာသီအတွက် ရာသီစာ အအေး ဓာတ် လွှမ်းခြုံ လာပြီ ဖြစ်သော ယခုလ မှစ တင်၍ ဆောင်းရာ သီတစ် လျှောက် အတွင်း မိမိအိမ်ရှိ ရေခဲ သေတ္တာ ထဲတွင် အမြဲမပြတ်ထားရှိအပ်သော အာဟာရ ကြွယ်ဝသည့် အစားအစာများမှာ အောက်ပါတို့ပင် ဖြစ်သည်။ ဥအမျိုးမျိုး - အဟာရြွကယ်ဝရုံမက ချက်ပြုပ် ရလည်းလွယ်ကူသည်။ ဒိန်ချဉ် - ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး သောကြောင့် ယခုရာသီတွင် အအေးမိ၊ နှာစေးချောင်းဆိုးဖြစ်ခြင်းကို လျှော့ကျ စေသည်။ ပဲအမျိုးမျိုး - အဟာရြွကယ်ဝ၍ ခွန်အားကို တိုးမြှင့်ပေးသည်။ ချိစ်(Cheese) - နေရောင်အရနည်းသောဤရာသီ တွင် Vitamin D နှင့် Calcium ဓာတ် ကြွယ်ဝသော Cheesse ကိုစားသုံး သင့်သည်။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် - ကိုယ်ခံအား ကောင်းမွန်ရန်နှင့် ဗီတာမင်၊ သတ္တုဓာတ်များရရှိရန်လိုအပ် သည်။ ဆန်၊ ဂျုံ၊ ပြောင်း - ချမ်းအေးသောရာသီတွင် ၄င်းတို့ ကို ချေဖျက်ခြင်းမှ ခန္ဓာကိုယ်အပူဓာတ် ကို ထုတ်လွှတ်ပေးနိုင်သည်။ Tuna ငါး - စည်သွပ်ဘူးပါ Tuna...

ရောဂါများအတွက် အသီးအရွက်များနဲ့ ဖြေရှင်းမည်

ဖရဲသီးသည် အသားအရည်ကို လှပစေနိုင် လတ်ဆတ် သည့် ဖရဲသီးတစ်လုံးကို ယူ၍ အပေါက် ဖောက်ပြီး ထို အပေါက် ထဲ သို့ ဆန်လက် (၃)ဆုပ်၊ မြေဖြူ လက်တစ် ဆုပ်၊ ပရုတ် အနည်းငယ် သံပုရာ (၂) ဇွန်း ထည့်ပါ။ တစ်ပတ်ခန့်ထားပြီး အရိပ် အောက်တွင် အခြောက်ခံ အမှုန့်ပြုပါ။ ဆေးမှုန့်၊ လက်ဖက်ရည် (၁) ဇွန်းကို နွားနို့အနည်းငယ်ရောပြီး အသားအရည် လိမ်းဆေးတစ်လက်အဖြစ် အသုံးပြုနိုင် ပါသည်။ နနွင်းကိုသောက်သင့် နှလုံးသွေးကြောရော၈ါခံစားနေရသူ များ၊ ဆေးလိပ်သောက်သုံးသူများ၊ ကိုလက် စထရောများ သူများ နနွင်းကိုသောက် သုံးသင့်ပါသည်။ နနွင်းတွင် ကာကူမင် (crcumin) ခေါ် ပစ္စည်းတစ်မျိုးပါဝင်ပြီး ထိုပစ္စည်းမှာ ရောဂါတိုက်ဖျက်နိုင်သည့် ပစ္စည်းဖြစ်ပါသည်။ သွေးတိုးနှင့် ကြက်သွန်နီ ကြက်သွန်နီ သတ္တုရည် လက်ဖက် ရည်ဇွန်း တစ်ဇွန်း၊ ပျားရည်လက်ဖက်ရည် ဇွန်း တစ်ဇွန်း ကို ရောစပ်သောက်သုံးပေး ပါက သွေးတိုးကျစေသည်။ ကြက်သွန်နီသတ္တုရည်၊ ပျားရည်၊ ချင်းသတ္တုရည် သုံးမျိုးကို ဆတူရော သောက်ပေးပါက...

သင်စားသော အစားအသောက်ထဲ အသီးအနှံပါဝင်စေမည့် နည်းလမ်းလေးသွယ်

ဗီတာမင်စီအပါအဝင် သင့်ခန္ဓာကိုယ်က လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အသီးအနှံတွေကသာ ရရှိမယ်ဆိုရင် အခုထက်ပိုပြီး သင်ကျန်းမာလာမှာပါ။ ဒါကြောင့် သင်စားနေတဲ့ အစားအသောက်တွေထဲ အသီးအနှံပါဝင်အောင် စားနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ ချဉ်သောအသီးကို အရည်ညှစ်ထည့်ပါ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီးနဲ့ စပျစ်သီးတွေဟာ ဗီတာမင်စီကြွယ်ဝရုံသာမက အမျှင်ဓာတ်များစွာ လည်း ပါဝင်နေပါတယ်။ အရွယ်အစားကြီးတဲ့ လိမ္မော်သီးတစ်လုံးမှာ အမျှင်ဓာတ်ငါးဂရမ် ပါဝင်ပါတယ်။ အိမ်မှာ ဟင်းရွက်သုပ်တဲ့အခါ သံပရာသီးနဲ့ ရှောက်သီးကို အရည်ညှစ်ထည့်ပါ။ သံပရာသီးနဲ့ ရှောက်သီးလို အချဉ်ဓာတ်ရှိတဲ့ အသီးတွေဟာ အစားအစာရဲ့ အာနိသင်ကို အဆင့်မြှင့်ပေးနိုင်ကြောင်း လတ်တလော လေ့လာမှုတချို့က ဆိုပါတယ်။ ဆင်းဒဝှစ်ရှ်ကနေ...

ခုခံအားကောင်းအောင် ဒီအစာတွေစားပါ

လက်ဖက်ရည် ကျွန်မတို့ ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက် ဓာတုပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်တွေ တိုးပွားလာတာကို ရပ်ဆိုင်းအောင်လုပ်ဖို့ပါ။ ဒီလိုလုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်းသွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ်ပေးနိုင်ပါတယ်။ လက်ဖက်ခြောက် အမည်း၊ အဖြူ နဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။ မှို မှိုမှာ ခုခံအားစနစ်ကောင်းစေတဲ့ ဗီတာမင်ဒီ ပါဝင်ရုံမက ခုခံအားစနစ်အတွက် လိုအပ်တဲ့ polysaccharides တွေလည်း ပါဝင်ပါတယ်။...

ခုခံအားစနစ် ပြန်လည်ကောင်းမွန်လာစေမည့် နည်းလမ်းခြောက်သွယ်

၁. ကြက်သွန်ဖြူအားဖြည့်ဆေး မှီဝဲပါ ကြက်သွန်ဖြူအားဖြည့်ဆေးကို နေ့စဉ် ၁၂၀၀ မီလီဂရမ် မှီဝဲသူတွေဟာ ရိုးရိုးအားဆေးသာ မှီဝဲသူတွေထက် အအေးမိ ဝေဒနာ ခံစားရနှုန်း ၆၆ ရာခိုင်နှုန်း သက်သာနိုင်ပါတယ်။ ၂. နေ့စဉ် ဝိုင်အရက်တစ်ခွက်သောက်ခြင်းကို ရပ်ထားပါ အရက် (အယ်ကိုဟော) တွေများနေရင် အသည်းပေါ်မှာ ဒဏ်ပိစေနိုင်တဲ့အတွက် ခန္ဓာကိုယ်က ပိုးမွှားတွေနဲ့ ဒုက္ခပေးတဲ့ အဆိပ်တွေကို စစ်ထုတ်နိုင်စွမ်းလျော့ သွားနိုင်ပါတယ်။ ၃. ခုခံအားစနစ် ပြန်လည်မြင့်တက်လာအောင် ဒိန်ချဉ်စားပါ နေ့စဉ် ဒိန်ချဉ်တစ်ခွက်သောက်သူတွေဟာ ဒိန်ချဉ်မသောက်သူတွေထက် အအေးမိဝေဒနာ ခံစားရနိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းနိုင်ပါတယ်။ ၄. အအေးမမိအောင် နေပါ အအေးမိပြီး ချမ်းတုန်နေရင် ခုခံအား တုံ့ပြန်မှုတွေ ကျဆင်းနိုင်ပြီး လည်ချောင်းနာတာနဲ့ နှာရည်ယိုတာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများတယ်လို့ Wales Cardiff တက္ကသိုလ် Common cold ဌာနမှ သုတေသန ပြုချက်အရ သိရပါတယ်။ ၅. ဖိစီးမှုလျော့အောင်...

အာဟာရချို့တဲ့ခြင်းနှင့် ဆယ်ကျော်သက်များ၏ အသက်ရှူလမ်းကြောင်း ပြဿနာ

နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေနဲ့ တခြားဓာတ်တိုး ဆန့်ကျင်ဒြပ်ပေါင်းတွေ ပါဝင်မှုလျော့နည်းတာကြောင့် အာဟာရချို့တဲ့ပါက ဆယ်ကျော်သက်တွေမှာ ရင်ကျပ်ပန်းနာ၊ အဆုတ်အားနည်းခြင်း စတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်စေနိုင်ကြောင်း မြောက်အမေရိကရှိ ဆယ်ကျော်သက်များကို လေ့လာမှုအရ သိရပါတယ်။ ရလဒ်အရ ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်း၊ ဗီတာမင် အေ၊ စီ၊ အီး နဲ့ အိုမီဂါသရီးဖက်တီးအက်စစ်များစွာ ပါဝင်တဲ့ အဟာရမှီဝဲတာဟာ ချောင်းဆိုးခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ ရင်ကျပ်ပန်းနာ လက္ခဏာတွေကို သက်သာစေတယ်လို့လည်း တွေ့ရှိရပါတယ်။ အစားအသောက်စားတဲ့အခါ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ တန်းဖိုးရှိအဟာရဓာတ်ပါဝင်မှုနည်းတာကို စားနေကျ ဆယ်ကျော်သက်အရွယ် သုံးပုံတစ်ပုံဟာ...

သင့်စိတ်ကိုပျော်ရွှင်ကြည်နူးစေမည့် အစားအသောက်များ

ဗီတာမင်ဘီအုပ်စု ကျွန်မတို့အများစုဟာ စားသောက်တဲ့အစားအစာတွေမှာ ဗီတာမင်ဘီ လုံလောက်စွာပါရှိမနေပါဘူး။ ဖောလစ်အက်စစ်၊ ဗီတာမင် B6 နဲ့ B12 တို့ ချို့တဲ့မှုကြောင့် Homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တွေများပြားလာကာ စိတ်ဓာတ်ကျခြင်း၊ လေဖြန်းခြင်းနဲ့ နှလုံးရောဂါများ ရရှိလာနိုင်ပါတယ်။ Homocysteine ပမာဏ ပုံမှန်အတိုင်းရှိနေဖို့အတွက် နေ့စဉ်နေ့တိုင်း ဟင်းသီးဟင်းရွက်စိမ်းများ စားသင့်ပါတယ်။ ဘယ်လိုအစာတွေ စားရမလဲ ဟင်းနုနွယ်ရွက်လို အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များ၊ သံပရိုသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ကညွတ်၊ သကြားသီးနဲ့ ပဲမျိုးမျိုး။ Omega 3 (ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီများ) အဆီတွေ၊ ဆီများတဲ့အစာတွေဟာ ကျန်းမာရေးနဲ့ မသင့်တော်လို့ များများမစားသင့်ဘူးဆိုပေမယ့်...

စိတ်ဖိစီးမှု လျော့ကျစေမယ့် အစားအစာတွေကို ရွေးစားတတ်ပါစေ

စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့တော့ မရပါဘူး။ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝထဲမှာ နေ့စဉ်နေ့တိုင်းစိတ်ဖိစီးမှုကို အနည်းနဲ့ အများ ကြုံတွေ့နေရတာပါပဲ။ ဒါပေမယ့် လူတစ်ဦးနဲ့ တစ်ဦးရဲ့ စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိပုံချင်း မတူညီပါဘူး။ ဒါဟာ သူတို့ရဲ့ စားသောက်မှုပုံစံ ကွာခြားတာနဲ့လည်း အများကြီးဆက်စပ်နေပါတယ်။ ဒါကြောင့် ဘယ်အစားအသောက်တွေ ကတော့ စိတ်ဖိစီးမှုကို အားပေးပြီး ဘယ်အစားအသောက်တွေကတော့ စိတ်ဖိစီးမှုကို လျော့ကျစေတယ်ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်။ သကြားနဲ့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်စေပြီး ချောကလက်ကို လိုတာထက်ပိုပြီး အများအပြားစားမိရင် လည်း အားကုန်သွားစေပါတယ်။ ဆားများတဲ့ အားလူးချောင်းကြော်လို အစားအစာတွေကို အလွန်အကျွံစားမိရင် ဦးနှောက်နဲ့ခန္ဓာကိုယ်ကို...

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း

တရုတ်တိုင်းရင်းဆေးဓာတ်စာ နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ကောင်းမွန်ပါသည်။ နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင်စေသည်။ နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေသည်။ နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။ မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။ မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။ မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။ ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက...

ငါးအဆီက ရောင်ရမ်းမှုကို လျှော့ချနိုင်

ဟင်းသီးဟင်းရွက်မှရတဲ့ အဆီတွေထက် ငါးမှရတဲ့အဆီတွေဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ prostanoid ခေါ် ဓာတုပစ္စည်းတစ်မျိုးကို ထိန်းချုပ်နိုင်တယ်လို့ သုတေသနပြုသူတွေက ဖော်ပြခဲ့ပါတယ်။ Prostanoids တွေဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဓာတ်မတည့်မှုတွေကို တွန်းလှန်ပြီးရောင်ရမ်းမှုကို လျော့စေပါတယ်။ ဒါပေမယ့် Prostanoids တွေသိပ်များနေရင် အထူးသဖြင့် ဟင်းသီးဟင်းရွက်မှရရှိပါက Tissue တွေမှ နာကျင်မှု၊ နီရဲမှုနဲ့ ရောင်ရမ်းမှု တွေ ပိုဆိုးစေပါတယ်။ ဒါပေမယ့် နောက်ဆုံးလေ့လာချက်အရ ငါးအဆီမှရတဲ့ Prostanoid တွေဟာ ဟင်းသီးဟင်းရွက်မှ ရတဲ့ Prostanoid တွေထက် နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ လျော့စေပြီး အစာထဲမှာ ငါးအဆီထည့်စားရင် ဟင်းသီးဟင်းရွက် ဆီမှရတဲ့ Prostanoid တွေလည်း လျော့သွားတယ်လို့ဆိုပါတယ်။ Ref:...

အစွမ်းထက်တဲ့ဒန့်သလွန်ရွက်

နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။ ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။ ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။ ဒါ့အပြင် ဒန့်သလွန်ရွက်ကို...

ငရုတ်သီင်္းနှင့် ကျန်းမာရေး

ငရုတ်သီးမျိုးပေါင်း ဘယ်နှမျိုးရှိလဲ ငရုတ်သီးဟာ ရုက္ခဗေဒအရ Solanaceae family ထဲက Genus Capsicum ကိုခေါ်တာဖြစ်ပါတယ်။ Capsicum မှာ species များစွာရှိတဲ.အနက် ဒီနေ. ကမ္ဘာပေါ်မှာ အသုံးအများဆုံး species က ၄၆ မျိုး ရှိပါတယ် အဲ.ဒီအထဲမှာ လူသိအများဆုံး species ကတော. Capsicum annum ဖြစ်ပါတယ် ၊ annum ဆိုတဲ. အဓိပ္ပာယ်ကတော. တနှစ်ပါတ်လုံး ပေါက်ရောက်တဲ. အပင်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ငရုတ်သီးဟာ တကမ္ဘာလုံး အသုံးများတဲ. မီးဖိုချောင်သုံး ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သာမန်အရပ်သုံး ဝေါဟာရ အနေနဲ. Chili pepper လို.ခေါ်ပါတယ်၊ ပြီးတော. အရောင်ပေါ် မူတည်ပြီး အစိမ်းရောင် ရှိရင် Green pepper ၊ အ၀ါရောင် ဆိုရင် Yellow pepper အနီရောင်ဆိုရင် Red pepper စသည်ဖြင့် ခေါ်ဝေါ်လေ. ရှိပါတယ်။ သူ.ရဲ....

သင်္ဘောရွက်ကကင်ဆာရောဂါ အမျိုးမျိုးကိုကာကွယ်

ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင်...

အစွမ်းထက်သည့်မြင်းခွါပင်

မြင်းခွါပင်ဆိုလျှင် မြန်မာလူမျိုးတိုင်း သိကြပါတယ်။ မြင်းခွါပင်ဟာ အပင်ငယ်လေးဖြစ်တယ်။ မြေကြီးမှာကပ်ပြီး ပေါက်ပွားတယ်။ အဆစ်ကလေးတွေက အမြစ်များထွက်လာတယ်။ အဲဒီအဆစ်ကလေးများက အညွန့်နှာမောင်း ထွက်လာပြီး မျိုးဆက်များကို ပွားလေ့ရှိတယ်။ သူ့အရွက်ကလေးဟာ မြင်းသတ္တဝါရဲ့ခွါနဲ့တူလို့ သူ့ကို မြင်းခွါပင် လို့ခေါ်ခြင်းဖြစ်တယ်။ မြင်းခွါပင်လေးများဟာ ရေစပ်စပ်ရှိတဲ့နေရာမှာ ပိုပြီးပေါက်ပွားတယ်။ တဆောင်းလုံး၊ တမိုးလုံးမှာ မြင်းခွါပင်ကလေးများဟာ မြန်မာပြည်အနှံ့မှာ အလေ့ကျပေါက်တယ်။ မြန်မာပြည်ဟာ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုရှိတယ်။ ဒီလိုရာသီဥတုမျိုးရှိတဲ့ ရေ,မြေမှာ မြင်းခွါပင်လေးဟာ သိပ်ကြိုက်တာပေါ့။ သူ့အပွင့်လေးက ဖြူဖြူလေး၊ သူ့အသီးငယ်ထဲက အစေ့က အပြား အလျားလိုက် သေးငယ်တဲ့အမြှောင်း ကိုးမြှောင်းပါတယ်။ မျိုသုံးမျိုး--- မြင်းခွါပင်ကလေးတွေဟာ အများအားဖြင့် အလေ့ကျပေါက်လေ့ရှိတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးသမားများက မြောင်းပေါင်ကလေးတွေလုပ်ပြီး...

သရက်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

အခုလိုမိုးရာသီမှာ ပေါပေါများများရနိုင်တဲ့သရက်သီးမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာဟာရဓာတ် တွေများစွာ ပါဝင်ပါတယ်။ သရက်သီးဟာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့ အကောင်းဆုံး အာဟာရအရင်းအမြစ်တစ်ခုပါ။ သရက်သီးမှာပါတဲ့ Magneferin နဲ့ Lactase တွေဟာ အစာချေဖျက်မှုကို ကူညီပြီး အူကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ သရက်သီးမှာ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်ဘီ၊ စီ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ သံဓာတ်တွေလည်း ပါဝင်ပါတယ်။ သရက်သီးမှာ ပိုတက်စီယမ်ဓာတ်လည်း အများအပြား ပါဝင်တာကြောင့် သွေးတိုးလူနာတွေ စားသင့်တဲ့ အကောင်းဆုံးအာဟာရပါ။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပြီးတဲ့နောက် စွမ်းအင် ပြန်ဖြည့်ဖို့အတွက်လည်း အကျိုးပြုနိုင်ပါတယ်။ သရက်သီးမှာ အမျှင်ဓာတ်တွေလည်း...

ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး

ကျွန်မတို့ စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်.. ၁။ ဆီးချို သွေးချိုရောဂါ ၂။ HIV ရောဂါ ၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. . ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက်...

Saturday, 7 January 2012

ကြက်သွန်ဖြူ & ကြက်သွန်နီ

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ ဆီးလမ်းကြောင်းပိုးဝင်မှု သက်သာ စေခြင်း ခရမ်ဘယ်ရီ ဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာ စေတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက် ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။ ကင်ဆာရောဂါ သက်သာစေခြင်း အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူ အစိမ်းကို ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ် စဉ်းပြီး ၁၀ မိနစ်လောက်ထားတာဟာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက် ပေးတဲ့ ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။ အရွယ်တင် ရုပ်နုပျိုစေခြင်း ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ A1- licin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့် အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊...

အစိမ်းရောင် ရေနွေးကြမ်း (Green Tea)

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ် ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။ ၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။ ၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း...

Page 1 of 1512345Next

Share

Twitter Delicious Facebook Digg Stumbleupon Favorites